အရေးပေါ်
ပြည်တွင်းသတင်း

ရာထူးတိုးနဲ့ ပြောင်းလာတာ မကြာသေးတဲ့ ဒုညွှန်မှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီးသွား

၂၀၂၆ စက်တင်ဘာ ၁၇ Myo Taw
ရာထူးတိုးနဲ့ ပြောင်းလာတာ မကြာသေးတဲ့ ဒုညွှန်မှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီးသွား

ရာထူးတိုးနဲ့ ပြောင်းလာတာ မကြာသေးတဲ့ ဒုညွှန်မှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီးသွား

စက်တင်ဘာ ၁၇

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဆည်မြောင်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင် ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံအနီးရှိ ဆည်မြောင်းဦးစီးဌာနရုံးထဲကို အမည်မသိလက်နက်ကိုင် လူငယ်အဖွဲ့တခုက ဝင်ရောက်လာကာ
ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင် ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

"ဒီကို ရာထူးတိုးနဲ့ ပြောင်းလာတာ ၂ လလောက်ပဲ ရှိသေးတယ်၊ တခြားလူတွေနဲ့ ပြဿနာတက်ထားတာ မရှိဘူး၊ အဲ့နေ့က ဆိုင်ကယ်တွေနဲ့ ရုံးထဲရောက်လာပြီး ဒုညွှန်မှူးကို ဖမ်းသွားတာ၊ ဒီနေ့အထိ မိသားစုနဲ့ကော ရုံးကလူတွေနဲ့ကော အဆက်သွယ် မရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်ဆီးခံရသူ ဆည်မြောင်းမှ ဒုတိယညွှန်ကြားရေးမှုး ဦးအောင်ပိုင်ဟာ ဟားခါးမြို့ကို ပြီးခဲ့တဲ့စက်တင်ဘာ လကုန်ပိုင်းလောက်ကမှ ရောက်ရှိလာတာလို့သိရပြီး မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

ဟားခါးမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၁၇ ရက်နေ့ကလည်း အမှတ်(၁၄)လုံခြုံရေးရဲတပ်ဖွဲ့(ခွဲ) တပ်ရင်းမှူး ဒုတိယရဲမှူးကြီး ဇော်ဇော်အောင်နဲ့ နယ်ထိန်းတဦးတို့ အရပ်ဝတ်နဲ့ မြို့ထဲလှည့်လည်နေချိန် သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

အလားတူ မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ဆည်မြောင်း နဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဦးစီးအရာရှိ (လျှပ်စစ်) ဦးဇင်မင်းထိုက် ကို စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခဲ့သေးတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မန္တလေးက ဆောက်လုပ်ဆဲ ဗလီ ချိပ်ပိတ်ခံရပြီး မည်သူမျှ သွားလာခွင့်မရှိစေဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထား ပြည်တွင်းသတင်း

မန္တလေးက ဆောက်လုပ်ဆဲ ဗလီ ချိပ်ပိတ်ခံရပြီး မည်သူမျှ သွားလာခွင့်မရှိစေဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထား

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်က မိဘဈေးဗလီအတွင်းရှိ ဆောက်လုပ်နေဆဲ အဆောက်အဦနဲ့ ခွင့်ပြုချက်မရှိဘဲ ယာယီဝတ်ပြုနေတဲ့ ဝတ်ပြုကျောင်းဆောင် RC လေးထပ် အဆောက်အဦကို အာဏာသိမ်းအစိုးရက ချိပ်ပိတ်ခဲ့ပြီး…

ဖတ်ရန်
တာချီလိတ်မှာ အသားငါးနဲ့ဟင်းသီးဟင်းရွက်တွေကို တရားမဝင်ကုန်စည်ဆိုကာ ဖမ်းနေလို့ ဈေးနှစ်ဆနီးပါးမြင့်တက် ရုပ်သံ Afternoon NEWS

တာချီလိတ်မှာ အသားငါးနဲ့ဟင်းသီးဟင်းရွက်တွေကို တရားမဝင်ကုန်စည်ဆိုကာ ဖမ်းနေလို့ ဈေးနှစ်ဆနီးပါးမြင့်တက်

တာချီလိတ်မှာ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို တရားမဝင်ကုန်စည်ဆိုကာ ဖမ်းဆီးနေလို့ ဈေးနှစ်ဆနီးပါးမြင့်တက်တဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
အပုပ်နံ့ရလို သွားကြည့်ရာက ခြံဝန်းထဲမှာ အမျိုးသား ၁ ဦး သေဆုံးနေတာတွေ့ရှိ ပြည်တွင်းသတင်း

အပုပ်နံ့ရလို သွားကြည့်ရာက ခြံဝန်းထဲမှာ အမျိုးသား ၁ ဦး သေဆုံးနေတာတွေ့ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ပန်သခွားကျေးရွာရှိ လူမနေတဲ့ နေအိမ်ခြံဝန်းထဲမှာ အမျိုးသား ၁ ဦး သေဆုံးနေပြီး ပုပ်ပွ နေတဲ့ ရုပ်အလောင်းကို စက်တင်ဘာလ…

ဖတ်ရန်
ဗေဒင်ဟောပြီး ချဲဂဏန်းပေးတဲ့ ဗိုလ်မှူး AA ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်သေဆုံး ပြည်တွင်းသတင်း

ဗေဒင်ဟောပြီး ချဲဂဏန်းပေးတဲ့ ဗိုလ်မှူး AA ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်သေဆုံး

စက်တင်ဘာလ ၁၅ ရက် မနေ့က မနက် ၁၀ နာရီခန့်မှာ ညောင်ကျိုးစခန်းထဲကို အာရက္ခတပ်တော် AA နဲ့ PDF တပ်ဖွဲ့တွေက ပစ်လိုက်တဲ့လက်နက်ကြီး…

ဖတ်ရန်