အရေးပေါ်
နိုင်ငံတကာသတင်း

သံတမန်ရေးကြိုးပမ်းမှုတွေ ရှိနေပေမယ့် ပင်လယ်ကွေ့ဒေသရှိ အမေရိကန်စစ်စခန်းတွေကို အီရန် ဆက်လက်တိုက်ခိုက်

၂၀၂၆ နိုဝင်ဘာ ၁၈ Myo Taw
သံတမန်ရေးကြိုးပမ်းမှုတွေ ရှိနေပေမယ့် ပင်လယ်ကွေ့ဒေသရှိ အမေရိကန်စစ်စခန်းတွေကို အီရန် ဆက်လက်တိုက်ခိုက်

သံတမန်ရေးကြိုးပမ်းမှုတွေ ရှိနေပေမယ့် ပင်လယ်ကွေ့ဒေသရှိ အမေရိကန်စစ်စခန်းတွေကို အီရန် ဆက်လက်တိုက်ခိုက်

နိုင်ဝင်ဘာ ၁၈

အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲအဆုံးသတ်နိုင်ရေး သံတမန်ရေးကြိုးပမ်းမှုတွေ လုပ်ဆောင်နေချိန်မှာပဲ အီရန်နဲ့ ယီမင်ရှိ ဟူသီလက်နက်ကိုင်အဖွဲ့တွေက ပင်လယ်ကွေ့ဒေသရှိ နိုင်ငံတွေကို ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဒီကနေ့ နိုင်ဝင်ဘာ ၁၈ ရက်နေ့မှာ အီရန်ဘက်က ပစ်ခတ်လာတဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေကို ကြားဖြတ်ဟန့်တားခဲ့ရတယ်လို့ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတို့က ထုတ်ပြန်ထားသလို အီရန်စစ်တပ်ကလည်း ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်တပ်ရဲ့ အလီအယ်လ်ဆလမ် (Ali Al Salem) စစ်စခန်းက ဒရုန်းနဲ့ ဒုံးကျည်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဘာရိန်းနိုင်ငံကတော့ ဒီတစ်ပတ်အတွင်း အီရန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ၃ ကြိမ်မြောက် ကြားဖြတ်ဟန့်တားခဲ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန်ရေတပ်ရဲ့ ပဉ္စမရေတပ်ဖွဲ့ အခြေစိုက်ရာ ဘာရိန်းကို အီရန်က စနစ်တကျ ရန်လိုတိုက်ခိုက်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။

ဒါ့အပြင် ယီမင်မှာ အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံမြို့တော် ရီယာ့ဒ် (Riyadh) ကို ပစ်လွှတ်လိုက်တဲ့ ခရုစ်ဒုံးကျည် ၁ စင်းကို ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မနေ့က နိုင်ဝင်ဘာ ၁၇ ရက်နေ့က ဟော်မုဇ်ရေလက်ကြားရှိ အီရန်နိုင်ငံ ကက်ရှ်မ် (Qeshm) ကျွန်းပေါ်က အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ဒုံးကျည်ပစ်လွှတ်စခန်းကို အမေရိကန်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်ဘက်အရာရှိတဦးက အတည်ပြုထားပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် တုံ့ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အီရန်မီဒီယာတွေကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ အီရန်အရာရှိတဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး နိုင်ငံတကာသတင်း

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး

အိန္ဒိယနိုင်ငံမှာ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီတစ်ဦးရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တဦးဟာ ဆယ်လီရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဖတ်ရန်
ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း နိုင်ငံတကာသတင်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေ စားပွဲအဝိုင်းကြီးတခုမှာ အတူထိုင်နေတဲ့ မြင်ကွင်းဟာ ၂၁ ရာစု သံတမန်ရေးရာ သမိုင်းမှာ မှတ်တမ်းဝင်ကျန်ရစ်မယ့်…

ဖတ်ရန်
ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး ပြည်တွင်းသတင်း

ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းတပ်သားသစ်ကို အလုပ်ကြမ်းခိုင်းစေရာက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ နိုင်ငံတကာသတင်း

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ

မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံသို့ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်နှင့် ကျေးလက်ဒေသနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး…

ဖတ်ရန်