အရေးပေါ်
နိုင်ငံတကာသတင်း

တရုတ်ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံဖြစ်နိုင်တယ်လို့ ထရမ့် ပြော

၂၀၂၆ နိုဝင်ဘာ ၁၇ Myo Taw
တရုတ်ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံဖြစ်နိုင်တယ်လို့ ထရမ့် ပြော

တရုတ်ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံဖြစ်နိုင်တယ်လို့ ထရမ့် ပြော

နိုင်ဝင်ဘာ ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီတစ်ပတ်ထဲ သွားရောက်မယ့် တရုတ်နိုင်ငံခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ တွေ့ဆုံဖြစ်ကောင်း တွေ့ဆုံဖြစ်နိုင်တယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ထရမ့်ဟာ ပထမသမ္မတသက်တမ်းအတွင်း ကင်ဂျုံအွန်းနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး လက်ရှိသက်တမ်းမှာလည်း ထပ်မံတွေ့ဆုံဖို့ စိတ်ဝင်စားကြောင်း ပြောဆိုထားပေမဲ့ အမေရိကန်အရာရှိတွေကတော့ လတ်တလောမှာ တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုထားပါတယ်။

ထရမ့်ကတော့ တရုတ်နိုင်ငံမှာ ကင်ဂျုံအွန်နဲ့ တွေ့ဆုံမှု ဖြစ်မြောက်ရေးဟာ တရုတ်သမ္မတ ရှီကျင့်ဖျင် အပေါ်မှာ အဓိက မူတည်နေတယ်လို့ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

“ပြီးခဲ့တဲ့ တစ်လလောက်က ရှီကျင့်ဖျင် ဒီကို ရောက်လာခဲ့ပါသေးတယ်။ အခု ကျွန်တော်တို့ ရုရှားသမ္မတ ပူတင်နဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်သလို၊ ကင်ဂျုံအွန်းနဲ့လည်း တွေ့ဆုံဖြစ်ကောင်း တွေ့ဆုံဖြစ်ပါလိမ့်မယ်။ အဲလိုဆိုရင်တော့ အတော်လေး ကောင်းသွားမှာပါ။ ကျွန်တော်တို့ အကျိုးရှိတာတွေ အများကြီး လုပ်ဆောင်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်” လို့ ထရမ့်က ပြောဆိုထားပါတယ်။

ဆွေးနွေးပွဲတွေမှာတော့ ယူကရိန်းစစ်ပွဲ၊ နျူကလီးယားလက်နက် မပြန့်ပွားရေးနဲ့ အီရန်စစ်ပွဲ အရေးကိစ္စတွေကို အဓိကထား ဆွေးနွေးသွားဖွယ် ရှိနေပါတယ်။

ဒါပေမဲ့ အမေရိကန်အရာရှိတွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ သုံးပွင့်ဆိုင် ဆွေးနွေးမှုကနေ ခိုင်မာတဲ့ သဘောတူညီချက် ထွက်ပေါ်လာနိုင်ခြေ နည်းပါးတယ်လို့ ရှုမြင်နေကြပါတယ်။

ထရမ့်ဟာ ကင်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ အရင်ကလည်း အကြိမ်ကြိမ် ကြိုတင်ပြောဆိုခဲ့ပေမဲ့ တကယ်တမ်း တွေ့ဆုံမှု ဖြစ်မလာခဲ့သလို၊ မြောက်ကိုရီးယားဘက်ကလည်း လက်ရှိအချိန်မှာ အမေရိကန်သမ္မတနဲ့ တွေ့ဆုံဖို့ ဆန္ဒမရှိသေးကြောင်း အရိပ်အမြွက် ပြသထားပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး နိုင်ငံတကာသတင်း

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး

အိန္ဒိယနိုင်ငံမှာ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီတစ်ဦးရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တဦးဟာ ဆယ်လီရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဖတ်ရန်
ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း နိုင်ငံတကာသတင်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေ စားပွဲအဝိုင်းကြီးတခုမှာ အတူထိုင်နေတဲ့ မြင်ကွင်းဟာ ၂၁ ရာစု သံတမန်ရေးရာ သမိုင်းမှာ မှတ်တမ်းဝင်ကျန်ရစ်မယ့်…

ဖတ်ရန်
ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး ပြည်တွင်းသတင်း

ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းတပ်သားသစ်ကို အလုပ်ကြမ်းခိုင်းစေရာက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ နိုင်ငံတကာသတင်း

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ

မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံသို့ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်နှင့် ကျေးလက်ဒေသနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး…

ဖတ်ရန်