အရေးပေါ်
နိုင်ငံတကာသတင်း

ဈေးပေါတဲ့ တစ်ရှူးစက္ကူတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်တယ်လို့ ထိုင်းဆရာဝန် သတိပေး

၂၀၂၆ နိုဝင်ဘာ ၁၇ Myo Taw
ဈေးပေါတဲ့ တစ်ရှူးစက္ကူတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်တယ်လို့ ထိုင်းဆရာဝန် သတိပေး

ဈေးပေါတဲ့ တစ်ရှူးစက္ကူတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်တယ်လို့ ထိုင်းဆရာဝန် သတိပေး

နိုင်ဝင်ဘာ ၁၇

အွန်လိုင်းကနေ ဈေးပေါပေါနဲ့ ရောင်းချနေတဲ့ တစ်ရှူးစက္ကူတွေမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းနဲ့ ရောဂါပိုးမွှားတွေ ပါဝင်နိုင်တာကြောင့် သတိထားရွေးချယ်ကြဖို့ ထိုင်းဆရာဝန်တစ်ဦးက သတိပေးလိုက်ပါတယ်။

ထိုင်းဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ သနက် အမော်န်ပီတက်ကွန်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် တစ်ရှူးစက္ကူအသုံးပြုခြင်းရဲ့ အန္တရာယ်တွေအကြောင်း အသိပညာပေးဗီဒီယိုတခု တင်ခဲ့တာပါ။

ဒေါက်တာ သနက်က အရည်အသွေးနိမ့် တစ်ရှူးစက္ကူတွေမှာ စက္ကူဖြူစေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နိုင်ပြီး မကြာခဏ အသုံးပြုပါက အရေပြားယားယံတာနဲ့ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သေချာသန့်စင်မထားတဲ့ ပြန်လည်အသုံးပြုစက္ကူတွေကနေ ထုတ်လုပ်ထားတာဖြစ်ပါက အညစ်အကြေးနဲ့ ရောဂါပိုးမွှားတွေ ပါဝင်နိုင်သလို စက္ကူမှုန့်နဲ့ အမျှင်စတွေ ရှူရှိုက်မိတာကြောင့် အသက်ရှူလမ်းကြောင်းကိုလည်း ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

အထူးသဖြင့် စက္ကူဖြူအောင်ပြုလုပ်တဲ့ လုပ်ငန်းစဉ်မှာ ထိန်းချုပ်မှုအားနည်းပါက ဒိုင်အောက်စင် (Dioxins) လို့ခေါ်တဲ့ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပေါ်လာနိုင်ပြီး အဲဒီဓာတ်တချို့နဲ့ ရေရှည်ထိတွေ့မှုဟာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တစ်ရှူးစက္ကူဝယ်ယူရာမှာ ဈေးနှုန်းသက်သာတာ တခုတည်းကို မကြည့်ဘဲ ထုတ်ကုန်အညွှန်းနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ထောက်ခံချက်တွေကို စစ်ဆေးဖို့၊ သစ်သားပျော့ဖတ်အသစ် ၁၀၀ ရာခိုင်နှုန်း အသုံးပြုထားတဲ့ တစ်ရှူးစက္ကူတွေကို ဦးစားပေးရွေးချယ်ဖို့ ဒေါက်တာ သနက်က တိုက်တွန်းထားပါတယ်။

Ref & Photo: Khaosod

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး နိုင်ငံတကာသတင်း

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး

အိန္ဒိယနိုင်ငံမှာ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီတစ်ဦးရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တဦးဟာ ဆယ်လီရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဖတ်ရန်
ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း နိုင်ငံတကာသတင်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေ စားပွဲအဝိုင်းကြီးတခုမှာ အတူထိုင်နေတဲ့ မြင်ကွင်းဟာ ၂၁ ရာစု သံတမန်ရေးရာ သမိုင်းမှာ မှတ်တမ်းဝင်ကျန်ရစ်မယ့်…

ဖတ်ရန်
ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး ပြည်တွင်းသတင်း

ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းတပ်သားသစ်ကို အလုပ်ကြမ်းခိုင်းစေရာက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ နိုင်ငံတကာသတင်း

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ

မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံသို့ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်နှင့် ကျေးလက်ဒေသနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး…

ဖတ်ရန်