အရေးပေါ်
ပြည်တွင်းသတင်း

ရန်ကုန်မှာ ကားနဲ့ပတ်ပြီး ခိုလိုက်ဖမ်းနေသူတွေကို အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆိုနေသလို ကျန်းမာရေးဆိုင်ရာ အငြင်းပွားဖွယ်လည်းရှိနေ

၂၀၂၆ စက်တင်ဘာ ၁၁ Myo Taw
ရန်ကုန်မှာ ကားနဲ့ပတ်ပြီး ခိုလိုက်ဖမ်းနေသူတွေကို အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆိုနေသလို ကျန်းမာရေးဆိုင်ရာ အငြင်းပွားဖွယ်လည်းရှိနေ

ရန်ကုန်မှာ ကားနဲ့ပတ်ပြီး ခိုလိုက်ဖမ်းနေသူတွေကို အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆိုနေသလို ကျန်းမာရေးဆိုင်ရာ အငြင်းပွားဖွယ်လည်းရှိနေ

စက်တင်ဘာ ၁၁

ရန်ကုန်တိုင်း၊ လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ်တွေမှာ ကားနဲ့ပတ်ပြီး ခိုတွေဖမ်းနေတဲ့သူတွေကို ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က Probox ကားတစ်စီးနဲ့ လူနှစ်ယောက်ဟာ ခိုတွေကို အစားကျွေးဟန်ပြုလုပ်က ဖမ်းဆီးပြီး ကားပေါ် တင်ဆောင်သွားတယ်လို့ သိရပါတယ်။

"အရင်ကတည်းက သူတို့တွေ ခုလိုလုပ်နေတာ။ အဲ့နေ့ကမှ သတိထားမိသွားတာ။ လသာမြို့နယ်နဲ့ လမ်းမတော်မြို့နယ်တွေမှာ သူတို့တွေက နေ့တိုင်းနီးပါး ကားနဲ့ ပတ်ပြီး ဖမ်းနေတာ။ ကားနဲ့ဆိုတော့ တခြားနေရာတွေမှာလည်း ဖမ်းမယ်ထင်တယ်။ ကျနော်တွေ့တာကတော့ လမ်းမတော်မြို့နယ်ထဲမှာ ဖမ်းနေတာကို တွေ့တာ။ လသာမြို့နယ်ထဲက လူတွေပြောတော့လည်း ကားနဲ့ ခိုတွေလာလာ ဖမ်းတယ်လို့ ပြောတယ်။ တစ်ရက်ကို အကောင် ၅၀ ကျော် ဖမ်းတယ်လို့ ပတ်ဝန်းကျင်က လူတွေပြောလို့ သိရတယ်။ ခိုတွေကို ဖမ်းပြီး ဘာလုပ်ပစ်လဲတော့ မသိဘူး။ အမြန်ဆုံးထိရောက်စွာ အရေးယူပေးစေချင်တယ်" လို့ လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံ အမျိုးသားတဦးက မြို့တော်ကို ပြောပါတယ်။

ရန်ကုန်၊ လသာမြို့နယ်၊ လမ်းမတော်မြို့နယ် လမ်းမတွေပေါ်နဲ့ ကမ်းနာလမ်းတို့ရှိ ခိုတွေကို အစာကျွေးတဲ့ နေရာတွေမှာ ကားနံပတ် YGN-10, 7D-1960 Toyota Probox အဖြူရောင်ယာဉ်နဲ့ အမျိုးသား ၂ ဦးဟာ နေ့စဉ် ခိုတွေကို ဖမ်းယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ခိုတွေဟာ ကြက်ဌက်တုပ်ကွေးရောဂါအပြင် အခြားရောဂါတွေပါ ဖြစ်ပွားနိုင်ခြေရှိတဲ့အတွက် အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြို့လယ်ခေါင်နေရာတွေမှာ ခိုတွေ မရှိချင်တဲ့သူတွေနဲ့ တိရစ္ဆာန်ချစ်သူတွေအကြား အငြင်းပွားမှုတွေလည်း ရှိနေပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတုန်းက ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်နဲ့ မြို့နယ်တိုင်းမှာ ခိုစာရောင်းချတာတွေ၊ ခိုစာကျွေးတာတွေကို ပပျောက်ဖို့အတွက် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ခိုစာ မကျွေးကြဖို့ ရန်ကုန်စည်ပင်အနေနဲ့ အသိပညာပေး ဗွီနိုင်းတွေကို လိုက်လံကပ်ခဲ့တယ်လို့ သိရပါတယ်။

"အရင်အစိုးရ လက်ထက်က ရန်ကုန်မြို့လယ်ခေါင် လူနေထူထပ်တဲ့ နေရာတွေမှာ ခိုတွေ ရှိတာဟာ လူတွေရဲ့ ကျန်းမာရေးအတွက် ထိခိုက်နိုင်တယ်ဆိုပြီး ခိုစာကျွေးတာတွေ၊ အစာရောင်းချတာတွေ မလုပ်ဖို့ အသိပညာပေးတာတွေ စည်းရုံးတာတွေ လုပ်ဆောင်ခဲ့ဖူးတယ်" လို့ ရန်ကုန်စည်ပင်နဲ့ နီးစပ်သူတဦးက မြို့တော်ကို ပြောပါတယ်။

ရန်ကုန်မြို့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လမ်းဘေးခွေးတွေ အပါအဝင် တိရစ္တာန်တွေကို အစာကျွေးပါက ၁၉၂၂ ရန်ကုန်မြို့တော်စည်ပင် ဥပဒေအရ ဒဏ်ငွေ ၅ သောင်းကနေ ၁ သိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၃ လ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ ရုပ်သံ Afternoon NEWS

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…

ကြည့်ရန်
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…

ဖတ်ရန်