အရေးပေါ်
နိုင်ငံတကာသတင်း

တရုတ်ထုတ် ပခုံးထမ်း ဒုံးကျည်စနစ်တွေကို အီရန် ဝယ်ယူထား၊ ရက်သတ္တပတ်အနည်းငယ်အတွင်း လက်ခံရရှိဖို့ ရှိနေ

၂၀၂၆ ဇူလိုင် ၂၉ Myo Taw
တရုတ်ထုတ် ပခုံးထမ်း ဒုံးကျည်စနစ်တွေကို အီရန် ဝယ်ယူထား၊ ရက်သတ္တပတ်အနည်းငယ်အတွင်း လက်ခံရရှိဖို့ ရှိနေ

တရုတ်ထုတ် ပခုံးထမ်း ဒုံးကျည်စနစ်တွေကို အီရန် ဝယ်ယူထား၊ ရက်သတ္တပတ်အနည်းငယ်အတွင်း လက်ခံရရှိဖို့ ရှိနေ

ဇူလိုင် ၂၉

အမေရိကန်နဲ့ စစ်ပွဲဖြစ်ပွားနေချိန်အတွင်း လေကြောင်းရန်ကာကွယ်ရေးစွမ်းရည် ပြန်လည်တည်ဆောက်နေတဲ့ အီရန်ဟာ တရုတ်နိုင်ငံထုတ် ပခုံးထမ်း လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် (MANPADS) ၄၀၀ အထိ ဝယ်ယူထားပြီး ပထမအသုတ်ကို ရက်သတ္တပတ်အနည်းငယ်အတွင်း လက်ခံရရှိဖို့ ရှိနေတယ်လို့ သတင်းရင်းမြစ် ၃ ဦးကို ကိုကားပြီး ရိုက်တာသတင်းဌာနကို ဖော်ပြောလိုက်ပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၆၀ ကနေ ၇၀ အထိ တန်ကြေးရှိတဲ့ ဒီစစ်လက်နက်ဝယ်ယူမှုမှာ တရုတ်နိုင်ငံထုတ် QW-12 နဲ့ FN-16 ပုခုံးထမ်း ဒုံးကျည်စနစ်တွေ ပါဝင်ပြီး၊ ဒါဟာ အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက အီရန်ရဲ့ တာတို လေကြောင်းရန်ကာကွယ်ရေးစနစ်ကို မြှင့်တင်ဖို့ အကြီးမားဆုံး ဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဒီစစ်လက်နက် ရောင်းဝယ်မှု စာချုပ်ကို အီရန်နဲ့ တရုတ်ထုတ်လုပ်သူတွေအကြား ကြားပွဲစားအဖြစ် ဆောင်ရွက်ပေးတဲ့ ဟောင်ကောင်အခြေစိုက် ကျုံးချင်းပေါင်ရှန်း အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု (Zhongqing Baoshang International Investment) ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးသလို၊ ပေကျင်းအခြေစိုက် မိခင်ကုမ္ပဏီဖြစ်တဲ့ ကျုံးချင်းပေါင်ရှန်း အုပ်စု (Zhong Qing Bao Shang Group) ဘက်ကလည်း ရိုက်တာသတင်းဌာနာရဲ့ မေးမြန်းမှုကို အကြောင်းပြန်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီသတင်းဖော်ပြချက်တွေဟာ လုံးဝအခြေအမြစ်မရှိကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ စီးပွားရေးနဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေးကိုပဲ အစဉ်တစိုက် အားပေးခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။

သဘောတူညီထားတဲ့ အစီအစဉ်အရ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေကို ပထမအဆင့်အနေနဲ့ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းပြည်နယ်၊ အူရုမ်ချီ (Urumqi) မြို့ကနေ လေကြောင်းနဲ့ ပေးပို့ပြီး ပါကစ္စတန်ကို ဖြတ်သန်းကာ အီရန်နိုင်ငံကို ပို့ဆောင်မယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမယ့် ပါကစ္စတန်ကနေ အီရန်ကို လေကြောင်းနဲ့ ပို့မှာလား၊ ကုန်းလမ်းက ပို့မှာလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။

