အရေးပေါ်
ပြည်တွင်းသတင်း

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောဆို

၂၀၂၆ ဇူလိုင် ၂၂ Myo Taw
မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောဆို

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြောဆို

ဇူလိုင် ၂၂

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ပုံရိပ် ထိခိုက်လာမှာကို စိုးရိမ်ပူပန်ခြင်း မရှိဘူးလို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စ ရာချာဒါ သနာဒီရက်ခ်က ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းမှသာ ထိုင်းနယ်စပ်မှာ နေထိုင်သူတွေလည်း အေးချမ်းမှာဖြစ်လို့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ထိုင်းနိုင်ငံနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် ထိရောက်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ်က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်တယ်လို့လည်း မစ္စ ရာချာဒါ က ဆိုပါတယ်။

ဒါ့အပြင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးသန့်ဆွေးနွေးပွဲတွေကနေတဆင့် မြန်မာနိုင်ငံကို အာဆီယံ အသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အခွင့်အလမ်းတွေ ဖွင့်ပေးခဲ့တာဟာ ထိုင်းအစိုးရရဲ့ စိတ်ရင်းစေတနာကို ပိုမိုထင်ဟပ်စေတယ်လို့လည်း သူမက ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အပျက်သဘောဆောင်တဲ့ ပုံရိပ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရအပေါ် အကျိုးသက်ရောက်မှု ရှိလာမှာကို စိုးရိမ်မှု ရှိမရှိ မေးမြန်းရာမှာတော့ မစ္စ ရာချာဒါ က စိုးရိမ်မှု မရှိဘူးလို့ ပြောဆိုခဲ့ပြီး အိမ်နီးချင်း မဟုတ်တဲ့ ပြင်ပကလူတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေအဖြစ် အတူယှဉ်တွဲ နေထိုင်ကြရတာကို နားလည်ချင်မှ နားလည်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ကောင်းမွန်တဲ့အရာတွေ ဖြစ်ပေါ်လာရင် ထိုင်းပြည်သူတွေနဲ့ ထိုင်းနိုင်ငံပါ အကျိုးကျေးဇူးရရှိမှာဖြစ်လို့ အဟန့်အတားမလုပ်ဘဲ အချင်းချင်း ကူညီကြရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ မူးယစ်ဆေးဝါး ကုန်ကူးမှု၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းနှိမ်နင်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ မီးရှို့မှု၊ မြစ်ချောင်းတွေအတွင်း အဆိပ်သင့်မှုတွေကို အဓိကထား ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် တို့ဟာ လာမယ့် ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံ‌သွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

Ref & Photo; Khaosod

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ပုလဲမြို့နယ်ထဲက ကျေးရွာတချို့မှာ အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ ပြည်တွင်းသတင်း

ပုလဲမြို့နယ်ထဲက ကျေးရွာတချို့မှာ အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကျေးရွာတရွာရှိ NUG ကြားကာလ ပညာရေးကျောင်းတကျောင်းမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဖတ်ရန်
နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုပေးထားရာက လူသတ်မှုဖြစ်ပွားခဲ့ မှုခင်းသတင်း

နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ ခွင့်ပြုပေးထားရာက လူသတ်မှုဖြစ်ပွားခဲ့

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၂၂၀) အနီး လယ်ယာမြေထဲမှာ အဆောက်အဦးတွေ အခိုင်အမာတည်ဆောက်ပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာကို ဌာနဆိုင်ရာတွေနဲ့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပေမယ့်…

ဖတ်ရန်
အင်းစိန်မြို့မရဲစခန်းက ရဲကင်းဂိတ် ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ
VIDEO ပြည်တွင်းသတင်း

အင်းစိန်မြို့မရဲစခန်းက ရဲကင်းဂိတ် ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ

အင်းစိန်မြို့မရဲစခန်းက ရဲကင်းဂိတ် ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်