အရေးပေါ်
နိုင်ငံတကာသတင်း

ဂရင်းလန်းကျွန်းမှာ အမေရိကန်စစ်အင်အား တိုးချဲ့ချထားဖို့ သဘောတူညီချက်ရရှိ

၂၀၂၆ စက်တင်ဘာ ၁၉ Myo Taw
ဂရင်းလန်းကျွန်းမှာ အမေရိကန်စစ်အင်အား တိုးချဲ့ချထားဖို့ သဘောတူညီချက်ရရှိ

ဂရင်းလန်းကျွန်းမှာ အမေရိကန်စစ်အင်အား တိုးချဲ့ချထားဖို့ သဘောတူညီချက်ရရှိ

စက်တင်ဘာ ၁၉

ဂရင်းလန်းကျွန်းပေါ်မှာ အမေရိကန်ဘက်က စစ်အင်အား သိသိသာသာ တိုးချဲ့ချထားဖို့နဲ့ ပြိုင်ဘက်နိုင်ငံတွေကို အခြေစိုက်စခန်း တည်ဆောက်ခွင့် မပြုဖို့အတွက် အမေရိကန်၊ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့အကြား သဘောတူညီချက် ရရှိခဲ့ပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီသဘောတူညီချက်အရ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဂရင်းလန်းကျွန်းပေါ်မှာ အမေရိကန်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်ခွင့် ရရှိလာမှာဖြစ်သလို အမေရိကန်ရဲ့ ပြိုင်ဘက်နိုင်ငံတွေကလည်း ခွင့်ပြုချက်မရှိဘဲ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ခွင့် ရှိတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

သမ္မတ ထရမ့်ကတော့ ဒါဟာ အမေရိကန်အတွက် အိပ်မက်တခု လက်တွေ့ဖြစ်လာတာဖြစ်ပြီး၊ သဘောတူညီချက်ဟာ သက်တမ်းကုန်ဆုံးမယ့်ရက် မရှိတဲ့အတွက် အမေရိကန်နဲ့ ဂရင်းလန်းရဲ့ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေကို အမေရိကန်ဘက်က ထာဝရ ဆောင်ရွက်ခွင့် ရရှိသွားပြီလို့ သူ့ရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ Truth Social မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဒိန်းမတ်ဝန်ကြီးချုပ်ရုံးနဲ့ ဂရင်းလန်းဝန်ကြီးချုပ် ဂျန်စ် ဖရက်ဒရစ် နီလ်ဆင်တို့ကလည်း ဒါဟာ မြောက်အတ္တလန္တိတ်နဲ့ အာတိတ်ဒေသ လုံခြုံရေးကို ပိုမိုခိုင်မာစေသလို အားလုံးအတွက် အကျိုးရှိစေတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

အလားတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း ဂရင်းလန်းကျွန်းနဲ့ ပတ်သက်တဲ့ ဝါရှင်တန်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေကို အပြည့်အဝ ဖြေရှင်းနိုင်ခဲ့ပြီလို့ ပြောဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရ နေတိုး (NATO) အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကို ဂရင်းလန်းမှာ အခြေစိုက်စခန်း တည်ဆောက်ခွင့် ပိတ်ပင်ထားပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကိုသာ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဂရင်းလန်းအနေနဲ့ အနာဂတ်မှာ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ရင်တောင် အမေရိကန်ရဲ့ အမြဲတမ်း ဝင်ရောက်ခွင့်၊ အခြေစိုက်ခွင့်နဲ့ လေကြောင်းဖြတ်သန်းခွင့်တွေ ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

Gemini AI က စမ်းသပ်မှုဘောင်ကို ကျော်လွန်ပြီး ကုမ္ပဏီ ၃ ခုရဲ့ စနစ်တွေထဲ ဖောက်ထွင်းဝင်ရောက်ခဲ့ နိုင်ငံတကာသတင်း

Gemini AI က စမ်းသပ်မှုဘောင်ကို ကျော်လွန်ပြီး ကုမ္ပဏီ ၃ ခုရဲ့ စနစ်တွေထဲ ဖောက်ထွင်းဝင်ရောက်ခဲ့

Google ရဲ့ AI မော်ဒယ်ဖြစ်တဲ့ Gemini ဟာ ဆိုက်ဘာလုံခြုံရေး စွမ်းဆောင်ရည် စမ်းသပ်နေချိန်မှာ အင်တာနက်ကို အသုံးပြုပြီး ပြင်ပကုမ္ပဏီ ၃ ခုရဲ့…

ဖတ်ရန်
ဒီမိုကရက်တွေကို “ကွန်မြူနစ်တွေ” လို့ စွပ်စွဲလိုက်ပြီး လာမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေကို မဲပေးဖို့ ထရမ့် တိုက်တွန်း နိုင်ငံတကာသတင်း

ဒီမိုကရက်တွေကို “ကွန်မြူနစ်တွေ” လို့ စွပ်စွဲလိုက်ပြီး လာမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေကို မဲပေးဖို့ ထရမ့် တိုက်တွန်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်ပါတီဟာ ရာဇဝတ်မှုနဲ့ ကွန်မြူနစ်ဝါဒအပေါ် ပျော့ပျောင်းတဲ့ သဘောထားရှိတယ်လို့ ဝေဖန်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီဝင်တွေကို “ကွန်မြူနစ်တွေ” လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဖတ်ရန်
ရုရှားဒရုန်းတွေကို ဟန့်တားပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နေပြီလို့ ဇလန်စကီး ပြော နိုင်ငံတကာသတင်း

ရုရှားဒရုန်းတွေကို ဟန့်တားပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နေပြီလို့ ဇလန်စကီး ပြော

ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တား ပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို ယူကရိန်းနိုင်ငံက စမ်းသပ်နေပြီး ပစ်မှတ်တစ်ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီးက စက်တင်ဘာ ၁၅…

ဖတ်ရန်
လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို GPS စနစ်နဲ့ စောင့်ကြည့်ဖို့ ဂျပန်တရားရေးဝန်ကြီးဌာန စမ်းသပ်ပြင်ဆင် နိုင်ငံတကာသတင်း

လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို GPS စနစ်နဲ့ စောင့်ကြည့်ဖို့ ဂျပန်တရားရေးဝန်ကြီးဌာန စမ်းသပ်ပြင်ဆင်

ဂျပန်နိုင်ငံမှာ ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ရထားတဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေကို GPS စနစ်နဲ့ စောင့်ကြည့်စစ်ဆေးသွားမယ့် စမ်းသပ်စီမံချက်တခုကို လာမယ့် ၂၀၂၇ ဘဏ္ဍာရေးနှစ်ကစတင်ပြီး အကောင်အထည်ဖော်ဖို့ ဂျပန်တရားရေးဝန်ကြီးဌာနက…

ဖတ်ရန်