အရေးပေါ်
နိုင်ငံတကာသတင်း

ရုရှားဒရုန်းတွေကို ဟန့်တားပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နေပြီလို့ ဇလန်စကီး ပြော

၂၀၂၆ စက်တင်ဘာ ၁၆ Myo Taw
ရုရှားဒရုန်းတွေကို ဟန့်တားပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နေပြီလို့ ဇလန်စကီး ပြော

ရုရှားဒရုန်းတွေကို ဟန့်တားပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နေပြီလို့ ဇလန်စကီး ပြော

စက်တင်ဘာ ၁၆

ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တား ပစ်ချနိုင်မယ့် လက်နက်သစ်တစ်မျိုးကို ယူကရိန်းနိုင်ငံက စမ်းသပ်နေပြီး ပစ်မှတ်တစ်ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီးက စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အဆိုပါလက်နက်သစ်ဟာ ယူကရိန်းနိုင်ငံက ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားတာဖြစ်ပြီး စမ်းသပ်မှုအတွင်း ရုရှားရဲ့ 'ရှာဟတ်' (Shahed) အမျိုးအစား တိုက်ခိုက်ရေးဒရုန်းတစ်စင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်တချို့ကို ဆက်လက်မွမ်းမံဖို့ လိုနေသေးတဲ့အတွက် အချိန်အနည်းငယ် ထပ်ယူရဦးမယ်လို့လည်း သိရပါတယ်။

ယူကရိန်းစစ်တပ်ကလည်း ရုရှားဘက်က လွှတ်တင်ခဲ့တဲ့ ဒရုန်းအားလုံးရဲ့ ၉၃ ရာခိုင်နှုန်း အပါအဝင် လေကြောင်းပစ်မှတ် စုစုပေါင်း ၁၈၇ ခုကို တစ်ညတည်းနဲ့ ဟန့်တားပစ်ချနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါရလဒ်ဟာ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပေမဲ့ လေကြောင်းပိုင်နက်ကို အပြည့်အဝ ကာကွယ်နိုင်ဖို့အတွက် အခုထက်ပိုပြီး လိုအပ်နေသေးတယ်လို့ ယူကရိန်းသမ္မတက ဆိုပါတယ်။

လက်ရှိမှာ ယူကရိန်းဟာ ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိတဲ့ ဒရုန်းဟန့်တားရေးစနစ်တွေကို ဦးစားပေး ထုတ်လုပ်နေပေမဲ့ ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည် (Ballistic Missile) တွေကို တားဆီးရာမှာတော့ အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။

Ref; Reuters
Photo; General Staff of the Armed Forces of Ukraine


မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး နိုင်ငံတကာသတင်း

အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာနပ်ဗ် ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ဒေသအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တယ်လို့…

ဖတ်ရန်
သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ နိုင်ငံတကာသတင်း

သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင်(B.O.A.T) အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ရွေးချယ်ခံရ

ပေါ်တူဂီဂန္ထဝင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ၂၀၀၈ ခုနှစ် Ballon d’Or ဆုရရှိမှုကို သမိုင်းတလျှောက် အကောင်းဆုံး ရွှေဘောလုံးဆုရှင် (Ballon d’Or…

ဖတ်ရန်
စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ နိုင်ငံတကာသတင်း

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စင်း တိုက်မိလို့ အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

စပိန်နိုင်ငံ အလယ်ပိုင်း တိုလီဒိုပြည်နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက အမြန်ရထားနှစ်စင်း တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး…

ဖတ်ရန်
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း ပြည်တွင်းသတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက်ဆက်သွယ်ခွင့်ရရေး မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ကို ကိုထိန်လင်း တိုက်တွန်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရို အနေနဲ့ မင်းအောင်လှိုင်ထံ တောင်းဆိုပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ…

ဖတ်ရန်