နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ နေရာကွက်ကြား မိုးရွာမယ်
အောက်တိုဘာ ၁၇
အောက်တိုဘာလ ၁၇ ရက် ဒီကနေ့ ညနေ ၄ နာရီအချိန် မိုးဇလရဲ့ ထုတ်ပြန်ချက်အရ မနက်ဖြန်မနက်အထိ ခန့်မှန်းချက်တွေအနေနဲ့ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာအနှံ့အပြား၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွက် ခန့်မှန်းချက်အနေနဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ပါတယ်။
နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ အနီးတဝိုက်အတွက် မနက်ဖြန်မနက်ထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
မြို့တော် News Channel