အရေးပေါ်
မိုးလေဝသ

ရေကြည်မှာ ရေစီးနဲ့ မျောပါသွားတဲ့ လူငယ် ၂ ဦးထဲက ကျန်တဲ့တဦးကို လိုက်လံရှာဖွေနေပေမယ့် မတွေ့သေး

၂၀၂၆ သြဂုတ် ၂၄ Myo Taw
ရေကြည်မှာ ရေစီးနဲ့ မျောပါသွားတဲ့ လူငယ် ၂ ဦးထဲက ကျန်တဲ့တဦးကို လိုက်လံရှာဖွေနေပေမယ့် မတွေ့သေး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရေစီးနဲ့ မျောပါပျောက်ဆုံးသွားတဲ့ လူငယ်တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ထိ ရှာဖွေနေကြပေမယ့် မတွေ့သေးဘူးလို့ သိရပါတယ်။

သြဂုတ် ၂၂ ရက်နေ့က ည ၇ နာရီ ၁၅ မိနစ်ခန့်က ရေကြည်မြို့၊ စဉ့်ကူးရပ်ကွက်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်နေချိန် လူငယ်နှစ်ဦးဟာ ရေထဲကိုဖြတ်ကာ ဦးလေးဖြစ်သူရဲ့ နေအိမ်ကို သွားရောက်ရာက ရေစီးအတိုင်း မျောပါသွားခဲ့တာလို့ သိရပါတယ်။

"သူတို့ ဦးလေးအိမ်ကို ထမင်းစားသွားကြတာ။ လမ်းမှာ ရေစီးကသန်တော့ ၂ ယောက်လုံး ရေစီးထဲပါသွားတာ။ တယောက်ကိုတော့ ဝါးရုံပင်မှာ ငြိနေလို့ ပြန်ကယ်လိုက်နိုင်တယ်။ တယောက်ကတော့ အခုမနက်ထိ မတွေ့သေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ဖြစ်စဥ် ဖြစ်ဖြစ်ချင်း ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေ လိုက်လံကယ်ဆယ်ရာက လူငယ်တဦးကို ဝါးရုံပင်မှာ ဖက်တွယ်လျှက် အနေအထားနဲ့ ကယ်ဆယ်နိုင်ခဲ့ပေမယ့် ကျန်တဦးကိုတော့ ဒီကနေ့ မနက်ထိ လိုက်လံရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

"ပျောက်နေတဲ့ ကလေးကတော့ ရုပ်အလောင်းပြန်ရဖို့အတွက် ရှာနေကြတုန်းပဲ၊ မိုးကလည်း တောက်လျောက်ရွာနေတာ။ ရေက အတက်အကျ မမှန်သေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ဇူလိုင် ၃၀ က စတင်ကာ ရေကြည်မြို့နယ်မှာ ငဝန်းမြစ် တာကျိုးပေါက်ပြီး မြစ်ရေ မြင့်တက်လာလို့ ရေကြည်မြို့နယ် အပါအဝင် လေးမျက်နှာ၊ ငသိုင်းချောင်း၊ ဟင်္သာတ၊ ကျုံပျော်နဲ့ ကျောင်းကုန်း မြို့နယ်တွေမှာပါ ရေကြီးရေလျှံပြီး ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ငဝန်မြစ် တာကျိုးပေါက်မှုကို ပိတ်ဆို့ဖို့ Sheet Pile (သံချောင်း) ၂၈၆ ချောင်း ရိုက်သွင်းရမှာ ဖြစ်ပေမယ့် ဩဂုတ် ၁၉ ရက်နေ့အထိ ၇၈ ချောင်းသာ ရိုက်သွင်းနိုင်သေးတယ်လို့ အာဏာသိမ်းအစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…

ဖတ်ရန်
ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်အပတ်အတွင်း မိုးပြန်လည် အားကောင်းလာမယ်လို့ဆို ပြည်တွင်းသတင်း

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်အပတ်အတွင်း မိုးပြန်လည် အားကောင်းလာမယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းကွေ့နှင့် ၎င်းရဲ့ အနီးဝန်းကျင်မှာ လေထုအထက်ပိုင်း လေဝှေ့စနစ်တစ်ခု စတင်ဖြစ်ပေါ်နေပြီး အောက်တိုဘာလ ၁၁ ရက်ဝန်းကျင်မှာ ကပ္ပလီပင်လယ်ပြင်သို့…

ဖတ်ရန်
လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်တပတ်ကျော်မှာ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နေရာကွက်ကျား မိုးကြီးမယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်တပတ်ကျော်မှာ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နေရာကွက်ကျား မိုးကြီးမယ်လို့ဆို

ECMWF Model ရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်(တောင်ပိုင်း)နှင့် ကပ္ပလီပင်လယ်ပြင်(တောင်ပိုင်း)တို့မှာ လေဝဲလည်ပတ်မှု စတင်အားကောင်းလာပြီး လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသ…

ဖတ်ရန်
အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို မိုးလေဝသ

အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့်…

ဖတ်ရန်