အရေးပေါ်
ပြည်တွင်းသတင်း

ပေါ်တာဆွဲခံရသူတွေကို ပြန်လည်ထုတ်ပေးမယ်လို့ဆိုကာ စစ်တပ်အရာရှိဟန်ဆောင် လိမ်လည်ခဲ့သူ ၃ ဦး ဖမ်းဆီးခံရ

၂၀၂၆ အောက်တိုဘာ ၁၀ Myo Taw
ပေါ်တာဆွဲခံရသူတွေကို ပြန်လည်ထုတ်ပေးမယ်လို့ဆိုကာ စစ်တပ်အရာရှိဟန်ဆောင် လိမ်လည်ခဲ့သူ ၃ ဦး ဖမ်းဆီးခံရ

ပေါ်တာဆွဲခံရသူတွေကို ပြန်လည်ထုတ်ပေးမယ်လို့ဆိုကာ စစ်တပ်အရာရှိဟန်ဆောင် လိမ်လည်ခဲ့သူ ၃ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၁၀

လူမှုကွန်ယက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အရာရှိတွေအဖြစ် ဟန်ဆောင်ပြီး စစ်မှုထမ်း ပေါ်တာဆွဲဖမ်းဆီးခံရသူတွေကို ပြည်လည်ထုတ်ပေးမယ်လို့ဆိုကာ ငွေကြေးလိမ်လည်ခဲ့သူ ၃ ဦးကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ လိမ်လည်သူ ၃ ဦးကို စက်တင်ဘာလအတွင်း တောင်ငူမြို့၊ ရွှေကျင်မြို့နယ်နဲ့ မြောင်းမြမြို့တို့မှာ အသီးသီး ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

'ဗိုလ်ကြီး သူရဇော်'နဲ့ 'ဗိုလ်ကြီး' ဆိုပြီး TikTok အကောင့် အသုံးပြုကာ ငွေကြေးလိမ်လည်ခဲ့သူကို စက်တင်ဘာလ ၃ ရက်နေ့က တောင်ငူမြို့မှာ လည်းကောင်း၊ 'မင်းကိုကို' TikTok အကောင့် အသုံးပြုကာ လိမ်လည်ခဲ့သူ စိုးသူရအောင်ကို စက်တင်ဘာလ ၁၇ ရက်နေ့က ရွှေကျင်မြို့နယ်မှာ လည်းကောင်း၊ 'ဗိုလ်ကြီး ထက်ကောင်းနိုင်' TikTok အကောင့်နဲ့ လိမ်လည်ခဲ့သူကို စက်တင်ဘာလ ၂၆ ရက်နေ့က မြောင်းမြမြို့မှာလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

“ပြည်သူတွေ ကြောက်လန့်နေတဲ့ အကြောင်းအရာကို ခုတုံးလုပ်ပြီး လိမ်တာပါ။ အပြင်မှာလည်း ပေါ်တာဆွဲ ဖမ်းဆီးတာတွေက တကယ်ဖြစ်နေတာဆိုတော့ ပြန်ထုတ်လို့ ရလို့ရငြား မိသားစုဝင်တွေက အားကိုးမိတာပေါ့။ တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး ငွေယူပြီး ထုတ်ပေးနေတဲ့ သူတွေလည်း ရှိတယ်။ ဈေးနှုန်းသတ်မှတ်ချက်တွေနဲ့ တရားဝင်လိုကို လုပ်စားနေကြတာ။ သူတို့ကိုပါ အရေးယူရမှာ" လို့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေပေးထုတ်ခဲ့ဖူးသူ မိသားစုဝင်တဦးက မြို့တော်ကို ပြောပါတယ်။

စစ်ဆေးချက်တွေအရ ဖမ်းဆီးခံရသူ ၃ ဦးဟာ လူမှုကွန်ယက်မှာ အာဏာသိမ်းစစ်တပ်က အရာရှိဆိုသူတွေရဲ့ ဓာတ်ပုံနဲ့ video တွေကို အသုံးပြုကာ အကောင့်အတုတွေ ဖွင့်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေကို ပြန်လည်ထုတ်ပေးမယ်လို့ဆိုကာ ငွေကြေးလိမ်လည် ရယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဖမ်းဆီးရမိသူ ၃ ဦးကို ဆက်လက်အရေးယူနိုင်ရေး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

မမြ ဆည်တာဘောင် အိကျလို့ ဆည်အောက်က ကျေးရွာတွေ ဘေးလွတ်ရာကို အရေးပေါ် ရွေ့ပြောင်းခဲ့ရပြီး ချောင်းထဲကို ဆည်ရေလွှတ်နေ ပြည်တွင်းသတင်း

မမြ ဆည်တာဘောင် အိကျလို့ ဆည်အောက်က ကျေးရွာတွေ ဘေးလွတ်ရာကို အရေးပေါ် ရွေ့ပြောင်းခဲ့ရပြီး ချောင်းထဲကို ဆည်ရေလွှတ်နေ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ထဲက မမြဆည်ရဲ့ ဆည်ထိန်းတာဘောင် အိကျခဲ့လို့ အနီးဝန်းကျင်က ကျေးရွာတွေ ညတွင်းချင်း ဘေးလွတ်ရာကို အရေးပေါ် ရွေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
နားမခေါ်ရွာအနီး စစ်တပ်ဂိတ်က ကားတစီး ကျပ် ၂ သိန်းစီတောင်းနေလို့ ခရီးသွားကားတွေ အခက်တွေ့နေတယ်လို့ဆို ပြည်တွင်းသတင်း

နားမခေါ်ရွာအနီး စစ်တပ်ဂိတ်က ကားတစီး ကျပ် ၂ သိန်းစီတောင်းနေလို့ ခရီးသွားကားတွေ အခက်တွေ့နေတယ်လို့ဆို

ရှမ်းပြည်နယ်၊ သီပေါ-မိုင်းကိုင်လမ်းမပေါ်က နားမခေါ်ရွာအနီး စစ်ဆေးရေးဂိတ်မှာ အိမ်စီးကားတွေနဲ့ ကုန်ကားတွေကို စစ်ဆေးရေးဂိတ်ဖြတ်ခ သိန်းချီတောင်းနေတာကြောင့် ဖြတ်သန်းသွားလာတဲ့ ခရီးသွားကားတွေအဖို့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
အိမ်ပေါ်တက်လာတဲ့ ခွေးကို လေးဂွနဲ့ပစ်ခဲ့သူကို ရဲကဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့ပြီး အမှုမဖွင့်ဖို့ သိန်း ၇၀ နဲ့ ညှိနှိုင်းနေ ပြည်တွင်းသတင်း

အိမ်ပေါ်တက်လာတဲ့ ခွေးကို လေးဂွနဲ့ပစ်ခဲ့သူကို ရဲကဖမ်းဆီးရိုက်နှက်လို့ သေဆုံးသွားခဲ့ပြီး အမှုမဖွင့်ဖို့ သိန်း ၇၀ နဲ့ ညှိနှိုင်းနေ

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ကမာကလုတ် စံပြကျေးရွာမှာ အိမ်ပေါ်တက်လာတဲ့ခွေးကို လေးဂွနဲ့ ပစ်ခတ်သူကို ရဲကဖမ်းဆီးရိုက်နှက်ရာက လက်လွန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်