အရေးပေါ်
နိုင်ငံတကာသတင်း

အာရှခရီးစဉ် စတင်မယ့် ထရမ့်၊ ရှီကျင့်ဖျင်၊ ပူတင်တို့နဲ့ နျူကလီးယားအရေး ဆွေးနွေးဖို့ ရှိနေ

၂၀၂၆ နိုဝင်ဘာ ၁၆ Myo Taw
အာရှခရီးစဉ် စတင်မယ့် ထရမ့်၊ ရှီကျင့်ဖျင်၊ ပူတင်တို့နဲ့ နျူကလီးယားအရေး ဆွေးနွေးဖို့ ရှိနေ

အာရှခရီးစဉ် စတင်မယ့် ထရမ့်၊ ရှီကျင့်ဖျင်၊ ပူတင်တို့နဲ့ နျူကလီးယားအရေး ဆွေးနွေးဖို့ ရှိနေ

နိုင်ဝင်ဘာ ၁၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဟာ ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ အာရှခရီးစဉ် စတင်မှာဖြစ်ပြီး စီးပွားရေးသဘောတူညီချက်တွေ ရယူဖို့နဲ့ တရုတ်၊ ရုရှားခေါင်းဆောင်တွေနဲ့ ရှားရှားပါးပါး သုံးနိုင်ငံ နျူကလီးယားဆွေးနွေးပွဲ ပြုလုပ်ဖို့ ရှိနေပါတယ်။

ခရီးစဉ်ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကနေ စတင်မှာဖြစ်ပြီး အရှေ့တောင်အာရှခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးဖို့လည်း ရှိနေပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခရီးစဉ်ရဲ့ အရေးအကြီးဆုံး အပိုင်းကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့နဲ့ ပထမဆုံးအကြိမ် သုံးနိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံပြီး နျူကလီးယားလက်နက် သိုလှောင်ထားရှိမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ရုရှား-ယူကရိန်းစစ်ပွဲကိုတော့ ထည့်သွင်းဆွေးနွေးဖို့ မရှိဘူးလို့ အမေရိကန်အရာရှိတွေက ပြောထားပါတယ်။

တစ်ဖက်မှာလည်း Nvidia အမှုဆောင်အရာရှိချုပ်ဟောင်း ဂျင်ဆင်ဟွမ်ရဲ့ အရှုပ်တော်ပုံကြောင့် အမေရိကန်ရဲ့ ချစ်ပ်တင်ပို့မှုဆိုင်ရာ စည်းမျဉ်းတွေကို ကိုင်တွယ်ပုံအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေပေမယ့် ရှီကျင့်ဖျင်နဲ့ တွေ့ဆုံရာမှာ ဒီကိစ္စကို ထရမ့်က ဆွေးနွေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တရုတ်ခရီးစဉ်မှာတော့ SpaceX နဲ့ Tesla ကုမ္ပဏီအကြီးအကဲ အီလွန် မတ်စ် လည်း လိုက်ပါသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အီရန်နဲ့ အမေရိကန်စစ်ပွဲအရေးဟာလည်း ထရမ့်ရဲ့ အာရှခရီးစဉ်အတွင်း အာရုံစိုက်ခံရနိုင်တဲ့ အကြောင်းအရာတခု ဖြစ်နေပါတယ်။

ဒီခရီးစဉ်ဟာ အမေရိကန်ပြည်တွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုနဲ့ နိုင်ငံရေးဖိအားတွေ ရင်ဆိုင်နေရတဲ့ ထရမ့်အတွက် နိုင်ငံတကာမျက်နှာစာမှာ အရေးပါတဲ့ သံတမန်ရေးကြိုးပမ်းမှုတခုလည်း ဖြစ်ပါတယ်။

Ref & Photo: AP

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး နိုင်ငံတကာသတင်း

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး

အိန္ဒိယနိုင်ငံမှာ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီတစ်ဦးရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တဦးဟာ ဆယ်လီရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဖတ်ရန်
ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း နိုင်ငံတကာသတင်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေ စားပွဲအဝိုင်းကြီးတခုမှာ အတူထိုင်နေတဲ့ မြင်ကွင်းဟာ ၂၁ ရာစု သံတမန်ရေးရာ သမိုင်းမှာ မှတ်တမ်းဝင်ကျန်ရစ်မယ့်…

ဖတ်ရန်
ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး ပြည်တွင်းသတင်း

ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းတပ်သားသစ်ကို အလုပ်ကြမ်းခိုင်းစေရာက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ နိုင်ငံတကာသတင်း

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ

မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံသို့ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်နှင့် ကျေးလက်ဒေသနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး…

ဖတ်ရန်