အရေးပေါ်
ပြည်တွင်းသတင်း

အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ကလေး တစ်သိန်းသုံးသောင်းကျော် ရှိလာပြီလို့ဆို

၂၀၂၆ သြဂုတ် ၂၆ Myo Taw
အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ကလေး တစ်သိန်းသုံးသောင်းကျော် ရှိလာပြီလို့ဆို

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရောက် မြန်မာမိခင်တွေက မွေးဖွားတဲ့ ကလေးအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်အထိ စုစုပေါင်း ၁၃၁,၈၆၀ ဦး ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

နှစ်အလိုက်စာရင်းတွေအရ ၂၀၂၁ ခုနှစ်မှာ မွေးဖွားမှု ၁၈,၉၀၅ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၈,၇၂၈ ဦး ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၂၄,၁၅၄ ဦး၊ ၂၀၂၄ ခုနှစ်မှာ ၂၅,၀၈၇ ဦးအထိ မြင့်တက်လာပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ ၂၈,၈၆၉ ဦးအထိ ရှိခဲ့ပြီး တစ်နှစ်တာအတွင်း မွေးဖွားမှု အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်အတွက်တော့ ဩဂုတ် ၂၁ ရက်အထိ မြန်မာမိခင်တွေက မွေးဖွားတဲ့ကလေး ၁၆,၁၁၇ ဦး ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ လုံခြုံရေးမတည်ငြိမ်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီ ရွှေ့ပြောင်းနေထိုင်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံဘက်ကိုလည်း မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေ ဝင်ရောက်လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာအထိ ထိုင်းအစိုးရရဲ့ မှတ်တမ်းတွေအရ မြန်မာနိုင်ငံသား ၄၅,၀၂၅ ဦးဟာ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံမှာ ယာယီခိုလှုံဖို့ ဝင်ရောက်လာခဲ့တယ်လို့ UNHCR က ဖော်ပြထားပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လမှာ HITAP Foundation က ထုတ်ပြန်ခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းသူတွေရဲ့ မိခင်နဲ့ မွေးကင်းစ ကလေးငယ်ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာအရ အထောက်အထားမဲ့ မြန်မာကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ရွှေ့ပြောင်းနေထိုင်မှုနဲ့ ကျန်းမာရေးစနစ်ဆိုင်ရာ အခက်အခဲတွေကြောင့် ပိုမိုထိခိုက်လွယ်တဲ့အုပ်စု ဖြစ်လာနေတယ်လို့ ဖော်ပြထားပါတယ်။

Ref & Photo; Thaiger

ဆက်စပ် သတင်းများ

ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
VIDEO ပြည်တွင်းသတင်း

ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးဝါးတွေ ပြတ်လပ်နေပြီး ART ဆေး တလ ၁၀ လုံးသာ ထုတ်ပေးနိုင်တော့တယ်လို့ဆို ပြည်တွင်းသတင်း

လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးဝါးတွေ ပြတ်လပ်နေပြီး ART ဆေး တလ ၁၀ လုံးသာ ထုတ်ပေးနိုင်တော့တယ်လို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ စစ်ရေးပြဿနာတွေကြောင့် ART ဆေး သောက်သုံးနေရသူတွေ ဆေးဆက်မသောက်နိုင်ကြတော့သလို ဆေးရုံကြီးကလည်း ART ဆေးကို ၁၀ ရက်စာသာ ပေးနိုင်တော့တယ်လို့…

ဖတ်ရန်
ကျောင်းဆရာမ ၁ ဦး အပါအဝင် ၅ ဦးကို ခွေးရူးတကောင်က ကိုက်သွားလို့ ဆေးရုံတင်ပြီး ကုသနေရ ပြည်တွင်းသတင်း

ကျောင်းဆရာမ ၁ ဦး အပါအဝင် ၅ ဦးကို ခွေးရူးတကောင်က ကိုက်သွားလို့ ဆေးရုံတင်ပြီး ကုသနေရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့…

ဖတ်ရန်