အရေးပေါ်
နိုင်ငံတကာသတင်း

Facebook နဲ့ Instagram ပေါ်က မိုဒီကို ပုတ်ခတ်လှောင်ပြောင်တဲ့ ဗီဒီယိုတွေကြောင့် Meta India ရဲ့ အကြီးအကဲ အမှုဖွင့်ခံရ

၂၀၂၆ ဇူလိုင် ၃၁ Myo Taw
Facebook နဲ့ Instagram ပေါ်က မိုဒီကို ပုတ်ခတ်လှောင်ပြောင်တဲ့ ဗီဒီယိုတွေကြောင့် Meta India ရဲ့ အကြီးအကဲ အမှုဖွင့်ခံရ

Facebook နဲ့ Instagram ပေါ်က မိုဒီကို ပုတ်ခတ်လှောင်ပြောင်တဲ့ ဗီဒီယိုတွေကြောင့် Meta India ရဲ့ အကြီးအကဲ အမှုဖွင့်ခံရ

ဇူလိုင် ၃၁

ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ကို ပုတ်ခတ်လှောင်ပြောင်ထားတဲ့ ဗီဒီယိုတွေ Facebook ပေါ်မှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး Meta India ရဲ့ အကြီးအကဲ အာရွန် ဆရီနီဗတ်စ်ကို အမှုဖွင့်လိုက်တယ်လို့ အိန္ဒိယဆိုက်ဘာ ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

ဒီဖြစ်စဉ်ဟာ စာမေးပွဲမေးခွန်း ပေါက်ကြားမှုကြောင့် ပညာရေးဝန်ကြီး နှုတ်ထွက်သွားရတဲ့ လူငယ်ဦးဆောင် ဆန္ဒပြပွဲတွေ အရှိန်မြင့်နေချိန်နဲ့ တိုက်ဆိုင်နေပြီး ဆိုက်ဘာရဲတပ်ဖွဲ့ဘက်က မိခင်ကုမ္ပဏီ Meta ထံ အကြောင်းကြားစာ ပေးပို့ဖို့ ပြင်ဆင်နေပေမဲ့ Meta ဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

နိုင်ငံတကာ နည်းပညာကုမ္ပဏီကြီးတစ်ခုရဲ့ ထိပ်ပိုင်းအရာရှိတွေကို ပုဂ္ဂိုလ်ရေးအရ တရားစွဲဆိုတာမျိုးက ခဲယဉ်းပေမဲ့ အိန္ဒိယအစိုးရဟာ ယခုနှစ်အတွင်း အွန်လိုင်းအကြောင်းအရာဆိုင်ရာ စည်းမျဉ်းတွေကို တင်းကျပ်လာခဲ့ပြီး သုံးစွဲသူတွေ တင်တဲ့အကြောင်းအရာတွေအတွက် ပလက်ဖောင်းကုမ္ပဏီတွေကို တာဝန်ယူမှုကနေ ကာကွယ်ပေးထားတဲ့ ဥပဒေကြောင်းဆိုင်ရာ အကာအကွယ်ဟာလည်း ကျဉ်းမြောင်းလာခဲ့ပါတယ်။

ဥပဒေနဲ့ မကင်းလွတ်တဲ့ အကြောင်းအရာတွေကို အစိုးရ သို့မဟုတ် တရားရုံးက အကြောင်းကြားလာရင် ၃၆ နာရီအတွင်း ဖယ်ရှားရတာကနေ ၃ နာရီအတွင်း မပျက်မကွက် ဖယ်ရှားရမှာဖြစ်ပြီး ပျက်ကွက်ပါက ကုမ္ပဏီနဲ့ တာဝန်ရှိသူတွေပါ တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။
နည်းပညာဥပဒေကျွမ်းကျင်သူဖြစ်တဲ့ အာကတ်ရှ် ကာမာကာ ကတော့ လူတစ်ယောက်ကို ပုဂ္ဂိုလ်ရေးအရ အရေးယူဖို့ဆိုရင် အဲဒီပြစ်မှုမှာ တိုက်ရိုက်ပါဝင်ကြောင်း ဒါမှမဟုတ် သိရှိကြောင်း သက်သေပြဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

အိန္ဒိယဟာ Meta အတွက် သုံးစွဲသူအများဆုံး ဈေးကွက်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက တာဝန်ယူခဲ့တဲ့ အာရွန် ဆရီနီဗတ်စ် အပါအဝင် Meta ရဲ့ လုပ်ဆောင်ချက်တွေဟာ အမုန်းစကားနဲ့ သတင်းမှားတွေကို ထိရောက်စွာ မတားဆီးနိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ အိန္ဒိယအစိုးရရဲ့ ငြိုငြင်မှုကို မကြာခဏ ခံနေရတာလည်း ဖြစ်ပါတယ်။

