ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ကျောက်တော်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၃၆ ဦးအထိ ရှိလာ
စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင် တို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၃၆) ဦးအထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ အာရက္ခတပ်တော် AA ရဲ့ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၈ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ခန့်က တကြိမ်၊ ၁၂ နာရီ ၁၄ မိနစ်ခန့်က တကြိမ် ဂျက်တိုက်လေယာဉ် (၁) စီးက တိုက်ခိုက်ခဲ့တာကြောင့် လမ်းသွားလမ်းလာပြည်သူတချို့၊ စျေးရောင်းစျေးဝယ် ပြည်သူအချို့ ထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်မှာ ပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သတင်းထုတ်ပြန်ထားပြီး ထိခိုက်သေဆုံးအရေအတွက် ထပ်တိုးလာနိုင်ခြေ ရှိတယ်လို့လည်း ဆိုထားပါတယ်။
ယခုလေကြောင်းတိုက်ခိုက်မှုဟာ အာဏာသိမ်းစစ်တပ်ရဲ့ အာရက္ခဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေထဲမှာ မြောက်ဦး ပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရမှုပြီးလျှင် အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံး ဖြစ်စဉ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၂၈ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ခန့်ကလည်း သံတွဲမြို့နယ်၊ ငပလီ ကို အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ် (၁) စီးနဲ့ ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…