အရေးပေါ်
ပြည်တွင်းသတင်း

ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး

၂၀၂၆ နိုဝင်ဘာ ၁၃ Myo Taw
ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး

ဆိုင်ကယ်စီးလာသူကို နားရင်းလှမ်းအုပ်တဲ့ ကျောင်းသားအဖွဲ့ ဓားနဲ့ ဆင်းထိုးခံရလို့ ၁ ဦး သေဆုံး

နိုဝင်ဘာ ၁၃

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ သပြေလှကျေးရွာ၊ (၇)လမ်းထိပ်က ထရန်စဖော်မာအနီးမှာ ကျောင်းသားချင်း ရန်ဖြစ်ရာက ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၁ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က ဆိုင်ကယ်စီးလာတဲ့ ကျောင်းသား ၂ ဦးကို လမ်းလျှောက်လာတဲ့ Grade 12 ကျောင်းသား ၃ ဦးက အကြောင်းပြချက်မရှိ နားရင်းလှမ်းအုပ်ရာက ဓားထိုးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

“အသတ်ခံရတဲ့ဘက်က ကလေးတွေက ဆိုင်ကယ်နဲ့ သူ့ဘာသာသွားနေတဲ့ ၂ ယောက်ကို ဘေးကကပ်ပြီး နားရင်းအုပ်လိုက်တာ။ ဆိုင်ကယ်ပေါ်က ၂ ယောက်က ဆိုင်ကယ်ရပ်ပြီး သူတို့ကို နားရင်းအုပ်တဲ့ တယောက်ကို ဓားနဲ့ ဆင်းထိုးတာ။ ဘာမှလုပ်ချိန် မရဘူး ပွဲချင်းပြီး သေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အ.ထ.က(၄ မိုင်) က ကျောင်းသားသူငယ်ချင်း ၃ ဦးဖြစ်တဲ့ စိုင်းထွန်းအောင် အသက် ၁၇ နှစ် (Grade-12)၊ ဇေယျာထက်မြတ် အသက် ၁၈ နှစ် (Grade-12) နဲ့ မောင်ဉာဏ်လင်းအောင်(ခ)သားစိုး အသက် ၁၇ နှစ် (Grade-11) တို့က ထန်းတပင်ဘက်ကနေ တောင်ငူဘက်ကို ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၁၇ အရွယ် အေးမြတ်နိုင်နဲ့ အသက် ၂၃ အရွယ် လမင်းနိုင်တို့ကို အကြောင်းအရင်းမရှိဘဲ နားရင်းလှမ်းအုပ်ရာက အခုလို ဓားထိုးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

“ဆိုင်ကယ်နဲ့ ကလေး ၂ ယောက်လုံးမှာ ဓားတွေ ပါလာတာ။ အခု စစ်အစိုးရ လက်ထက်မှာ ကျောင်းသားတွေ အုပ်စုဖွဲ့ လုရိုက်တာ ခဏခဏ ဖြစ်နေတယ်။ ကျောင်းက ဆရာတွေကလည်း TikTok ပဲ ဆော့တတ်ကြတော့တယ်။ ကလေးတွေကို မထိန်းနိုင်ကြတော့ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ဓားထိုးမှုကြောင့် စိုင်းထွန်းအောင် ဆိုသူကျောင်းသား သေဆုံးခဲ့ရပြီး ဓားနဲ့ ထိုးခဲ့တဲ့ အေးမြတ်နိုင် အသက် ၁၇ နှစ်၊ (သဲဖြူရွာ၊ ဒိုးသောင်ကျေးရွာအုပ်စု) နဲ့အတူ ဆိုင်ကယ်မောင်းသူ လမင်းနိုင် အသက် ၂၃ နှစ် (ညောင်ပင်လှကျေးရွာ) တို့ကို တောင်ငူမြို့ အမှတ်(၃) နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး ရုပ်သံ ပြည်တွင်းသတင်း

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံး

မကွေးမြို့မှာ ဧရာဝတီမြစ်ထဲရေဆင်းဆော့ရာက ၇ တန်းကျောင်းသာတဦး သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ ပြည်တွင်းသတင်း

ဓာတ်ဆီတန်းဆီနေတဲ့ ရုပ်သံကို TikTok ပေါ်တင်တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ဓာတ်ဆီတန်းဆီဝယ်နေသူတွေကို ဗီဒီယိုရိုက်ကာ TikTok ပေါ်တင်ခဲ့တဲ့ အမျိုးသား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအရာရှိနေအိမ် လူမိုက်တွေ တက်ပြီးနေနေလို့ ရဲစခန်းကို သွားတိုင်ပေမယ့် အမှုမဖွင့်ပေးလို့ TikTok ပေါ်တင်ကာ အကူအညီ တောင်းနေရ ပြည်တွင်းသတင်း

ရဲအရာရှိနေအိမ် လူမိုက်တွေ တက်ပြီးနေနေလို့ ရဲစခန်းကို သွားတိုင်ပေမယ့် အမှုမဖွင့်ပေးလို့ TikTok ပေါ်တင်ကာ အကူအညီ တောင်းနေရ

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ရဲအရာရှိ ၁ ဦးရဲ့ နေအိမ်ပေါ်မှာ လူမိုက်တွေ တက်ပြီးနေနေလို့ ရဲစခန်းမှာ သွားတိုင်ပေမယ့် အရေးမယူပေးလို့ TikTok…

ဖတ်ရန်