အရေးပေါ်
ပြည်တွင်းသတင်း

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကန့်ဘလူမြို့နယ် နဲ့ မြင်းမူမြို့နယ်တို့မှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိ

၂၀၂၆ စက်တင်ဘာ ၂၈ Myo Taw
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကန့်ဘလူမြို့နယ် နဲ့ မြင်းမူမြို့နယ်တို့မှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိ

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကန့်ဘလူမြို့နယ် နဲ့ မြင်းမူမြို့နယ်တို့မှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိ

စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် မြင်းမူမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားပြည်သူတချို့နဲ့ နွားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၈ ရက် ဒီကနေ့ နေ့လယ် ၁၁ နာရီခန့်က မြင်းမူမြို့နယ်၊ မန်ကျည်းကန်ကျေးရွာကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နွား ၂ ကောင် သေဆုံးခဲ့ပြီး နွား ၅ ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီကနေ့ နေ့လယ် ၁ နာရီခန့်ကလည်း ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ အင်းလယ်ကြီးကျေးရွာကို တံတားဦး လေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှု များတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

"တိုက်ပွဲဖြစ်တာမျိုး မရှိဘဲ လာပစ်သွားတာ။ ရော့ကတ်တွေနဲ့ပါ ပစ်သွားတာ။ အိမ် ၁ လုံး မီးလောင်တယ်။ ရွာထဲက ဈေးဆိုင်တန်း‌ကိုလည်း ထိသွားတယ်။ မထင်ထားကြတော့ ရှောင်ချိန် မရလိုက်ကြဘူး။ ထိခိုက်သေဆုံးတာတွေ များတယ်။ အတိအကျတော့ မသိသေးဘူး" လို့ မြေပြင်ကယ်ဆယ်ရေးသမားတစ်ဦးက မြို့တော်ကို ပြောပါတယ်။

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၀,၅၀၀ ကျော် ပြုလုပ်ထားပြီး အရပ်သားပြည်သူ ၆၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက စက်တင်ဘာလ ၁၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…

ဖတ်ရန်