အရေးပေါ်
ပြည်တွင်းသတင်း

ဆိုင်ကယ်စီးလာတဲ့ မူလတန်းပြဆရာမ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပို့ကားက ဝင်တိုက်လို့ သေဆုံး

၂၀၂၆ ဇူလိုင် ၂၈ Myo Taw
ဆိုင်ကယ်စီးလာတဲ့ မူလတန်းပြဆရာမ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပို့ကားက ဝင်တိုက်လို့ သေဆုံး

ဆိုင်ကယ်စီးလာတဲ့ မူလတန်းပြဆရာမ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပို့ကားက ဝင်တိုက်လို့ သေဆုံး

ဇူလိုင် ၂၈

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပို့ယာဉ်က ကျောင်းဆရာမနဲ့ ကလေးငယ် စီးလာတဲ့ဆိုင်ကယ်ကို ဝင်တိုက်လို့ ကျောင်းဆရာမဖြစ်သူ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က မိတ္တီလာ-ကျောက်ပန်းတောင်း လမ်းမပေါ်မှာ ဖြစ်ခဲ့တာလို့ သိရပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ကြပ် ဉာဏ်ပိုင်ထွေး မောင်းနှင်လာတဲ့ ယာဉ်အမှတ် ၁၇၁၄(ဘ) ထောက်ပို့ယာဉ်က မူလတန်းပြဆရာမ ဒေါ်မြကေသီခိုင်နဲ့ ကျောင်းသူတဦးတို့ စီးလာတဲ့ ဆိုင်ကယ်ကို တိုက်မိခဲ့တာလို့ ဆိုပါတယ်။

“စစ်ကားက ဘလိုင်းကြီးတိုက်သွားတာပါ၊ ဆိုင်ကယ်မောင်းနေတဲ့ ကျောင်းဆရာမ သေတယ်၊ ကျောင်းသူလေးက အတော်လေး ထိခိုက်ဒဏ်ရာရတယ်၊ စစ်တပ်ဘက်က အရေးယူလား မယူလားတော့ မသိဘူး၊ ရဲတွေတော့ ရောက်လာတယ်” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် အိုင့်ကြီးလည်ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် မူလတန်းပြဆရာမ ဒေါ်မြကေသီခိုင်ဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကာ အတူပါလာတဲ့ အသက် ၁၆ နှစ်အရွယ်ကျောင်းသူ မအိစန္ဒာဖြိုးဟာလည်း ဘယ်ဘက်ခြေသလုံး ပြင်းထန်ကြိုးပဲ့ဒဏ်ရာ အပါအဝင် ခန္ဓာကိုယ်အနှံ့ ပွန်းပဲ့ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းလောက်ကလည်း မကွေး-နတ်မောက်လမ်းက ကံလှရွာအနီးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပို့တပ်က ဆီဘောက်ဆာကားနဲ့ အရပ်သားတွေစီးလာတဲ့ Light Truck ကားတို့ မျက်နှာချင်းဆိုင် တိုက်မိကာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒုတပ်ကြပ် အပါအဝင် ၅ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဝဇီရာကဇာတ်ရုံ ဖွင့်ပွဲတက် မင်းအောင်လှိုင်ကို မရောင်ရာဆီလူး သမ္မတတုလို့  ပြည်သူတွေဝေဖန် ပြည်တွင်းသတင်း

ဝဇီရာကဇာတ်ရုံ ဖွင့်ပွဲတက် မင်းအောင်လှိုင်ကို မရောင်ရာဆီလူး သမ္မတတုလို့ ပြည်သူတွေဝေဖန်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ တည်ရှိတဲ့ ရာစုနှစ်နီးပါး သက်တမ်းရှိ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံ ကဇာတ်ရုံအဖြစ် ပြန်လည်ပြုပြင်ဖွင့်လှစ်ပွဲကို ဇူလိုင် (၂၇) ရက် မနက်ပိုင်းက…

ဖတ်ရန်
DEMU အမြန်ရထားပေါ်မှာ ခရီးသွားတွေကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့ ဒေါ်မြသန်းနဲ့အဖွဲ့ကို မော်လမြိုင်ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်လို့ဆို မှုခင်းသတင်း

DEMU အမြန်ရထားပေါ်မှာ ခရီးသွားတွေကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့ ဒေါ်မြသန်းနဲ့အဖွဲ့ကို မော်လမြိုင်ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်လို့ဆို

DEMU အမြန်ရထားပေါ်မှာ ခရီးသွားတွေကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့ ဒေါ်မြသန်းနဲ့အဖွဲ့ကို မော်လမြိုင်ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်လို့ဆို

ဖတ်ရန်