ပါကစ္စတန်စစ်တပ်ရဲ့ ပြန်ကြားရေးဌာန (ISPR) ကတော့ တရုတ်နိုင်ငံကနေ အီရန်ကို လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ပေးပို့ရာမှာ ပါကစ္စတန် ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေဟာ လုပ်ကြံဖန်တီးထားတာဖြစ်ပြီး လုံးဝမမှန်ကန်ကြောင်း ငြင်းဆိုထားပါတယ်။

Ref; Reuters
Photo; Reuters, Global Defense Corp

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဘန်ဖိုးခရိုင်မှာ ပျောက်ဆုံးနေတာ ၂ ရက်ကြာပြီဖြစ်တဲ့ မြန်မာအမျိုးသမီးကို လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးလျက် ပြန်တွေ့ နိုင်ငံတကာသတင်း

ဘန်ဖိုးခရိုင်မှာ ပျောက်ဆုံးနေတာ ၂ ရက်ကြာပြီဖြစ်တဲ့ မြန်မာအမျိုးသမီးကို လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးလျက် ပြန်တွေ့

ထိုင်းနိုင်ငံ ချာချင်ဆောင်ပြည်နယ်၊ ဘန်ဖိုးခရိုင်မှာ ပျောက်ဆုံးနေတာ ၂ ရက်ကြာပြီဖြစ်တဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ရုပ်အလောင်းအဖြစ် လမ်းဘေးခြုံပုတ်ထဲမှာ စွန့်ပစ်ခံထားရတဲ့ အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ခရက်ဒစ်ကတ်ဒေတာတွေခိုးယူပြီး ဘတ်သန်း ၃၀ ခန့် လိမ်လည်ခဲ့တဲ့ တရုတ်နိုင်ငံသား အပါအဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး နိုင်ငံတကာသတင်း

ခရက်ဒစ်ကတ်ဒေတာတွေခိုးယူပြီး ဘတ်သန်း ၃၀ ခန့် လိမ်လည်ခဲ့တဲ့ တရုတ်နိုင်ငံသား အပါအဝင် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေမှာ လာရောက်ဝယ်ယူတဲ့ တရုတ်ခရီးသွား ၁,၂၀၀ ရဲ့ UnionPay ခရက်ဒစ်ကတ်ဒေတာတွေကို ခိုးယူပြီး ကတ်အတုတွေနဲ့ ဘတ်သန်း ၃၀ ခန့် လိမ်လည်ခဲ့တဲ့…

ဖတ်ရန်
ဘေးကင်းမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပတွေ ရောင်းချမှုအတွက် AliExpress ကို ဥရောပသမဂ္ဂက ယူရို သန်း ၅၅၀ စံချိန်တင် ဒဏ်ရိုက် နိုင်ငံတကာသတင်း

ဘေးကင်းမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပတွေ ရောင်းချမှုအတွက် AliExpress ကို ဥရောပသမဂ္ဂက ယူရို သန်း ၅၅၀ စံချိန်တင် ဒဏ်ရိုက်

ဘေးကင်းလုံခြုံမှုမရှိတဲ့ ပစ္စည်းတွေနဲ့ အတုအပ ကုန်ပစ္စည်းတွေ ရောင်းချနေတာကို ထိထိရောက်ရောက် တားဆီးဖို့ ပျက်ကွက်ခဲ့တာကြောင့် တရုတ်အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ AliExpress ကို ဥရောပကော်မရှင် (European Commission) က…

ဖတ်ရန်
မြောက်ကိုရီးယားကနေ စစ်သည် ၃၀,၀၀၀ ထပ်မံခေါ်ယူဖို့ ရုရှား ပြင်ဆင်နေ နိုင်ငံတကာသတင်း

မြောက်ကိုရီးယားကနေ စစ်သည် ၃၀,၀၀၀ ထပ်မံခေါ်ယူဖို့ ရုရှား ပြင်ဆင်နေ

၄ နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံဟာ မြောက်ကိုရီးယား စစ်သည်အင်အား ၃၀,၀၀၀ အထိ ထပ်မံဖြည့်တင်း ခေါ်ယူသွားဖို့ စီစဉ်နေပြီး အဆိုပါတပ်ဖွဲ့တွေကို လက်ခံဖို့လည်း ပြင်ဆင်မှုတွေ…

ဖတ်ရန်