ဆရီနီဗတ်စ်ကို အမှုဖွင့်ထားတာဟာ မိုဒီရဲ့ ဘာရာတီယာ ဂျနတာပါတီ (BJP) ထောက်ခံသူတွေက တိုင်ကြားထားတဲ့ အမှုတွေထဲက တစ်ခုဖြစ်ပြီး ပြုပြင်ဖန်တီးထားတဲ့ မိုဒီရဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို Meta ပိုင် Facebook နဲ့ Instagram တို့လို လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ ဖြန့်ဝေနေတယ်လို့ စွပ်စွဲတိုင်ကြားထားကြတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောင်းသားဆန္ဒပြပွဲတွေနဲ့ ပတ်သက်တဲ့ မိုဒီရဲ့ ပို့စ်တစ်ခုကို Facebook က ယာယီကန့်သတ်ပိတ်ပင်ခဲ့တာကြောင့် အိန္ဒိယ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက Meta အကြီးအကဲတွေကို ဆင့်ခေါ်စစ်ဆေးခဲ့ပါသေးတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အင်ဒိုနီးရှားမှာ တစ်ယောက်တည်း ပါတီပွဲပြန်လာတဲ့ အမျိုးသား ၂၃ ပေရှည်ရှိတဲ့ စပါးကြီးမြွေရဲ့ ရစ်ပတ်မျိုချခြင်းခံရ နိုင်ငံတကာသတင်း

အင်ဒိုနီးရှားမှာ တစ်ယောက်တည်း ပါတီပွဲပြန်လာတဲ့ အမျိုးသား ၂၃ ပေရှည်ရှိတဲ့ စပါးကြီးမြွေရဲ့ ရစ်ပတ်မျိုချခြင်းခံရ

အင်ဒိုနီးရှားမှာ တစ်ယောက်တည်း ပါတီပွဲပြန်လာတဲ့ အမျိုးသား ၂၃ ပေရှည်ရှိတဲ့ စပါးကြီးမြွေရဲ့ ရစ်ပတ်မျိုချခြင်းခံရ

ဖတ်ရန်
အကြမ်းဖက်ဝါဒ လှုံ့ဆော်တဲ့ ပို့စ်တွေကို အရေးယူပေးဖို့ ပျက်ကွက်ခဲ့လို့ Telegram ကို ဩစတြေးလျ တရားစွဲဆို နိုင်ငံတကာသတင်း

အကြမ်းဖက်ဝါဒ လှုံ့ဆော်တဲ့ ပို့စ်တွေကို အရေးယူပေးဖို့ ပျက်ကွက်ခဲ့လို့ Telegram ကို ဩစတြေးလျ တရားစွဲဆို

အကြမ်းဖက်ဝါဒ လှုံ့ဆော်တဲ့ ပို့စ်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် လူမှုကွန်ရက် သတင်းအချက်အလက် ပေးပို့မှု အက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ Telegram ကို တရားစွဲဆိုလိုက်ပြီလို့ ဩစတြေးလျ…

ဖတ်ရန်
ထိုင်းရောက် ရွှေ့ပြောင်း မြန်မာတွေကို ကူညီပေးတဲ့ ထိုင်းရဲ အွန်လိုင်းမှာ နာမည်ကြီးနေ နိုင်ငံတကာသတင်း

ထိုင်းရောက် ရွှေ့ပြောင်း မြန်မာတွေကို ကူညီပေးတဲ့ ထိုင်းရဲ အွန်လိုင်းမှာ နာမည်ကြီးနေ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လူမျိုးမခွဲခြားဘဲ ခင်ခင်မင်မင် ကူညီပေးလေ့ရှိတဲ့ ထိုင်းရဲအရာရှိ Manot Saensila ဟာ မြန်မာပြည်သူတွေကြားမှာ အတော်လေး ချီးမွမ်းခံနေရပါတယ်။

ဖတ်ရန်
AI နည်းပညာကဏ္ဍကို ကာကွယ်ဖို့ တရုတ်ထုတ် လူတူစက်ရုပ် မော်ဒယ်အသစ် တင်သွင်းမှုကို ထရမ့်အစိုးရ ပိတ်ပင် နိုင်ငံတကာသတင်း

AI နည်းပညာကဏ္ဍကို ကာကွယ်ဖို့ တရုတ်ထုတ် လူတူစက်ရုပ် မော်ဒယ်အသစ် တင်သွင်းမှုကို ထရမ့်အစိုးရ ပိတ်ပင်

အမေရိကန်ရဲ့ AI နည်းပညာ တည်ဆောက်ရေးကဏ္ဍကို အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေဆီကနေ ကာကွယ်ဖို့နဲ့ အဓိက စက်မှုလုပ်ငန်းတွေကို ပြည်တွင်းမှာ ပြန်လည်အခြေစိုက်လာစေဖို့ ရည်ရွယ်ပြီး ဒေါ်နယ်ထရမ့်အစိုးရက တရုတ်နိုင်ငံထုတ် စက်ရုပ်…

ဖတ်ရန်