အရေးပေါ်
ပြည်တွင်းသတင်း

ရသေ့တောင်မြို့နယ်မှာ Y - 12 နဲ့ ဗုံးကြဲလို့ အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် ၂ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရ

၂၀၂၆ အောက်တိုဘာ ၃ Myo Taw
ရသေ့တောင်မြို့နယ်မှာ Y - 12 နဲ့ ဗုံးကြဲလို့ အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် ၂ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရ

ရသေ့တောင်မြို့နယ်မှာ Y - 12 နဲ့ ဗုံးကြဲလို့ အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် ၂ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရ

အောက်တိုဘာ ၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က နေရာအချို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာလ ၃ ရက် ဒီကနေ့ မနက်စော ၁ နာရီခန့်က ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Deep Sigh က ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်က Y -12 လေယာဉ်နဲ့ ရသေ့တောင်မြို့ပေါ်ကို ဗုံး ၆ လုံး၊ ပြားချောင်းကြီးကျေးရွာမှာ ဗုံး ၁ လုံး၊ ပြင်ခေါင်ကျေးရွာမှာ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရသေ့တောင်မြို့ပေါ်ရှိ စိုက်ပျိုးရေးရုံးအနီး ဗုံး ၁ လုံး ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ်ရှိ မိုးမိုးနွယ် နဲ့ ပြားချောင်းကြီးကျေးရွာမှ အသက် ၇၀ အရွယ်ရှိ ဦးအောင်ကျော်တို့ သေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ်ရှိ မျိုးမြတ်ခိုင်၊ အသက် ၃၂ နှစ် အရွယ်ရှိ မျိုးဝေလင်း တို့ အပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာကိုလည်း မနက်စော ၁ နာရီ ၃၅ မိနစ်ခန့်က Y – 12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၂၄ နှစ်အရွယ်ရှိ ခင်မှုံယာဆွေ၊ အသက် ၄၅ နှစ်အရွယ်ရှိ ဖြူသီး နဲ့ အသက် ၄၅ နှစ်အရွယ်ရှိ သိန်းလှ တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး နေအိမ်တစ်လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၀,၅၀၀ ကျော် ပြုလုပ်ထားပြီး အရပ်သားပြည်သူ ၆၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက စက်တင်ဘာလ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို မိုးလေဝသ

အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့်…

ဖတ်ရန်
မိုးမိတ်မြို့ အနီးက အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေ တပ်ပြန်ဆုတ်သွား ပြည်တွင်းသတင်း

မိုးမိတ်မြို့ အနီးက အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေ တပ်ပြန်ဆုတ်သွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီး ညောင်နီကျေးရွာရှိ ရွှေမြင့်တင်တောင်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တပ်ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဖတ်ရန်