အရေးပေါ်
မိုးလေဝသ

အဝါရောင်အဆင့် မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ် တချို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမယ်လို့ဆို

၂၀၂၆ နိုဝင်ဘာ ၁၆ Myo Taw
အဝါရောင်အဆင့် မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ် တချို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမယ်လို့ဆို

အဝါရောင်အဆင့် မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ် တချို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမယ်လို့ဆို

နိုဝင်ဘာ ၁၆

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နိုဝင်ဘာလ ၁၆ ရက် ဒီကနေ့ မနက် ၇ နာရီထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၄၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၇၀ မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၆ ရက် ဒီကနေ့ ညနေအထိ ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းမှာ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်း ၈၀ ဖြစ်တယ်လို့ဆိုပါတယ်။

နောက် ၂ ရက်အတွက် ခန့်မှန်းချက်အနေနဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ဒီကနေ့ ညနေအထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ဒီကနေ့ ညနေအထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

နိုဝင်ဘာ ၁၆ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး မြန်မာပြည်အထက်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းမှာ မိုးသည်းထန်နိုင်တယ်လို့ဆို ပြည်တွင်းသတင်း

နိုဝင်ဘာ ၁၆ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး မြန်မာပြည်အထက်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းမှာ မိုးသည်းထန်နိုင်တယ်လို့ဆို

ကပ္ပလီပင်လယ်ပြင် အလယ်ပိုင်းမှ ဆိုင်ကလုန်းလေ လည်ပတ်မှုနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း လေဝဲတို့ ပေါင်းဆုံမှုကြောင့် နိုဝင်ဘာလ ၁၃ ရက် ဒီကနေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ…

ဖတ်ရန်
တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ဆို

တရုတ်ပြည်မဘက်မှ ဆင်းလာတဲ့ လေအေးနှင့် အရှေ့ဘက်/တောင်ဘက်မှ တက်လာတဲ့ အရှေ့လေပွေလှိုင်းတို့ ပွတ်တိုက်မှုကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း) နှင့်…

ဖတ်ရန်
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလ ထုတ်ပြန် ပြည်တွင်းသတင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလ ထုတ်ပြန်

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ နိုဝင်ဘာလ ၆ ရက်နေ့ ဒီကနေ့ မနက် ၇ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့်…

ဖတ်ရန်
ယခုနိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေအတွင်း အယ်လ်နီညိုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

ယခုနိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေအတွင်း အယ်လ်နီညိုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်တယ်လို့ဆို

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ ယခုနိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေအတွင်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနိုင်ပြီး လာမယ့် ဆောင်းရာသီနှင့် နွေရာသီကာလတွေမှာ အပူချိန်တွေ အလွန်အမင်း မြင့်မားလာကာ ရေရှားပါးမှု ပြဿနာတွေ…

ဖတ်ရန်