ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
စလင်းမြို့နယ်မှာ ၂ ရက်ကြာ ပျောက်ဆုံးနေတဲ့ ကလေးငယ် ၂ ဦးကို ဘုရားကြီးပေါ်မှာ ပြန်တွေ့
အောက်တိုဘာ ၁
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ၂ ရက်ကြာ ပျောက်ဆုံးနေတဲ့ ကလေးငယ်တွေကို စလင်းမြို့ပေါ်က လေးမျက်နှာဘုရားကြီးမှာ ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်က တောင်ရွာထန်းတောရွာက ကျောင်းသား ၃ ဦး ပျောက်ဆုံးခဲ့တာဖြစ်ပြီး စလင်းမြို့ပေါ်ရှိ လေးမျက်နှာဘုရားကြီးပေါ်မှာ စက်တင်ဘာလ ၃၀ ရက်နေ့က ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
“လေးတိုင်စင်မီးပွိုင့်နားက ရှင်ပင်ရန်အောင်မြင် လေးမျက်နှာဘုရားကြီးပေါ်မှာ Grade-4 ကျောင်းသူနဲ့ Grade-6 ကျောင်းသားကို ပြန်တွေ့တာ၊ အောက်ကို မနည်းချရတယ်။ ဘယ်လိုဖြစ်ပြီး အဲ့ပေါ်ရောက်နေကြတယ်မသိဘူး၊ လူကြီးတွေတောင် တော်ရုံနဲ့ တက်ဖို့မလွယ်ဘူး။ ညက မိုးရွာနေတဲ့အချိန် ဘယ်လိုနေကြတယ်မသိဘူး၊ အသေးစိတ်ကိုတော့ မမေးရသေးဘူး” လို့ စလင်းမြို့ခံတဦးက ပြောပါတယ်။
Grade-6 ကျောင်းသား ၁ ဦး၊ Grade-4 ကျောင်းသူ ၁ ဦးနဲ့ Grade-1 ကျောင်းသား ၁ ဦး ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး Grade-1 ကျောင်းသားလေးကိုတော့ စလင်းမြို့ပေါ်က ရပ်ကွက်တခုမှာ စက်တင်ဘာလ ၂၉ ရက်နေ့က ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ယာဥ်ထိန်းရဲက ဆိုင်ကယ်တစီးကို နောက်ကကားနဲ့လိုက်တိုက်ကာ ပြဿနာရှာရာက အမျိုးသမီးတဦးဖြစ်နေလို့ ရပ်ကွက်ထဲကလူတွေဝိုင်းလားပြီး ရော်ကြေးတောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ထိုင်းမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်းပျက်ပြယ်သွားပြီဖြစ်ပြီး အနောက်တောင် မုတ်သုံလေဟာလည်း မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတွေမှ တဖြည်းဖြည်း စတင်ဆုတ်ခွာတဲ့…
ရုပ်သံ
ပြည်တွင်းသတင်း
အမြန်လမ်းမှာ လမ်းလျှောက်နေတဲ့ အမျိုးသား ၂ ဦးကို နောက်မှကားနဲ့ဝင်တိုက်လို့ နေရာမှာတင်သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