အရေးပေါ်
နိုင်ငံတကာသတင်း

မဲခေါင်မြစ်ရေညစ်ညမ်းမှုကြောင့် ဒေသခံ ၁၇ ဦးဆီမှာ အာဆင်းနစ်ဓာတ် သတ်မှတ်ပမာဏထက် ကျော်လွန်တွေ့ရှိ

၂၀၂၆ နိုဝင်ဘာ ၁၈ Myo Taw
မဲခေါင်မြစ်ရေညစ်ညမ်းမှုကြောင့် ဒေသခံ ၁၇ ဦးဆီမှာ အာဆင်းနစ်ဓာတ် သတ်မှတ်ပမာဏထက် ကျော်လွန်တွေ့ရှိ

မဲခေါင်မြစ်ရေညစ်ညမ်းမှုကြောင့် ဒေသခံ ၁၇ ဦးဆီမှာ အာဆင်းနစ်ဓာတ် သတ်မှတ်ပမာဏထက် ကျော်လွန်တွေ့ရှိ

နိုင်ဝင်ဘာ ၁၈

ထိုင်းနိုင်ငံ၊ နောင်ခိုင်ခရိုင်မှာ မဲခေါင်မြစ်ရေညစ်ညမ်းမှုနဲ့ ဆက်စပ်ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့တဲ့ ဒေသခံ ၁၇ ဦးရဲ့ ဆီးထဲမှာ အာဆင်းနစ်ဓာတ်ပါဝင်မှုဟာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာနရဲ့ စစ်ဆေးမှုအရ ဒေသခံ ၁၇၇ ဦးရဲ့ ဆီးနမူနာတွေထဲက ၁၇ ဦးမှာ အာဆင်းနစ်ပါဝင်မှုဟာ တစ်လီတာလျှင် ၁၀၀ မိုက်ခရိုဂရမ်ထက် ကျော်လွန်နေတာကြောင့် နောင်ခိုင်ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဖို့ လွှဲပြောင်းပေးထားရပါတယ်။

တစ်ဖက်မှာလည်း မဲခေါင်မြစ်အတွင်း ငါးဖမ်းသမားတွေဟာ အဖုအကျိတ်နဲ့ အနာတွေဖြစ်နေတဲ့ ငါးတွေကို တွေ့ရှိနေရပြီး ငါးရရှိမှုလည်း သိသိသာသာ လျော့ကျလာတယ်လို့ ပြောပါတယ်။ မြစ်ရေညစ်ညမ်းမှုသတင်းတွေ ထွက်ပေါ်လာပြီးနောက် ဒေသခံတွေက မဲခေါင်မြစ်ငါးတွေကို ဝယ်ယူစားသုံးဖို့ စိုးရိမ်လာကြတယ်လို့လည်း သိရပါတယ်။

မဲခေါင်မြစ်ဝှမ်းဒေသခံအဖွဲ့အစည်းများကောင်စီကွန်ရက် ဥက္ကဋ္ဌ အုမ်ဘွန်း သစ်ဆူနာကတော့ လစဉ်စစ်ဆေးမှုတွေအရ လွိုင်၊ နောင်ခိုင်၊ ဘွင်ကန်နဲ့ နခွန်ဖနွန် ပြည်နယ်တွေမှာ အာဆင်းနစ်ပါဝင်မှု မြင့်တက်နေတယ်လို့ ပြောပါတယ်။

လွိုင်ပြည်နယ်မှာ သတ်မှတ်စံနှုန်းထက် ၄ ဆကျော်နဲ့ နောင်ခိုင်မှာ ၃ ဆနီးပါး ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မဲခေါင်မြစ်ထဲက ငါးတွေရဲ့ အသားပိုင်းကို စားသုံးနိုင်သေးပြီး အတွင်းကလီစာနဲ့ အူတွေကိုတော့ မစားသုံးသင့်ဘူးလို့ အုမ်ဘွန်းက ပြောပါတယ်။ ခရုနဲ့ ပုစွန်လို မြစ်အောက်ခြေမှာ နေထိုင်တဲ့ ရေနေသတ္တဝါတွေကိုလည်း လတ်တလော ရှောင်ရှားထားသင့်တယ်လို့ သတိပေးထားပါတယ်။

Ref & Photo: Khaosod


မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး နိုင်ငံတကာသတင်း

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး

အိန္ဒိယနိုင်ငံမှာ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီတစ်ဦးရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တဦးဟာ ဆယ်လီရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဖတ်ရန်
ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း နိုင်ငံတကာသတင်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေ စားပွဲအဝိုင်းကြီးတခုမှာ အတူထိုင်နေတဲ့ မြင်ကွင်းဟာ ၂၁ ရာစု သံတမန်ရေးရာ သမိုင်းမှာ မှတ်တမ်းဝင်ကျန်ရစ်မယ့်…

ဖတ်ရန်
ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး ပြည်တွင်းသတင်း

ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းတပ်သားသစ်ကို အလုပ်ကြမ်းခိုင်းစေရာက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ နိုင်ငံတကာသတင်း

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ

မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံသို့ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်နှင့် ကျေးလက်ဒေသနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး…

ဖတ်ရန်