အရေးပေါ်
နိုင်ငံတကာသတင်း

ထရမ့်က ဆော်ဒီအာရေဗျအတွက် ယူရေနီယမ်သန့်စင်ခွင့် ရနိုင်မယ့် နျူကလီးယားသဘောတူညီချက်ကို အတည်ပြု

၂၀၂၆ ဇူလိုင် ၂၂ Myo Taw
ထရမ့်က ဆော်ဒီအာရေဗျအတွက် ယူရေနီယမ်သန့်စင်ခွင့် ရနိုင်မယ့် နျူကလီးယားသဘောတူညီချက်ကို အတည်ပြု

ထရမ့်က ဆော်ဒီအာရေဗျအတွက် ယူရေနီယမ်သန့်စင်ခွင့် ရနိုင်မယ့် နျူကလီးယားသဘောတူညီချက်ကို အတည်ပြု

ဇူလိုင် ၂၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီအာရေဗျရဲ့ အရပ်ဘက် နျူကလီးယား စီမံကိန်းမှာ ယူရေနီယမ် သန့်စင်စွမ်းရည် ရရှိလာစေနိုင်မယ့် နှစ် ၃၀ သက်တမ်းရှိ သဘောတူညီချက်တစ်ခုကို အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ် ၂ ခုကို ကိုးကားပြီး အေပီသတင်းဌာန (AP) က ဖော်ပြလိုက်ပါတယ်။

ဒီသဘောတူညီချက်အရ အမေရိကန် ကုမ္ပဏီတွေက ဆော်ဒီရဲ့ နျူကလီးယား စီမံကိန်း တည်ဆောက်ရေးမှာ ပါဝင်သွားမှာဖြစ်ပြီး ပူးတွဲလေ့လာမှု ပြုလုပ်ပြီးနောက် ဆော်ဒီမှာ ယူရေနီယမ် သန့်စင်စက်ရုံ တည်ဆောက်ခွင့်လည်း ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သဘောတူညီချက်ကို အမေရိကန်လွှတ်တော်က ပြန်လည်စိစစ်သုံးသပ်ရမှာဖြစ်ပြီး ဆော်ဒီကို ယူရေနီယမ်သန့်စင်ခွင့်ပေးတာဟာ နျူကလီးယားလက်နက်ပြန့်ပွားမှုနဲ့ ဒေသတွင်း နျူကလီးယားပြိုင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်နေတဲ့ လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်ရနိုင်ဖွယ် ရှိနေပါတယ်။

ဒါ့အပြင် ဆော်ဒီဟာ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် အခုသဘောတူညီချက်မှာ ပိုမိုတင်းကျပ်တဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နိုင်မယ့် IAEA ရဲ့ ထပ်ဆောင်းနောက်ဆက်တွဲပရိုတိုကော (Additional Protocol) ပါဝင်လာဖို့ မရှိဘူးလို့ ဆိုပါတယ်။

နျူကလီးယားလက်နက်ပြန့်ပွားမှု တားဆီးရေး ကျွမ်းကျင်သူတွေကတော့ ဆော်ဒီမှာ ယူရေနီယမ်သန့်စင်စက်ရုံတွေ လည်ပတ်လာရင် နျူကလီးယားလက်နက်ထုတ်လုပ်ရေးဆီ လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလမန်ကလည်း အီရန်သာ အဏုမြူဗုံး ရရှိသွားရင် မိမိတို့လည်း ရယူသွားမယ်လို့ အရိပ်အမြွက် ပြောဆိုထားဖူးပါတယ်။

လက်ရှိမှာ ဆော်ဒီဟာ နျူကလီးယားပိုင်လက်နက် ပိုင်ဆိုင်တဲ့ ပါကစ္စတန်နဲ့ ပူးတွဲကာကွယ်ရေး စာချုပ် ရေးထိုးထားပြီး ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကလည်း လိုအပ်ရင် ပါကစ္စတန်ရဲ့ နျူကလီးယားအစီအစဉ်ကို ဆော်ဒီအတွက် အသုံးပြုခွင့်ပေးမယ်လို့ ပြောဆိုထားပါတယ်။

Ref & Photo; AP

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဘတ် ၁ ဘီလီယံကျော်တန်ဖိုးရှိ အဆင့်မြင့်အိမ်ရာတွေကို နာမည်ခံကုမ္ပဏီ ၃၃ ခုနဲ့ တရားမဝင်ဝယ်ယူထားတဲ့ တရုတ်စီးပွားရေးကွန်ရက်ကို ထိုင်းရဲတပ်ဖွဲ့ ဖြိုခွဲ နိုင်ငံတကာသတင်း

ဘတ် ၁ ဘီလီယံကျော်တန်ဖိုးရှိ အဆင့်မြင့်အိမ်ရာတွေကို နာမည်ခံကုမ္ပဏီ ၃၃ ခုနဲ့ တရားမဝင်ဝယ်ယူထားတဲ့ တရုတ်စီးပွားရေးကွန်ရက်ကို ထိုင်းရဲတပ်ဖွဲ့ ဖြိုခွဲ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားများ အိမ်ခြံမြေပိုင်ဆိုင်ခွင့်ဆိုင်ရာ ဥပဒေကို ရှောင်လွှဲဖို့ နာမည်ခံ (Nominee) ကုမ္ပဏီ ၃၃ ခုကို အသုံးပြုကာ ဘတ် ၁.၂၇၅ ဘီလီယံကျော်တန်ဖိုးရှိ အဆင့်မြင့်အိမ်ရာ…

ဖတ်ရန်
မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောဆို ပြည်တွင်းသတင်း

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စ ရာချာဒါ သနာဒီရက်ခ်က ဒီကနေ့ ဇူလိုင်လ…

ဖတ်ရန်
အီရန်စစ်ပွဲအတွက် စစ်ရေးကုန်ကျစရိတ် ဒေါ်လာ ၃၇.၅ ဘီလီယံအထိ ရှိလာပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောဆို နိုင်ငံတကာသတင်း

အီရန်စစ်ပွဲအတွက် စစ်ရေးကုန်ကျစရိတ် ဒေါ်လာ ၃၇.၅ ဘီလီယံအထိ ရှိလာပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောဆို

အမေရိကန်က ဆင်နွှဲနေတဲ့ အီရန်စစ်ပွဲရဲ့ ကုန်ကျစရိတ်ဟာ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလီယံ အထိ ရှိလာပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ်က ဇူလိုင်လ ၂၁…

ဖတ်ရန်
တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ် နိုင်ငံတကာသတင်း

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သံအမတ်တွေကို တရုတ်နဲ့ ဖိလစ်ပိုင် အပြန်အလှန် ဆင့်ခေါ်

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားဖွယ်ရာ ပိုင်နက်နယ်မြေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား အပြန်အလှန် စွပ်စွဲမှုတွေ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက ဘေဂျင်းမြို့ရှိ ဖိလစ်ပိုင်သံအမတ်ကို ဆင့်ခေါ်ခဲ့သလို ဖိလစ်ပိုင်သမ္မတ…

ဖတ်ရန်