အရေးပေါ်
နိုင်ငံတကာသတင်း

ဂျာမနီက သားသတ်သမားတဦး ငွေကြေးမပေးတဲ့ ရည်းစာကို သတ်ပြီး အလောင်းကို အပိုင်းပိုင်းဖြတ်ကာ ဖျောက်ဖျက်

၂၀၂၆ နိုဝင်ဘာ ၁၉ Myo Taw
ဂျာမနီက သားသတ်သမားတဦး ငွေကြေးမပေးတဲ့ ရည်းစာကို သတ်ပြီး အလောင်းကို အပိုင်းပိုင်းဖြတ်ကာ ဖျောက်ဖျက်

ဂျာမနီက သားသတ်သမားတဦး ငွေကြေးမပေးတဲ့ ရည်းစာကို သတ်ပြီး အလောင်းကို အပိုင်းပိုင်းဖြတ်ကာ ဖျောက်ဖျက်

နိုင်ဝင်ဘာ ၁၉

ဂျာမနီနိုင်ငံမှာ အသက် ၃၈ နှစ်အရွယ် အသားသတ်လုပ်ငန်းကျွမ်းကျင်သူ အမျိုးသားတဦးကို ငွေကြေးအကူအညီ ထပ်မပေးတဲ့ ရည်းစားဖြစ်သူ အမျိုးသမီးကို သတ်ဖြတ်ပြီး အလောင်းကို အပိုင်းပိုင်းဖြတ်ကာ စွန့်ပစ်ခဲ့မှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားဟာ သူရဲ့ ရည်းစားဖြစ်တဲ့ အသက် ၄၉ နှစ်အရွယ် ဂျက်ကလင်း ခရစ်ရှိုလက် ဆိုသူကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ဟာဂင်နိုမြို့ရှိ သူမရဲ့ နေအိမ်အတွင်းမှာပဲ သတ်ဖြတ်ခဲ့ပြီး အလောင်းကို အပိုင်းပိုင်းဖြတ်ကာ အမှိုက်အိတ်တွေထဲ ထည့်ပြီး စွန့်ပစ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားတာ ဖြစ်ပါတယ်။

ဂျက်ကလင်းရဲ့ အလောင်းအစိတ်အပိုင်းတချို့ကို ဂိုးလ်ဒန်ဘိုးကျေးရွာက အမှိုက်စွန့်ပစ်တဲ့ နေရာတခုမှာ ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ပေမဲ့ ကိုယ်လုံးပိုင်းကိုတော့ အခုအချိန်အထိ ရှာမတွေ့သေးတာကြောင့် သေဆုံးရတဲ့ အကြောင်းရင်းနဲ့ အသုံးပြုခဲ့တဲ့ လက်နက်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ သံသယရှိသူ သားသတ်သမားရဲ့ ကားထဲမှာ သွေးစွန်းရာတွေ တွေ့ရှိခဲ့သလို သေဆုံးသူ ဂျက်ကလင်းရဲ့ ဘဏ်အကောင့်ထဲကနေ ပေါင် ၄,၀၀၀ ကျော်ကို သံသယရှိသူရဲ့ အကောင့်ထဲ လွှဲပြောင်းခဲ့ပြီး နောက်ထပ် ပေါင် ၁,၂၅၀ ကိုလည်း ဘဏ်ကတ်နဲ့ ထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။

သံသယရှိသူ သားသတ်သမားကို နိုဝင်ဘာ ၂ ရက်နေ့က ရှ်ဝဲရင်ဒေသဆိုင်ရာတရားရုံးမှာ စတင်ရုံးထုတ်ခဲ့ပေမဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တစုံတရာ ထွက်ဆိုခြင်း မရှိသလို လူသတ်မှုနဲ့ ပြစ်မှုထင်ရှားပါက တသက်တကျွန်း ထောင်ဒဏ်ကျခံရနိုင်ပြီး အမှုစီရင်ချက်ကို လာမယ့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလမှာ ချမှတ်သွားဖို့ ရှိနေပါတယ်။

Ref & Photo: The Sun

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး နိုင်ငံတကာသတင်း

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး

အိန္ဒိယနိုင်ငံမှာ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီတစ်ဦးရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တဦးဟာ ဆယ်လီရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဖတ်ရန်
ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း နိုင်ငံတကာသတင်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေ စားပွဲအဝိုင်းကြီးတခုမှာ အတူထိုင်နေတဲ့ မြင်ကွင်းဟာ ၂၁ ရာစု သံတမန်ရေးရာ သမိုင်းမှာ မှတ်တမ်းဝင်ကျန်ရစ်မယ့်…

ဖတ်ရန်
ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး ပြည်တွင်းသတင်း

ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းတပ်သားသစ်ကို အလုပ်ကြမ်းခိုင်းစေရာက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ နိုင်ငံတကာသတင်း

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ

မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံသို့ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်နှင့် ကျေးလက်ဒေသနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး…

ဖတ်ရန်