အရေးပေါ်
ပြည်တွင်းသတင်း

ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်အကြီးစားမို့ ရှင်းလင်းခဲ့ရတာလို့ နတ်မောက် ပကဖ သတင်းထုတ်ပြန်

၂၀၂၆ ဇူလိုင် ၃ Myo Taw

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နလက္ခုပ္ပင်ကျေးရွာက ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်သူလျှိုအကြီးစား ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်အကြီးစားမို့ ရှင်းလင်းခဲ့ရတာလို့ နတ်မောက် ပကဖ သတင်းထုတ်ပြန်

ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်အကြီးစားမို့ ရှင်းလင်းခဲ့ရတာလို့ နတ်မောက် ပကဖ သတင်းထုတ်ပြန်

ဇူလိုင် ၃

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နလက္ခုပ္ပင်ကျေးရွာက ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို ဒလန်သူလျှိုအကြီးစား ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မေလလယ်ပိုင်းက ဒေါ်ဇင်မေထွန်းကို နတ်မောက်မြို့နယ် ပ.က.ဖ က ဖမ်းဆီးသွားပြီးနောက် ရွာထိပ်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ဒေါ်ဇင်မေထွန်းရဲ့ သားဖြစ်သူက ဖြေရှင်းချက်ပေးဖို့ လှုမှုကွန်ရက်ကနေ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူ ဒေါ်ဇင်မေထွန်းဟာ နိုင်ငံရေးကိစ္စ နဲ့ပတ်သတ်ပြီး လုံးဝ အပြစ်မရှိကြောင်း၊ ဖုန်းတွေကို စစ်ဆေးခဲ့စဉ်ကလည်း တစုံတရာ မတွေ့ရှိဘဲ ပြန်လွှတ်ပေးမယ်လို့ဆိုကာ ဥပဒေမဲ့ ဖမ်းဆီးသွားခဲ့ပြီးနောက် ရွာထိပ်က ဇရပ်အနီးမှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာဖြစ်ပြီး တာဝန်ရှိသူတွေအနေနဲ့လည်း တာဝန်ယူမှု မရှိကြောင်း ဇွန်လ ၂၉ ရက်နေ့က သူ့ရဲ့ လူမှုကွန်ယက်ကတဆင့် ရေးသားပြောဆိုထားပါတယ်။

မနေ့က ဇူလိုင် ၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်သူတွေ အထင်အမြင် လွဲမှားသွားစေနိုင်တာကြောင့် သတင်းထုတ်ပြန်ပြီး ဖြေရှင်းရခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်မှာပါတဲ့ တချို့အချက်တွေအရ ဒေါ်ဇင်မေထွန်းဟာ အာဏာသိမ်းစစ်အုပ်စုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး တော်လှန်ရေးရဲဘော်တွေကို PDF တွေဖြစ်တာကြောင့် ဈေးရောင်းဖို့ ငြင်းဆန်တယ်လို့ သိရပြီး ရွာသူရွာသားတွေကိုလည်း ရဲဘော်တွေကို ဈေးမရောင်းဖို့ အာဏာသိမ်းစစ်တပ်က ဗိုလ်မှူးက ပြောဆိုထားကြောင်း ဝါဒဖြန့် ပြောဆိုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်ဇင်မေထွန်းရဲ့ သတင်းပေးမှုကြောင့် တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ မိသားစုနေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အပြင် ၂၀၂၁ ခုနှစ်ကလည်း သူမရဲ့ ဆွေမျိုးတွေက သတင်းပေးမှုကြောင့် ရွာသား ၃ ဦး အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း တော်လှန်ရေးရဲဘော်တွေ ကျေးရွာအတွင်းမှာ ရိက္ခာအတွက် အလှူခံနေစဉ် ဒေါ်ဇင်မေထွန်းက သတင်းပေး တိုင်ကြားခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရရှိပြီး ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဒေါ်ဇင်မေထွန်းကို မြို့နယ် ပ.က.ဖ စစ်ရေးတာဝန်ခံ ဗိုလ်ယက္ခက ခေါ်ယူသတိပေးခဲ့ပေမဲ့ လိုက်နာခြင်း မရှိတာကြောင့် အခုလို ရှင်းလင်းခဲ့ရတာလို့ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဘက်ကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲဘော် ၁ ဦးကလည်း ဒေါ်ဇင်မေထွန်းဟာ စစ်အုပ်စုရဲ့ ဒလန် အစစ်အမှန်ဖြစ်ကြောင်း ထွက်ဆိုထောက်ခံထားသလို ကျေးရွာနေ ပြည်သူတွေကလည်း ပြောဆိုထောက်ခံထားကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေါ်ဇင်မေထွန်းရဲ့ သားဖြစ်သူ စွပ်စွဲထားတဲ့ ရွှေ၊ ငွေနဲ့ ဖုန်း ၄ လုံးကို ယူဆောင်သွားတယ်ဆိုတာဟာလည်း မဟုတ်မှန်ဘဲ ဆိုင်ကယ် ၁ စီး နဲ့ ဖုန်း ၁ လုံးကိုသာ သိမ်းဆည်းခဲ့တယ်လို့ နတ်မောက် ပ.က.ဖ က ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

#myotawnpt
#Myotaw

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ကျိုင်းတုံမှာ ပရိဘောဂဆိုင်ပိုင်ရှင်ရဲ့ သမီးကို နေ့လယ်ခင်းကြီး ပေါ်တင်ပြန်ပေးဆွဲမှု ဖြစ်ပွား ပြည်တွင်းသတင်း

ကျိုင်းတုံမှာ ပရိဘောဂဆိုင်ပိုင်ရှင်ရဲ့ သမီးကို နေ့လယ်ခင်းကြီး ပေါ်တင်ပြန်ပေးဆွဲမှု ဖြစ်ပွား

ဇူလိုင်လ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်က ကျိုင်းတုံမြို့ အမှတ်(၄) ရပ်ကွက်၊ နွဲနော်ရပ်က “ကိုစိုင်းလွတ်” ပရိဘောကဆိုင်ရှေ့ကို အိမ်စီးကားအဖြူစီးလာတဲ့ အမျိုးသား ၄…

ဖတ်ရန်
မိခင်ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ ညီမနှစ်ဦး လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်ခံခဲ့ရ ပြည်တွင်းသတင်း

မိခင်ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ ညီမနှစ်ဦး လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်ခံခဲ့ရ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်မှာ မိခင်ဖြစ်သူ ကိုယ်တိုင်က ခွင့်ပြုခိုင်းစေမှုကြောင့် အသက်မပြည့်သေးတဲ့ အမျိုးသမီး ကလေးငယ် ၂ ဦးဟာ

ဖတ်ရန်
မော်လမြိုင်မှာ ပျောက်ဆုံးနေတဲ့ Taxi ယာဥ်မောင်းတဦး သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့တွေ့
VIDEO ပြည်တွင်းသတင်း

မော်လမြိုင်မှာ ပျောက်ဆုံးနေတဲ့ Taxi ယာဥ်မောင်းတဦး သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့တွေ့

မော်လမြိုင်မှာ ပျောက်ဆုံးနေတဲ့ Taxi ယာဥ်မောင်းတဦး သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့တွေ့တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်