အရေးပေါ်
ပြည်တွင်းသတင်း

ဆွမ်းကပ်ဖို့သွားတဲ့ကား ဘရိတ်ပေါက်ပြီး လမ်းဘေးရပ်ထားတဲ့ ဘောက်ကားကို ဝင်တိုက်လို့ ၁၀ ဦး သေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရ

၂၀၂၆ အောက်တိုဘာ ၅ Myo Taw
ဆွမ်းကပ်ဖို့သွားတဲ့ကား ဘရိတ်ပေါက်ပြီး လမ်းဘေးရပ်ထားတဲ့ ဘောက်ကားကို ဝင်တိုက်လို့ ၁၀ ဦး သေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရ

ဆွမ်းကပ်ဖို့သွားတဲ့ကား ဘရိတ်ပေါက်ပြီး လမ်းဘေးရပ်ထားတဲ့ ဘောက်ကားကို ဝင်တိုက်လို့ ၁၀ ဦး သေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရ

အောက်တိုဘာ ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာနဲ့ ကုန်းကျေးရွာကြား၊ မုံရွာ-မန္တလေး ကားလမ်းမပေါ်မှာ လမ်းဘေးရပ်ထားတဲ့ ဘောက်ကား(ကွန်တိန်နာ)ယာဉ်ကို ခရီးသည်တင်လာတဲ့ Hijet ကားတစီးက အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ဝင်တိုက်ရာက ကားပေါ်လိုက်ပါသူတွေထဲက ၁၀ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၅ ရက် ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်က မြောင်မြို့နယ်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ Hijet ကားတစီးက မုံရွာ-မန္တလေး လမ်းဘေးမှာရပ်ထားတဲ့ ခြောက်ဘီးတပ် ဘောက်ကား(ကွန်တိန်နား )ယာဉ်ကို ဘရိတ်ပေါက်ကာ မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့တာဖြစ်ပြီး ကားနောက်ခန်းမှာ ပါလာသူတွေနဲ့ ယာဥ်မောင်းအပါအဝင် ၁၀ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

“အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၂ ယောက်သေတယ်။ ကျန်တဲ့ ၃ ယောက်က သတိမရသေးဘူး။ ရပ်ထားတဲ့ကားက ဘိလပ်မြေသယ်နေတာ။ တိုက်တဲ့ Hijet ကားက မန္တလေးကို ဆွမ်းသွားကပ်ဖို့ လာတာကနေ ကားဘရိတ်ပေါက်တာလို့ ပြောတယ်။ သေတဲ့အထဲ အသက်ကြီးပိုင်း ၅၀ ဝန်းကျင်တွေလည်း ပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လတ်တလောမှာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို စစ်ကိုင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဒဏ်ရာရတဲ့ ၃ ဦးကိုတော့ ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် စောင့်ကြည့်နေရဆဲလို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ မြန်မာတနိုင်ငံလုံး ယာဥ်တိုက်မှုပေါင်း ၁၆၈၆ ခု ဖြစ်ပွားခဲ့ပြီး လူ ၉၃၂ ဦး သေဆုံးခဲ့ကာ ၂၃၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
လားရှိုးမှာ မီးကြိုးဖြတ်တောက်ခိုးယူတဲ့ အသက်ကြီးပိုင်းအမျိုးသားတဦး ဖမ်းဆီးခံရ ပြည်တွင်းသတင်း

လားရှိုးမှာ မီးကြိုးဖြတ်တောက်ခိုးယူတဲ့ အသက်ကြီးပိုင်းအမျိုးသားတဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မီးကြိုးဖြတ်တောက်ခိုးယူသူ အသက်ကြီးပိုင်း အမျိုးသားတဦးကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးပြီး အာဏာသိမ်းအစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ရန်
မွန်ပြည်နယ်ထဲက တံတားတွေ ဖြတ်သန်းသွားလာခွင့် အချိန်တိုးမြှင့်လိုက်တယ်လို့ဆို ပြည်တွင်းသတင်း

မွန်ပြည်နယ်ထဲက တံတားတွေ ဖြတ်သန်းသွားလာခွင့် အချိန်တိုးမြှင့်လိုက်တယ်လို့ဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ထဲက သံလွင်တံတား ၂ စင်းနဲ့ အတ္တရံတံတားတွေမှာ ဖြတ်သန်းသွားလာခွင့်တွေကို ယခင်သတ်မှတ်အချိန်ထက် တိုးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

ဖတ်ရန်
စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံပြည်သူ ၁၂ ဦး ရဲ့ အရိုးစုတွေ တွေ့ရှိ ရုပ်သံ ပြည်တွင်းသတင်း

စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံပြည်သူ ၁၂ ဦး ရဲ့ အရိုးစုတွေ တွေ့ရှိ

စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံပြည်သူ ၁၂ ဦး ရဲ့ အရိုးစုတွေ တွေ့ရှိတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆…

ကြည့်ရန်