အရေးပေါ်
ပြည်တွင်းသတင်း

ဆိုင်ကယ်ကို ကားနဲ့လိုက်တိုက်တဲ့ ယာဥ်ထိန်းရဲ ရပ်ကွက်ထဲကလူတွေ ဝိုင်းလာလို့ ရော်ကြေးပေးခဲ့ရ

၂၀၂၆ အောက်တိုဘာ ၁ Myo Taw
ဆိုင်ကယ်ကို ကားနဲ့လိုက်တိုက်တဲ့ ယာဥ်ထိန်းရဲ ရပ်ကွက်ထဲကလူတွေ ဝိုင်းလာလို့ ရော်ကြေးပေးခဲ့ရ

ဆိုင်ကယ်ကို ကားနဲ့လိုက်တိုက်တဲ့ ယာဥ်ထိန်းရဲ ရပ်ကွက်ထဲကလူတွေ ဝိုင်းလာလို့ ရော်ကြေးပေးခဲ့ရ

အောက်တိုဘာ ၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ယာဥ်ထိန်းရဲက ဆိုင်ကယ်တစီးကို နောက်ကကားနဲ့လိုက်တိုက်ကာ ပြဿနာရှာရာက အမျိုးသမီးတဦးဖြစ်နေလို့ ရပ်ကွက်ထဲကလူတွေဝိုင်းလားပြီး ရော်ကြေးတောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီခန့်က မော်လမြိုင်မြို့၊ ဈေးကြိုမီးပွိုင့်အနီးမှာ ယာဥ်ထိန်းရဲတဦး မောင်းလာတဲ့ကားက အမျိုးသမီးငယ်တဦး မောင်းလာတဲ့ဆိုင်ကယ်ကို နောက်ကနေလိုက်တိုက်ခဲ့ပြီးနောက် ဆိုင်ကယ်တိမ်းမှောက်သွားခဲ့တယ်လို့ သိရပါတယ်။

"အဲ့နေ့ညက ဖြစ်တာဟုတ်တယ်၊ ကောင်မလေး (ယောက်ျားလျာ) တယောက်ထဲ မောင်းလာတဲ့ဆိုင်ကယ်ကို ယာဥ်ထိန်းရဲက လိုက်တိုက်တာ၊ လမ်းမှာ တယောက်နဲ့တယောက် စကားအခြေအတင်းလည်း ဖြစ်လာတယ်လို့ပြောတယ်၊ တိုက်မိတော့ ဟိုယောက်ျားလျာကလည်း သူ့ကို ကားနဲ့တိုက်ပါတယ်ဆိုပြီး တယောက်တခွန်း စကားများတာ၊ ယာဉ်ထိန်းရဲဘက်ကလည်း သူ့လမ်းသူသွားတာ ဆိုင်ကယ်က ဝင်တိုက်တာဆိုပြီး ရန်ဖြစ်ကြတာ၊ ရပ်ကွက်လူကြီးတွေဝိုင်းလာတော့ ကောင်မလေးကို နစ်နာကြေးပေးပြီး ကျေအေးခိုင်းလိုက်ကြတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်ထိန်းရဲဘက်ကတော့ မီးပွိုင့်စောင့်ရမှာစိုးလို ဆိုင်ကယ်ကိုကျော်တက်ပြီး လမ်းကြားထဲအကွေ့မှာ မတော်တဆ တိုက်မိခဲ့တာဖြစ်ကြောင်းနဲ့ ယာဥ်ထိန်းရဲမှန်းသိလို့ ဖမ်းမှာစိုးရိမ်ပြီး ဆိုင်ကယ်ကို အတင်းမောင်းရာက ခုလိုမတော်တဆ ဖြစ်ခဲ့ရတာလို့ဆိုကာ မိန်းကလေးမှန်းလည်း မသိခဲ့ဘူးလို့ သူကပြောဆိုထားပါတယ်။

"သူက မိန်းကလေးမှန်းမသိဘူး၊ ဆိုင်ကယ်နံပါတ်ပြားမပါလို့ Wihout နဲ့ အဖမ်းခံရမယ်ဆိုပြီး ဆိုင်ကယ်ကို ကားပေါ်ကစစ်မေးတယ်၊ ပြီးမှ ကားကိုမောင်းတာမှာ မတော်တဆဖြစ်တာလို့ ဖြေရှင်းထားတယ်" လို့ ဈေးကြိုရပ်ကွက်က ဒေသခံတဦးကပြောပါတယ်။

ယာဉ်တိုက်ခံရတဲ့ ဆိုင်ကယ်မောင်းသူအမျိုးသမီးက နစ်နာကြေး ၈ သိန်း တောင်းခံခဲ့ရာက ရပ်ကွက်လူကြီးတွေက ဝင်ရောက်ညှိနှိုင်းပေးခဲ့လို့ ၄ သိန်း လျော်ကြေးပေးခဲ့ရပြီး အမျိုးသမီးဘက်က ကျေအေးပေးခဲ့တယ်လို့လည်း သိရပါတယ်။

လတ်တလောမှာ ယာဥ်ထိန်းရဲကို နယ်မြေရဲစခန်းက ခေါ်ယူစစ်ဆေးနေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

စလင်းမြို့နယ်မှာ ၂ ရက်ကြာ ပျောက်ဆုံးနေတဲ့ ‌ကလေးငယ် ၂ ဦးကို ဘုရားကြီးပေါ်မှာ ပြန်တွေ့ ပြည်တွင်းသတင်း

စလင်းမြို့နယ်မှာ ၂ ရက်ကြာ ပျောက်ဆုံးနေတဲ့ ‌ကလေးငယ် ၂ ဦးကို ဘုရားကြီးပေါ်မှာ ပြန်တွေ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ၂ ရက်ကြာ ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေကို စလင်းမြို့ပေါ်က လေးမျက်နှာဘုရားကြီးမှာ ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
လေဖိအားနည်းရပ်ဝန်း ပျက်ပြယ်ပြီးနောက် တစ်နိုင်ငံလုံးနီးပါး မိုးရွာသွန်းမှု သိသိသာသာ လျော့ကျမယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်း ပျက်ပြယ်ပြီးနောက် တစ်နိုင်ငံလုံးနီးပါး မိုးရွာသွန်းမှု သိသိသာသာ လျော့ကျမယ်လို့ဆို

ထိုင်းမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်းပျက်ပြယ်သွားပြီဖြစ်ပြီး အနောက်တောင် မုတ်သုံလေဟာလည်း မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတွေမှ တဖြည်းဖြည်း စတင်ဆုတ်ခွာတဲ့…

ဖတ်ရန်
အမြန်လမ်းမှာ လမ်းလျှောက်နေတဲ့ အမျိုးသား ၂ ဦးကို နောက်မှကားနဲ့ဝင်တိုက်လို့ နေရာမှာတင်သေဆုံး ရုပ်သံ ပြည်တွင်းသတင်း

အမြန်လမ်းမှာ လမ်းလျှောက်နေတဲ့ အမျိုးသား ၂ ဦးကို နောက်မှကားနဲ့ဝင်တိုက်လို့ နေရာမှာတင်သေဆုံး

အမြန်လမ်းမှာ လမ်းလျှောက်နေတဲ့ အမျိုးသား ၂ ဦးကို နောက်မှကားနဲ့ဝင်တိုက်လို့ နေရာမှာတင်သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်