အရေးပေါ်
နိုင်ငံတကာသတင်း

ပါကစ္စတန်က အစိုးရဆေးရုံတခုမှာ အဲယားကွန်းစနစ် ချို့ယွင်းမှုကနေ မီးလောင်မှုဖြစ်ပွားပြီး မွေးကင်းစကလေးငယ် ၁၅ ဦး သေဆုံး

၂၀၂၆ သြဂုတ် ၂၆ Myo Taw
ပါကစ္စတန်က အစိုးရဆေးရုံတခုမှာ အဲယားကွန်းစနစ် ချို့ယွင်းမှုကနေ မီးလောင်မှုဖြစ်ပွားပြီး မွေးကင်းစကလေးငယ် ၁၅ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ အစ္စလမ္မာဘတ်မြို့က အစိုးရဆေးရုံတခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မွေးကင်းစ ကလေးငယ် ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဟာ ဩဂုတ် ၂၆ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ ပါကစ္စတန် ဆေးဘက်ဆိုင်ရာသိပ္ပံအင်စတီကျု (PIMS) ဆေးရုံရဲ့ မိခင်နဲ့ကလေးကျန်းမာရေးဌာန တတိယထပ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲယားကွန်းစနစ် ချို့ယွင်းမှုကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဒေသတွင်း ရုပ်သံဌာန Geo TV က ဆိုပါတယ်။

မီးလောင်ချိန်မှာ အဆိုပါဆောင်အတွင်း မွေးကင်းစကလေး ၁၆ ဦးရှိခဲ့ပြီး အဲဒီထဲက ကလေးငယ် ၁ ဦးကိုသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာကြောင့် ကျန်တဲ့ကလေးငယ် ၁၅ ဦးစလုံး သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါမီးလောင်မှုဟာ မကြာသေးခင်နှစ်တွေအတွင်း ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆေးရုံမီးလောင်မှုတွေထဲက လူသေဆုံးမှုအများဆုံး ဖြစ်စဉ်တွေထဲကတခု ဖြစ်လာခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုကို ထောက်ပံ့ကြေးပေးထားပေမဲ့ ဆေးရုံသုံးပစ္စည်း ကိရိယာ မလုံလောက်မှု၊ လူနာဝန်ပိမှုတို့အပြင် အစိုးရဆေးရုံတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် လေ့လာစောင့်ကြည့်သူတွေရဲ့ ဝေဖန်မှုကို မကြာခဏ ခံရလေ့ရှိပါတယ်။

မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘတ် ရှရစ်ဖ်က ချက်ချင်း စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို ညွှန်ကြားထားပြီး ဖြစ်စဉ်အတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်ကာ အပြင်းထန်ဆုံး အရေးယူမှုတွေ ပြုလုပ်သွားဖို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

PIMS ဆေးရုံဟာ အစ္စလမ္မာဘတ်မြို့လယ်ပိုင်းမှာ တည်ရှိတဲ့ အစိုးရဆေးရုံတွေထဲက အဓိက ဆေးရုံတခုဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းဟာ အဆိုပါဆေးရုံမှာ ဆေးကုသမှု ခေတ္တခံယူခဲ့သေးတယ်လို့ သိရပါတယ်။

Ref & Photo; Reuters

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ရာသီဥတု ဆိုးရွားမှုကြောင့် နီပေါရေဘေးကယ်ဆယ်ရေး ယာယီရပ်ဆိုင်း၊ ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားနည်းပညာအကူအညီ လိုအပ်နေ နိုင်ငံတကာသတင်း

ရာသီဥတု ဆိုးရွားမှုကြောင့် နီပေါရေဘေးကယ်ဆယ်ရေး ယာယီရပ်ဆိုင်း၊ ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားနည်းပညာအကူအညီ လိုအပ်နေ

နီပေါနိုင်ငံမှာ ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဩဂုတ်လ ၂၉ ရက်မှာ ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

ဖတ်ရန်
စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ နိုင်ငံတကာသတင်း

စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ

ထိုင်ဝမ်စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို အကြီးအကျယ် တိုးချဲ့ဖို့ အစိုးရက တင်သွင်းထားတဲ့ ထိုင်ဝမ်ဒေါ်လာ ၂၁၀ ဘီလီယံ (ယူကေပေါင် ၄ ဒသမ ၉ ဘီလီယံခန့်) အထူးဘတ်ဂျက်…

ဖတ်ရန်
Meta ရဲ့ လူငယ်ကာကွယ်ရေးအစီအစဉ် ကမ္ဘာတစ်ဝန်းလုံး ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား ပြော နိုင်ငံတကာသတင်း

Meta ရဲ့ လူငယ်ကာကွယ်ရေးအစီအစဉ် ကမ္ဘာတစ်ဝန်းလုံး ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား ပြော

လူငယ်တွေ လူမှုကွန်ရက်အသုံးပြုမှုကို အလွန်အကျွံဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်မယ့် Meta ရဲ့ အစီအစဉ်တွေကို ကမ္ဘာတစ်ဝန်းက လူငယ်အသုံးပြုသူတွေအတွက်ပါ ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား မီဒီယာနဲ့ ဆက်သွယ်ရေးကော်မရှင် (KMCC)…

ဖတ်ရန်
AI နည်းပညာအခြေပြု အော်တိုစနစ် စစ်လက်နက်တွေ ထိန်းချုပ်နိုင်ရေး စည်းမျဉ်းတွေ သတ်မှတ်ဖို့ UN နဲ့ ICRC အရေးပေါ်တောင်းဆို နိုင်ငံတကာသတင်း

AI နည်းပညာအခြေပြု အော်တိုစနစ် စစ်လက်နက်တွေ ထိန်းချုပ်နိုင်ရေး စည်းမျဉ်းတွေ သတ်မှတ်ဖို့ UN နဲ့ ICRC အရေးပေါ်တောင်းဆို

လူသားတွေရဲ့ တိုက်ရိုက်ထိန်းချုပ်မှုမရှိဘဲ လူသားတွေကို အလိုအလျောက် ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ လက်နက်စနစ်တွေ စစ်ပွဲတွေမှာ အသုံးပြုလာနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် အဲဒီလက်နက်တွေ အသုံးပြုမှုကို ထိန်းချုပ်နိုင်ရေး အရေးပေါ်ဆွေးနွေးမှုတွေ စတင်ဖို့ အပြည်ပြည်ဆိုင်ရာ…

ဖတ်ရန်