အရေးပေါ်
ပြည်တွင်းသတင်း

ရခိုင်၊ ရှမ်းမြောက်နှင့် ကရင်နီရှိ Starlink အင်တာနက်စက်တွေ စတင်ပိတ်ခံနေရပြီး ID အတည်ပြုပြီးသား စက်တွေပါ အသုံးပြုမရ ဖြစ်နေ

၂၀၂၆ နိုဝင်ဘာ ၁၈ Myo Taw
ရခိုင်၊ ရှမ်းမြောက်နှင့် ကရင်နီရှိ Starlink အင်တာနက်စက်တွေ စတင်ပိတ်ခံနေရပြီး ID အတည်ပြုပြီးသား စက်တွေပါ အသုံးပြုမရ ဖြစ်နေ

ရခိုင်၊ ရှမ်းမြောက်နှင့် ကရင်နီရှိ Starlink အင်တာနက်စက်တွေ စတင်ပိတ်ခံနေရပြီး ID အတည်ပြုပြီးသား စက်တွေပါ အသုံးပြုမရ ဖြစ်နေ

နိုဝင်ဘာ ၁၈

ရခိုင်၊ ရှမ်းမြောက်နဲ့ ကရင်နီတော်လှန်ရေးနယ်မြေတွေမှာ Starlink ဂြိုလ်တုအင်တာနက်စက်တွေ ဒီနေ့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းကစပြီး စတင်ပိတ်ခံနေရတယ်လို့ အင်တာနက်ဝန်ဆောင်မှုပေးသူတွေထံက သိရပါတယ်။

လက်ရှိပိတ်ခံရမှုတွေထဲမှာ ID အတည်ပြုမပြီးသေးတဲ့ စက်တွေသာမက ID အတည်ပြုပြီးသား စက်တွေနဲ့ အသုံးပြုလာတာ ၁ နှစ်ကျော်ရှိတဲ့ စက်တွေပါ ပါဝင်နေလို Transfer ပြုလုပ်ထားတဲ့ စက်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

“Starlink စက်တလုံးထဲကနေ အင်တာနက်ဖြန့်ပေးနေတဲ့ စက်တွေတင်မကဘူး၊ ရိုးရိုး ID အောင်ထားပြီးသား စက်တွေလည်း ပိတ်ခံရတယ်။ တချို့စက်တွေက ကိုယ်မှတ်ပုံတင်ထားတဲ့ နယ်မြေပြင်ပမှာ အသုံးပြုနေတာကြောင့် ပိတ်ခံရတာလို့ ပြောကြပေမယ့် အတိအကျတော့ မသိရသေးဘူး” လို့ အင်တာနက်ဝန်ဆောင်မှုပေးသူတဦးက ပြောပါတယ်။

ပိတ်ခံရတဲ့စက်တွေမှာ “Your Travel Registration is Incomplete”၊ “Outside Your Account Country” နဲ့ “Travel Restricted” စတဲ့ အသိပေးစာတွေ ပေါ်လာတာကြောင့် Starlink ရဲ့ နိုင်ငံဖြတ်ကျော်အသုံးပြုမှုဆိုင်ရာ Travel Policy နဲ့ ဆက်စပ်နေနိုင်တယ်လို့ နည်းပညာအသုံးပြုသူတချို့က သုံးသပ်ထားပါတယ်။

လက်ရှိမှာ ID မတင်ရသေးတဲ့ စက်တချို့ ID ပြန်တင်ပြီးနောက် ပြန်လည်အသုံးပြုလို့ ရလာသလို၊ ID Blocked ဖြစ်တဲ့ စက်တချို့မှာ Transfer ပြုလုပ်ပြီးနောက် ပြန်လည်အသုံးပြုလို့ ရလာပေမယ့် ID အတည် ပြုပြီးသားဖြစ်ပေမယ့် ပိတ်ခံထားရတဲ့ စက်တွေနဲ့ Transfer ပြုလုပ်ထားတဲ့ စက်တချို့မှာ ပြန်လည်အသုံးပြုနိုင်ဖို့ ဖြေရှင်းနည်း မတွေ့သေးဘူးလို့ သိရပါတယ်။

“ID သေချာပြန်တင်ပြီးတဲ့ စက်တလုံးက မိနစ် ၃၀ လောက်ကြာတော့ ပြန်သုံးလို့ ရလာတယ်။ တချို့စက်တွေက သူ့ဘာသာ ပြန်ရနေကြတာလည်း ရှိတယ်။ အခုအချိန်မှာ အလောတကြီး ဘာမှမလုပ်ကြဖို့၊ စောင့်ကြည့်ကြဖို့ အကြံပေးချင်တယ်” လို့ နည်းပညာကျွမ်းကျင်သူတဦးက ပြောပါတယ်။

အသုံးပြုသူအချို့ကလည်း ID အတည်ပြုပြီးသား စက်တွေပါ ပိတ်ခံရတဲ့အတွက် ဝယ်ယူထားတဲ့ Starlink စက်တွေ အသုံးမပြုနိုင်တော့မှာကို စိုးရိမ်နေတာကြောင့် ပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ဆိုကာ ငွေကြေးတောင်းခံနေတဲ့ ဝန်ဆောင်မှုပေးသူတွေထံ အလောတကြီးအပ်နှံခြင်း မပြုကြဖို့ သတိပေးပြောဆိုမှုတွေ ရှိနေပါတယ်။

Starlink ကုမ္ပဏီဟာ ပြီးခဲ့တဲ့ မေလ ၆ ရက်ကစပြီး သုံးစွဲသူတွေဆီက ပတ်စ်ပို့နဲ့ ခရီးသွားလာမှုမှတ်တမ်းတွေ တောင်းခံလာခဲ့တာဖြစ်ပြီး Starlink တရားဝင်ဝန်ဆောင်မှု မပေးနိုင်သေးတဲ့ နိုင်ငံတွေမှာ အသုံးပြုမှုတွေကို ကန့်သတ်ဖို့ မူဝါဒပြောင်းလဲလာတာဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။

Starlink ဟာ ဂြိုလ်တုကွန်ရက် ကတဆင့် အင်တာနက်အသုံးပြုနိုင်စေတဲ့ ဝန်ဆောင်မှုဖြစ်ပြီး အင်တာနက်လိုင်းတွေနဲ့ ဆက်သွယ်ရေးအခြေခံအဆောက်အအုံ ပျက်စီးနေတဲ့ သို့မဟုတ် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ပဋိပက္ခဒေသတွေမှာ အရေးပါတဲ့ ဆက်သွယ်ရေးနည်းလမ်းတခု ဖြစ်ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ Daily NEWS

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်