ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) အရ “ပြည်တွင်း၌ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပါက ထုတ်ဝေသူသည် ၎င်းထုတ်ဝေသော မည်သည့်ထုတ်ဝေစာကိုမဆို မှတ်ပုံတင်စာရင်းရေးသွင်းခြင်းနှင့် မူပိုင်ခွင့်လုပ်ငန်းများဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ ပေးပို့ရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်နှင့် ပုဒ်မ ၁၅ အရ “မည်သူမျှ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအကျယ်စုံလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ” စတဲ့ တားမြစ်ချက်တွေကို ဖောက်ဖျက် ကျူးလွန်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီခြင်းမရှိဘဲ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင်မှုနှင့် ခံစားလွယ်မှုကို လွှမ်းမားစေနိုင်တဲ့ BL(Boys’ Love), GL(Girls’ Love) စာအုပ်တွေကို ထုတ်ဝေဖြန့်ဖြူးနေတယ်လို့ ဆိုပါတယ်။
သတ်မှတ်ထားတဲ့ ဥပဒေစည်းကမ်းချက်တွေကို ဖောက်ဖျက်တဲ့ ပုံနှိပ်သူ၊ ထုတ်ဝေသူတွေနှင့် တရားမဝင် ထုတ်ဝေစာတွေကို ရောင်းချနေတဲ့ စာအုပ်ဆိုင်တွေကိုလည်း တရားစွဲဆိုတာတွေ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မှုခင်းသတင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ စစ်ရေးပြဿနာတွေကြောင့် ART ဆေး သောက်သုံးနေရသူတွေ ဆေးဆက်မသောက်နိုင်ကြတော့သလို ဆေးရုံကြီးကလည်း ART ဆေးကို ၁၀ ရက်စာသာ ပေးနိုင်တော့တယ်လို့…
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့…