အရေးပေါ်
ပြည်တွင်းသတင်း

ပုလဲမြို့နယ်ထဲက ကျေးရွာတချို့မှာ အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

၂၀၂၆ ဇူလိုင် ၂၂ Myo Taw
ပုလဲမြို့နယ်ထဲက ကျေးရွာတချို့မှာ အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

ပုလဲမြို့နယ်ထဲက ကျေးရွာတချို့မှာ အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကျေးရွာတရွာရှိ NUG ကြားကာလ ပညာရေးကျောင်းတကျောင်းမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ NUG ကြားကာလ ပညာရေးကျောင်းမှာ ကျောင်းသား ၂၀ ခန့်ဟာ အရေးပြားရောဂါတွေ ခံစားနေကြရပြီး ပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာလည်း ခံစားနေကြရတယ်လို့ ဆိုပါတယ်။

“ကလေးအယောက် ၂၀ လောက် ဖြစ်နေတာ။ ဆေးက တစ်ယောက်ကို ၇ ရက်လောက်တော့ သောက်ခိုင်းရမယ်။ လိုအပ်နေတဲ့ ဆေးဝါးတွေကတော့ Antibiotic နဲ့ အရေပြားလိမ်းဆေးတွေပါ။ ကလေးတွေ သဘောသဘာဝအရ အတူတူဆော့ကြတော့ တယောက်နဲ့ တယောက် ကူးစက်မြန်သွားတာလည်း ပါတယ်။ ကလေးတွေက ယားလို့ကုတ်တာကနေ လက်သည်း တွေကတဆင့် ပိုးဝင်ပြီး အနာတွေ ပိုဆိုးလာတာ" လို့ ဒေသခံ စေတနာ့ကျန်မာရေးဝန်ထမ်းတဦးက မြို့တော်ကို ပြောပါတယ်။

အဆိုပါ အရေပြား ရောဂါတွေဟာ ရေကြောင့် ဖြစ်နိုင်တယ်လို့ သိရပြီး ကျေးရွာမှာ ကူးစက်ခံနေရသူတွေဟာလည်း ငွေကြေး မတတ်နိုင်တာကြောင့် ဆေးဝါးသုံးစွဲနိုင်မှုမရှိဘဲ တယောက်ကနေတဆင့် ကူးရာကနေ ပိုမိုပြန့်နှံ့လာတာဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (9)

ဆက်စပ် သတင်းများ

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောဆို ပြည်တွင်းသတင်း

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စ ရာချာဒါ သနာဒီရက်ခ်က ဒီကနေ့ ဇူလိုင်လ…

ဖတ်ရန်
နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုပေးထားရာက လူသတ်မှုဖြစ်ပွားခဲ့ မှုခင်းသတင်း

နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုပေးထားရာက လူသတ်မှုဖြစ်ပွားခဲ့

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၂၂၀) အနီး လယ်ယာမြေထဲမှာ အဆောက်အဦးတွေ အခိုင်အမာတည်ဆောက်ပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာကို ဌာနဆိုင်ရာတွေနဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပေမယ့်…

ဖတ်ရန်
အင်းစိန်မြို့မရဲစခန်းက ရဲကင်းဂိတ် ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ
VIDEO ပြည်တွင်းသတင်း

အင်းစိန်မြို့မရဲစခန်းက ရဲကင်းဂိတ် ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ

အင်းစိန်မြို့မရဲစခန်းက ရဲကင်းဂိတ် ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်