အရေးပေါ်
နိုင်ငံတကာသတင်း

အီရန်အတွက် လက်နက်ဝယ်ယူပေးသူ ၁၃ ဦးနဲ့ အဖွဲ့အစည်းတွေကို အမေရိကန် ပိတ်ဆို့အရေးယူ

၂၀၂၆ စက်တင်ဘာ ၃၀ Myo Taw
အီရန်အတွက် လက်နက်ဝယ်ယူပေးသူ ၁၃ ဦးနဲ့ အဖွဲ့အစည်းတွေကို အမေရိကန် ပိတ်ဆို့အရေးယူ

အီရန်အတွက် လက်နက်ဝယ်ယူပေးသူ ၁၃ ဦးနဲ့ အဖွဲ့အစည်းတွေကို အမေရိကန် ပိတ်ဆို့အရေးယူ

စက်တင်ဘာ ၃၀

အီရန်အတွက် လက်နက်နဲ့ လက်နက်အစိတ်အပိုင်းတွေ ဝယ်ယူထောက်ပံ့ပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီ ၁၃ ခုကို စက်တင်ဘာ ၂၉ ရက်နေ့မှာ အမေရိကန်က ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်ပြီး ပိတ်ဆို့အရေးယူခံရတဲ့အထဲ တရုတ်၊ ရုရှား၊ ဟောင်ကောင်နဲ့ ပါကစ္စတန်တို့မှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

ဒီအရေးယူမှုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ အီရန်ကို စီးပွားရေးအရ အထီးကျန်ဖြစ်စေရေး ဖိအားပေးနေတဲ့ သမ္မတ ထရမ့်အစိုးရရဲ့ ခြေလှမ်းတခုလည်း ဖြစ်သလို၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆန့်ကလည်း အီရန်ရဲ့ စစ်လက်နက်တည်ဆောက်ရေးအတွက် ကူညီပံ့ပိုးနေသူမှန်သမျှကို ဆက်လက်ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။

အရေးယူခံရသူတွေထဲမှာ အီရန်ကာကွယ်ရေးဝန်ကြီးဌာနအတွက် တရုတ်နိုင်ငံကနေ လက်နက်အစိတ်အပိုင်းတွေ ဝယ်ယူပေးနေတဲ့ ဆေယတ် အက်စ်ဂါ အလီဇာဒက်ရှ် တာဘာတာဘိုင် (Seyyed Asghar Alizadeh Tabatabai)၊ ဒရုန်းနဲ့ လေယာဉ်ထုတ်လုပ်ရေးအတွက် အီလက်ထရောနစ်ပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ အီရန်အခြေစိုက် Kavoshcom Asia R&D Group နဲ့ ဟောင်ကောင်အခြေစိုက် EC Mojo နည်းပညာကုမ္ပဏီတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ပါကစ္စတန်အခြေစိုက် Cavalier ကာကွယ်ရေးလုပ်ငန်းစု ဥက္ကဋ္ဌ ဝါဆင်းမ် ပါရှာ တာဂျာမဲလ်၊ ရုရှားစစ်တပ်အတွက် လက်နက်သယ်ယူပေးနေတဲ့ MG-Flot သင်္ဘောကုမ္ပဏီနဲ့ အီရန်လေတပ်နဲ့ ဆက်နွှယ်နေတဲ့ Saha Airlines တို့လည်း ပိတ်ဆို့အရေးယူခံခဲ့ရပါတယ်။

ဒါပေမဲ့ အဆိုပါပိတ်ဆို့မှုတွေဟာ ဟော်မုဇ် ရေလက်ကြားအတွင်း အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်စွမ်း သိပ်မရှိဘူးလို့ Obsidian Risk Advisors အဖွဲ့က ဝေဖန်သုံးသပ်ထားပါတယ်။

ထရမ့်အစိုးရအနေနဲ့ အီရန်ကို ပြင်းပြင်းထန်ထန် ဖိအားပေးနေတယ်ဆိုတဲ့ နိုင်ငံရေးပုံရိပ်တခု ပြသရုံသက်သက်သာ ဖြစ်ပြီး၊ လက်တွေ့မှာတော့ က်တွေ့မှာတော့ အီရန်အပေါ် ထိရောက်တဲ့ သက်ရောက်မှု မရှိသလောက် အလွန်နည်းပါးတယ်လို့ ဝေဖန်ထောက်ပြထားပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

NATO က ကာလီနင်ဂရက်ဒ်ကို ခွဲထုတ်ဖို့ ကြိုးပမ်းလာခဲ့ရင် နျူကလီးယားလက်နက်သုံးမယ်လို့ ရုရှား သတိပေး နိုင်ငံတကာသတင်း

NATO က ကာလီနင်ဂရက်ဒ်ကို ခွဲထုတ်ဖို့ ကြိုးပမ်းလာခဲ့ရင် နျူကလီးယားလက်နက်သုံးမယ်လို့ ရုရှား သတိပေး

ဘောလ်တစ်ပင်လယ်ကမ်းခြေမှာရှိတဲ့ ကာလီနင်ဂရက်ဒ်ဒေသကို ရုရှားပြည်မကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ပြီး သီးခြားခွဲထုတ်ဖို့ နေတိုးအဖွဲ့က ကြိုးပမ်းလာခဲ့ရင် နျူကလီးယားလက်နက် အပါအဝင် လက်နက်အင်အား အပြည့်အဝအသုံးပြုပြီး ကာကွယ်သွားမယ်လို့ ရုရှားက…

ဖတ်ရန်
ကိုယ်ဝန်ပျက်ကျပြီး ၉ လသားအရွယ် သန္ဓေသားအလောင်းကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့တဲ့ အမျိုးသမီး စစ်ဆေးခံနေရ နိုင်ငံတကာသတင်း

ကိုယ်ဝန်ပျက်ကျပြီး ၉ လသားအရွယ် သန္ဓေသားအလောင်းကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့တဲ့ အမျိုးသမီး စစ်ဆေးခံနေရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကပီခရိုင်ထဲက နာမည်ကြီးဟိုတယ်တခုမှာ ကိုယ်ဝန်ပျက်ကျပြီးနောက် ၉ လအရွယ် သန္ဓေသားအလောင်းကို အမည်းရောင်ပလတ်စတစ်အိတ်ထဲထည့်ကာ ရေခဲသေတ္တာအတွင်း သိမ်းထားခဲ့တဲ့ အသက် ၂၁ နှစ်အရွယ်…

ဖတ်ရန်
ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ဒုတိယကမ္ဘာစစ်တုန်းက နှစ်နိုင်ငံ မဟာမိတ်ဖြစ်ခဲ့တဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒါဟာ စစ်သမိုင်းကို ပုံဖျက်ဖို့ ဘေဂျင်းဘက်က…

ဖတ်ရန်
အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ; နိုင်ငံတကာသတင်း

အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ;

မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်း နီပေါနိုင်ငံတို့မှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်