အရေးပေါ်
နိုင်ငံတကာသတင်း

နယူးယောက်မှာ ဝက်သက်ရောဂါကူးစက်မှု စံချိန်တင် မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်

၂၀၂၆ အောက်တိုဘာ ၆ Myo Taw
နယူးယောက်မှာ ဝက်သက်ရောဂါကူးစက်မှု စံချိန်တင် မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်

နယူးယောက်မှာ ဝက်သက်ရောဂါကူးစက်မှု စံချိန်တင် မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်

အောက်တိုဘာ ၆

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာ ဝက်သက်ရောဂါ ကူးစက်မှုတွေ စံချိန်တင် မြင့်တက်လာတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူးလ်က အောက်တိုဘာ ၅ ရက်နေ့က စတင်ကာ တပြည်နယ်လုံး အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

ဒါဟာ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝန်း ဝက်သက်ရောဂါ ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာပြီးနောက်ပိုင်း အမေရိကန်ပြည်နယ်တခုကနေ အခုလို သဘာဝဘေးအရေးပေါ်အခြေအနေ ပထမဆုံး ထုတ်ပြန်ရတာလည်း ဖြစ်ပါတယ်။

နယူးယောက်ပြည်နယ်မှာ အောက်တိုဘာ ၃ ရက်အထိ ဒီနှစ်အတွင်း ဝက်သက်ကူးစက်သူ ၁၀၈ ဦး ရှိလာပြီး အဲဒီထဲက ၉၂ ဦးဟာ ဇူလိုင် ၁၅ ရက်နောက်ပိုင်း ကာကွယ်ဆေးထိုးနှံမှု အားနည်းတဲ့ ကျေးလက်ဒေသ ၁၈ ခရိုင်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကူးစက်သူတွေထဲမှာ နယူးယောက်မြို့က ၇ ဦး၊ ပြည်နယ်အတွင်း အခြားဒေသတွေက ၁၀၁ ဦး ပါဝင်ပါတယ်။

ရောဂါကူးစက်မှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့အတွက် ထုတ်ပြန်လိုက်တဲ့ အရေးပေါ်အမိန့်အရ မှတ်ပုံတင် သူနာပြုတွေကို ရောဂါသံသယရှိသူတွေအပေါ် ဓာတ်ခွဲစစ်ဆေးဖို့ ညွှန်ကြားခွင့် ပေးထားသလို ဆေးဝါးကျွမ်းကျင်သူတွေအနေနဲ့လည်း အသက် ၂ နှစ်အရွယ် ကလေးတွေအထိ ဝက်သက်၊ ပါးချိတ်ရောင်နဲ့ ဂျိုက်သိုး သုံးမျိုးစပ် ကာကွယ်ဆေး (MMR Vaccine) ထိုးနှံပေးခွင့် အာဏာ တိုးမြှင့်ပေးထားပါတယ်။

နယူးယောက်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာတော့ ဝက်သက်ကူးစက်ခံရသူ ၁,၀၀၀ ကျော်သွားပြီဖြစ်ပြီး ဆယ်စုနှစ် ၃ ခုကျော်အတွင်း အဆိုပါပြည်နယ်မှာ စံချိန်တင် ကူးစက်မှုလည်း ဖြစ်လာပါတယ်။ အောက်တိုဘာ ၂ ရက်အထိ ကူးစက်သူ ၉၇၇ ဦးနဲ့ သေဆုံးသူ ၅ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတဝန်းလုံးမှာလည်း ဒီနှစ်ဟာ ၁၉၉၁ ခုနှစ်နောက်ပိုင်း ဝက်သက်ကူးစက်မှု အများဆုံးနှစ်ဖြစ်လာနေပြီး ကူးစက်သူ ၃,၉၀၀ နီးပါး ရှိလာပြီလို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (CDC) က ထုတ်ပြန်ထားပါတယ်။

