အရေးပေါ်
နိုင်ငံတကာသတင်း

အယ်လ်နီညို ဖြစ်စဉ် မှတ်တမ်းတင်ထားသမျှထဲ အပြင်းထန်ဆုံး ဖြစ်လာနိုင်တယ်လို့ WMO သတိပေး

၂၀၂၆ စက်တင်ဘာ ၄ Myo Taw
အယ်လ်နီညို ဖြစ်စဉ် မှတ်တမ်းတင်ထားသမျှထဲ အပြင်းထန်ဆုံး ဖြစ်လာနိုင်တယ်လို့ WMO သတိပေး

အယ်လ်နီညို ဖြစ်စဉ် မှတ်တမ်းတင်ထားသမျှထဲ အပြင်းထန်ဆုံး ဖြစ်လာနိုင်တယ်လို့ WMO သတိပေး

စက်တင်ဘာ ၄

လက်ရှိ ဖြစ်ပေါ်နေတဲ့ အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ဟာ လာမယ့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ခြေ ၁၀၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။

အယ်လ်နီညိုဆိုတာဟာ ပီရူးနိုင်ငံကမ်းလွန် ပစိဖိတ်သမုဒ္ဒရာ အီကွေတာအနီးမှာ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် မြင့်တက်လာတဲ့ ဖြစ်စဉ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း အပူလှိုင်းဖြတ်တာနဲ့ မိုးခေါင်ရေရှားတာလိုမျိုး ပုံမှန်မဟုတ်တဲ့ ရာသီဥတုဆိုးကျိုးတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။

အပူပိုင်းပစိဖိတ်ဒေသတစ်ဝန်း ပင်လယ်ရေမျက်နှာပြင် အလွန်ပူနွေးနေမှုကြောင့် လက်ရှိ အယ်လ်နီညိုဖြစ်စဉ်ဟာ လာမယ့်လတွေမှာ ပိုမိုအားကောင်းလာပြီး အလွန်ပြင်းထန်တဲ့ အဆင့်အထိ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

အယ်လ်နီညိုဖြစ်စဉ်ဟာ ဒီနှစ်ကုန်ပိုင်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနိုင်ပြီး ရာသီဥတုအပေါ် သက်ရောက်မှုတွေဟာ ၂၀၂၇ ခုနှစ်အတွင်းအထိ ဆက်လက်ရှိနေနိုင်တယ်လို့ WMO က ခန့်မှန်းထားပါတယ်။

လက်ရှိ အားကောင်းလာတဲ့ နှုန်းအတိုင်း ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် အရင်က စောင့်ကြည့်မှတ်တမ်းတင်ခဲ့ဖူးတဲ့ အယ်လ်နီညိုဖြစ်စဉ်တွေထက် ပိုမိုပြင်းထန်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်လာနိုင်တယ်လို့ WMO အထွေထွေအတွင်းရေးမှူး ဆယ်လက်စ်တေး ဆော်လိုက ဆိုပါတယ်။

အယ်လ်နီညို ပိုမိုပြင်းထန်လာပါက မိုးရွာသွန်းမှုနဲ့ အပူချိန်ပုံစံတွေကို သိသိသာသာ သက်ရောက်စေနိုင်သလို ရေကြီးရေလျှံမှု၊ မိုးခေါင်ရေရှားမှုနဲ့ အပူချိန်လွန်ကဲမှု ဘေးအန္တရာယ်တွေကို ပိုမိုကြုံတွေ့ရစေနိုင်တယ်လို့လည်း သတိပေးထားပြီး၊ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ WMO က တိုက်တွန်းထားပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို နိုင်ငံတကာသတင်း

ထရမ့်အစိုးရက Huawei ကို ယှဉ်ပြိုင်ဖို့ Africell ကို ဒေါ်လာ သန်း ၁၀၀ နီးပါး ချေးငွေထုတ်ပေးမယ်လို့ဆို

အာဖရိကမှာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ရဲ့ တိုးချဲ့လာမှုကို တုံ့ပြန်ဖို့ ဒေါ်နယ်ထရမ့်အစိုးရက အမေရိကန်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Africell ကို ဒေါ်လာ သန်း ၁၀၀…

ဖတ်ရန်
အီရန်နျူကလီးယားအရေး အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် IAEA တင်ပြ၊ တရုတ်နဲ့ ရုရှား ကန့်ကွက် နိုင်ငံတကာသတင်း

အီရန်နျူကလီးယားအရေး အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် IAEA တင်ပြ၊ တရုတ်နဲ့ ရုရှား ကန့်ကွက်

ကြေညာထားခြင်းမရှိတဲ့ နေရာတွေမှာ ယူရေနီယမ် အကြွင်းအကျန်တွေ တွေ့ရှိခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အီရန်ဘက်က စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA)…

ဖတ်ရန်
မြောက်ကိုရီးယားနဲ့ ရုရှားကြား ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်ဖြစ်လာမယ့် ကားလမ်းတံတား ဖွင့်လှစ် နိုင်ငံတကာသတင်း

မြောက်ကိုရီးယားနဲ့ ရုရှားကြား ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်ဖြစ်လာမယ့် ကားလမ်းတံတား ဖွင့်လှစ်

မြောက်ကိုရီးယားနဲ့ ရုရှားဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ပြသတဲ့အနေနဲ့ တူမန်မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ပထမဆုံး ကားလမ်းတံတားကို စက်တင်ဘာ ၇ ရက်က တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။

ဖတ်ရန်