ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
စစ်မှုထမ်းအပတ်စဉ် (၂၉) နီးလာချိန် မန္တလေးနဲ့ ရန်ကုန်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုများပြားလာ
စက်တင်ဘာ ၂၈
မန္တလေးမြို့မှာ စစ်မှုထမ်းအပတ်စဉ်(၂၉) အတွက် လူစုဆောင်းမှုတွေ ပြန်လည်တင်းကျပ်လာပြီး ရပ်ကွက်တွေမှာ လူငယ်တွေကို စစ်မှုထမ်းခေါ်ဆောင်တာနဲ့ လမ်းတွေပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးမှုတာတွေ ပြန်များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့က အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂ လမ်းနဲ့ ၈၇ လမ်းကြားမှာ ပန်းရန်လုပ်ငန်းလုပ်ကိုင်နေတဲ့ လူငယ် ၁ ဦးကို စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အဆိုပါလူငယ်ဟာ စစ်မှုထမ်းအတွက် မဲမနှိုက်ရသေးသူဖြစ်တယ်လို့ သိရပါတယ်။ ရပ်ကွက်ရုံးမှာလည်း အဆိုပါလူငယ်အပါအဝင် လူငယ် ၁၅ ဦးခန့် ရှိခဲ့ပြီး စက်တင်ဘာ ၂၅ ရက်နေ့က အမှတ် (၉၅) ခြေလျင်တပ်ရင်း (ခလရ - ၉၅) ထဲကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်တွေကြောင့် ပြည်ကြီးရန်လုံရပ်ကွက်အတွင်း လူငယ်အများအပြား ရှောင်တိမ်းနေကြရပြီး လူငယ်တွေ မရှိသလောက်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ပြည်ကျော်ဈေးအနောက်ဘက် ပုဏ္ဏားရပ်ကွက်မှာလည်း စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းက ဧည့်စာရင်းစစ်ဆေးပြီး အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်မှာလည်း လာမယ့် စစ်မှုထမ်းအပတ်စဉ် (၂၉) အတွက် ရပ်ကွက်တရပ်ကွက်ကို လူ ၈ ဦးအထိ ရှာဖွေပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အရင်က လူ ၂ ဦးစီ တောင်းခံခဲ့ရာကနေ အခုအကြိမ်မှာ တိုးမြှင့်တောင်းခံလာတာဖြစ်ပြီး လူငယ်စာရင်းတွေကိုလည်း သင်တန်းအပတ်စဉ် ၃ ခုစာ ကြိုတင်ပြင်ဆင်ခိုင်းထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်ပထွက်အလုပ်လုပ်မယ့်သူတွေကို ပုံမှန်လိုအပ်တဲ့ စာရွက်စာတမ်းတွေအပြင် “စစ်မှုထမ်းဆင့်ခေါ်လျှင် လက်ခံပါမည်” ဆိုတဲ့ ခံဝန်ချက်ကိုပါ လက်မှတ်ထိုးခိုင်းလာတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၁ ရက်ဝန်းကျင်ကစပြီး လမ်းပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပြန်များလာသလို သင်တန်းအပတ်စဉ်သစ် ဖွင့်လှစ်မယ့်ရက် နီးလာတာနဲ့အမျှ လူစုဆောင်းမှုတွေ ပိုမိုတင်းကျပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…