နယူးယောက်ရဲ့ အရေးပေါ်အမိန့်ဟာ အောက်တိုဘာ ၅ ရက်နေ့မှာ စတင်အသက်ဝင်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်အထိ တလကြာ အကျုံးဝင် သက်ရောက်မှာ ဖြစ်ပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ပြင်သစ်မှာ ကျောင်းသားဆန္ဒပြပွဲတွေကြောင့် အထက်တန်းကျောင်း ရာနဲ့ချီ ဆက်လက်ပိတ်ထားရ နိုင်ငံတကာသတင်း

ပြင်သစ်မှာ ကျောင်းသားဆန္ဒပြပွဲတွေကြောင့် အထက်တန်းကျောင်း ရာနဲ့ချီ ဆက်လက်ပိတ်ထားရ

ကျောင်းအဆောက်အအုံတွေ ပျက်စီးယိုယွင်းနေမှု၊ စာသင်ခန်းတွေ လူပြည့်ကျပ်နေမှုနဲ့ ဆရာဆရာမ မလုံလောက်မှုတွေကို ကန့်ကွက်တဲ့ ကျောင်းသားဆန္ဒပြပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အောက်တိုဘာ ၅ ရက်မှာတော့ အထက်တန်းကျောင်း ရာနဲ့ချီ…

ဖတ်ရန်
ကော်နယ်တက္ကသိုလ် ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားတဲ့ အမျိုးသမီး ခြိမ်းခြောက်ခံနေရ နိုင်ငံတကာသတင်း

ကော်နယ်တက္ကသိုလ် ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားတဲ့ အမျိုးသမီး ခြိမ်းခြောက်ခံနေရ

အမေရိကန်မှာ ကော်နယ်တက္ကသိုလ် ကျောင်းသားတချို့က မူးယစ်ဆေးခတ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမျိုးသမီးဟာ အမှုကို ရုပ်သိမ်းဖို့ ဖိအားပေးခြိမ်းခြောက်မှုတွေ ခံနေရတယ်လို့ သူမရဲ့ရှေ့နေက အောက်တိုဘာ…

ဖတ်ရန်
ရုရှားမှာ ပလိပ်ရောဂါ သံသယဖြစ်ပွားမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦး သီးသန့်စောင့်ကြည့်ခံနေရ၊ ပူတင်အစိုးရက သတင်းဖုံးဖို့ ကြိုးစားနေ နိုင်ငံတကာသတင်း

ရုရှားမှာ ပလိပ်ရောဂါ သံသယဖြစ်ပွားမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦး သီးသန့်စောင့်ကြည့်ခံနေရ၊ ပူတင်အစိုးရက သတင်းဖုံးဖို့ ကြိုးစားနေ

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသမှာ သံသယဖြစ်ဖွယ် အကျိတ်ပလိပ်ရောဂါ (Bubonic Plague) ကူးစက်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦးကို အရေးပေါ်…

ဖတ်ရန်
“ငါ့ရဲ့ ဆိုးသွမ်းတဲ့အခြမ်းကို လူတိုင်းက မသိကြဘူး” လို့ TikTok မှာ ပို့စ်တင်ခဲ့တဲ့ မက္ကဆီကိုဆယ်လီ မိသားစုလိုက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံး နိုင်ငံတကာသတင်း

“ငါ့ရဲ့ ဆိုးသွမ်းတဲ့အခြမ်းကို လူတိုင်းက မသိကြဘူး” လို့ TikTok မှာ ပို့စ်တင်ခဲ့တဲ့ မက္ကဆီကိုဆယ်လီ မိသားစုလိုက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံး

လူမှုကွန်ရက်ပေါ်မှာ သူမရဲ့ ဆိုးသွမ်းတဲ့အခြမ်း (nasty side) အကြောင်း ရေးသားဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ မက္ကဆီကိုနိုင်ငံက လူသိများတဲ့ TikTok ဆယ်လီ စင်ဒီ တာမက်ဇ်နဲ့…

ဖတ်ရန်