အရေးပေါ်
နိုင်ငံတကာသတင်း

အမေရိကန်နှင့် ပူးပေါင်းပြီး ဒရုန်းထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရန် စီစဉ်နေတယ်လို့ သမ္မတ ဇယ်လန်စကီး ပြောဆို

၂၀၂၆ ဇူလိုင် ၂၅ Myo Taw
အမေရိကန်နှင့် ပူးပေါင်းပြီး ဒရုန်းထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရန် စီစဉ်နေတယ်လို့ သမ္မတ ဇယ်လန်စကီး ပြောဆို

အမေရိကန်နှင့် ပူးပေါင်းပြီး ဒရုန်းထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရန် စီစဉ်နေတယ်လို့ သမ္မတ ဇယ်လန်စကီး ပြောဆို

ဇူလိုင် ၂၅

ယူကရိန်ရဲ့ အဆင့်မြင့် နည်းပညာတွေကို အသုံးပြုပြီး အမေရိကန်ပြည်ထောင်စုမှာ မောင်းသူမဲ့ ဒရုန်းယာဉ်တွေ ထုတ်လုပ်မယ့် စက်ရုံတစ်ရုံ တည်ဆောက်သွားဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ယူကရိန် သမ္မတ ဗိုလိုဒီမီးယား ဇယ်လန်စကီးက ပြောဆိုလိုက်ပါတယ်။

အမေရိကန် လက်ယာယိမ်း ဘလော့ဂါ လိုရာ လူမားနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သမ္မတ ဇယ်လန်စကီးက အမေရိကန်နဲ့ ရရှိထားတဲ့ မူလ သဘောတူညီချက်ကို အခြေခံပြီး ဒရုန်းပူးပေါင်း ထုတ်လုပ်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်ချင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရုရှားနဲ့ ဖြစ်ပွားနေတဲ့ ၄ နှစ်ကြာ ပဋိပက္ခအတွင်း ယူကရိန်ဟာ အချိုးမညီ တိုက်ပွဲဝင်နည်းဗျူဟာ (asymmetrical warfare) နဲ့ ဒရုန်းနည်းပညာ တီထွင်ဆန်းသစ်မှုမှာ အထူး ထူးချွန်ခဲ့ပြီး လက်ရှိမှာတော့ ယူကရိန် ဒရုန်းတွေဟာ ကီလိုမီတာ ၃,၀၀၀ (မိုင် ၁,၈၀၀) ကျော်အထိ ပျံသန်း တိုက်ခိုက်နိုင်နေပြီ ဖြစ်ပါတယ်။

သမ္မတ ဇယ်လန်စကီးကတော့ ဒီပူးပေါင်းဆောင်ရွက်မှုဟာ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေမယ့် "Win-Win" သဘောတူညီချက်ဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော် အရာရှိတစ်ဦးရဲ့ အဆိုအရ သမ္မတ ဇယ်လန်စကီးနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့ ဇူလိုင် ၂၈ ရက်မှာ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ သဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက်တွေကို ဝါရှင်တန်မှာ ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ပန်တဂွန် စစ်ဌာနချုပ်ရဲ့ "Drone Dominance" အစီအစဉ်အရ ယူကရိန် ကုမ္ပဏီ ၆ ခုက ဒရုန်း အစီးရေ ၁၀၀ ခန့်စီ အမေရိကန်ထံ တင်ပို့ခွင့် ရရှိထားသလို ပူးပေါင်းထုတ်လုပ်ရေးအတွက် ရည်ရွယ်ချက် ကြေညာချက် (statement of intent) ကိုလည်း သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

#myotawnpt
#Myotaw

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး တင်းမာနေတဲ့ မူဝါဒကို တောင်ကိုရီးယား စွန့်လွှတ် နိုင်ငံတကာသတင်း

မြောက်ကိုရီးယားရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး တင်းမာနေတဲ့ မူဝါဒကို တောင်ကိုရီးယား စွန့်လွှတ်

တောင်ကိုရီးယားအစိုးရဟာ မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေ အပြည့်အဝဖျက်သိမ်းပြီးမှသာ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ ယခင်မူဝါဒကို စွန့်လွှတ်ပြီး “ငြိမ်းချမ်းရေးကို ဦးစားပေး”တဲ့ မူဝါဒသစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ဂျောင်ဒုံယောင်းက ဇူလိုင်…

ဖတ်ရန်
ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ရန် ကြံစည်ခဲ့မှုနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ အမျိုးသမီး နှစ်ပေါင်း ၂၀ နီးပါးအကြာမှာ ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ရန် ကြံစည်ခဲ့မှုနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ အမျိုးသမီး နှစ်ပေါင်း ၂၀ နီးပါးအကြာမှာ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တရမ်းခရိုင်မှာ ရည်းစားဖြစ်သူနဲ့ ပူးပေါင်းပြီး ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့မှုနဲ့ ဝရမ်းထုတ်ခံထားရတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတဦးဟာ ထွက်ပြေးလွတ်မြောက်နေတာ နှစ်ပေါင်း ၂၀…

ဖတ်ရန်
ဂျော်ဂျီယာပြည်နယ်မှာ ရွေးကောက်ပွဲ မသမာမှုတွေ ရှိနေတာကြောင့် ရီပါဘလစ်ကန်တွေ အနိုင်ရဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ ထရမ့် စွပ်စွဲ နိုင်ငံတကာသတင်း

ဂျော်ဂျီယာပြည်နယ်မှာ ရွေးကောက်ပွဲ မသမာမှုတွေ ရှိနေတာကြောင့် ရီပါဘလစ်ကန်တွေ အနိုင်ရဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့ ထရမ့် စွပ်စွဲ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲပေးမှု ပိုမိုတင်းကြပ်ရေး စည်းမျဉ်းတွေ ပြဋ္ဌာန်းနိုင်ဖို့အတွက် ဇူလိုင်လ ၂၂ ရက်နေ့မှာ ဂျော်ဂျီယာ ပြည်နယ်ရှိ ထောက်ခံသူတွေကို…

ဖတ်ရန်
ဘတ် ၁ ဘီလီယံကျော်တန်ဖိုးရှိ အဆင့်မြင့်အိမ်ရာတွေကို နာမည်ခံကုမ္ပဏီ ၃၃ ခုနဲ့ တရားမဝင်ဝယ်ယူထားတဲ့ တရုတ်စီးပွားရေးကွန်ရက်ကို ထိုင်းရဲတပ်ဖွဲ့ ဖြိုခွဲ နိုင်ငံတကာသတင်း

ဘတ် ၁ ဘီလီယံကျော်တန်ဖိုးရှိ အဆင့်မြင့်အိမ်ရာတွေကို နာမည်ခံကုမ္ပဏီ ၃၃ ခုနဲ့ တရားမဝင်ဝယ်ယူထားတဲ့ တရုတ်စီးပွားရေးကွန်ရက်ကို ထိုင်းရဲတပ်ဖွဲ့ ဖြိုခွဲ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားများ အိမ်ခြံမြေပိုင်ဆိုင်ခွင့်ဆိုင်ရာ ဥပဒေကို ရှောင်လွှဲဖို့ နာမည်ခံ (Nominee) ကုမ္ပဏီ ၃၃ ခုကို အသုံးပြုကာ ဘတ် ၁.၂၇၅ ဘီလီယံကျော်တန်ဖိုးရှိ အဆင့်မြင့်အိမ်ရာ…

ဖတ်ရန်