အရေးပေါ်
နိုင်ငံတကာသတင်း

ရုရှားမှာ ပလိပ်ရောဂါ သံသယဖြစ်ပွားမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦး သီးသန့်စောင့်ကြည့်ခံနေရ၊ ပူတင်အစိုးရက သတင်းဖုံးဖို့ ကြိုးစားနေ

၂၀၂၆ အောက်တိုဘာ ၅ Myo Taw
ရုရှားမှာ ပလိပ်ရောဂါ သံသယဖြစ်ပွားမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦး သီးသန့်စောင့်ကြည့်ခံနေရ၊ ပူတင်အစိုးရက သတင်းဖုံးဖို့ ကြိုးစားနေ

ရုရှားမှာ ပလိပ်ရောဂါ သံသယဖြစ်ပွားမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦး သီးသန့်စောင့်ကြည့်ခံနေရ၊ ပူတင်အစိုးရက သတင်းဖုံးဖို့ ကြိုးစားနေ

အောက်တိုဘာ ၄

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသမှာ သံသယဖြစ်ဖွယ် အကျိတ်ပလိပ်ရောဂါ (Bubonic Plague) ကူးစက်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦးကို အရေးပေါ် သီးသန့်ခွဲထားပြီး စောင့်ကြည့်နေရတယ်လို့ The Sun သတင်းဌာနက ဖော်ပြပါတယ်။

အဆိုပါအရေးပေါ်အခြေအနေနဲ့ ပတ်သက်ပြီး ပူတင်အစိုးရက သတင်းဖုံးဖိဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဒါရီယာဟာ ရုရှား-မွန်ဂိုးလီးယား နယ်စပ် သုတေသနခရီးစဉ်အတွင်း ဖျားနာခဲ့တာဖြစ်ပြီး သူမဟာ ဓာတ်ခွဲခန်းထဲမှာ ပလိပ်ရောဂါပိုး ပါဝင်တဲ့ စမ်းသပ်ပြွန်ကို မတော်တဆ ချိုးမိရာကနေ ကူးစက်ခံခဲ့ရတာလို့ ရုရှားမီဒီယာတချို့က ဖော်ပြနေကြပေမယ့် ဒီအချက်ကို ရုရှားအာဏာပိုင်တွေဘက်က တရားဝင် အတည်ပြုထားခြင်း မရှိသေးပါဘူး။

အမေရိကန်ရှိ ရုရှားဝါရင့် ကူးစက်ရောဂါ အထူးကုဆရာဝန်ကြီး မီခေးလ် ဖာဗိုရော့ဗ်ကတော့ ဓာတ်ခွဲခန်းအတွင်း စမ်းသပ်ပြွန်ချိုးမိရာကနေ ကူးစက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ဟာ ဖြစ်နိုင်ခြေအလွန်နည်းပါးတယ်လို့ ပြောဆိုထားပြီး ဒီအခြေအနေဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က ကိုဗစ် စတင်ဖြစ်ပွားချိန် အခြေအနေနဲ့ အတော်လေး ဆင်တူနေတယ်လို့ သတိပေးထားပါတယ်။

လက်ရှိမှာတော့ ဒါရီယာနဲ့ ထိတွေ့ခဲ့သူတွေ အပါအဝင် သံသယရှိသူ ၁၈၉ ဦးကို ရှီလဲခေါ့ဗ် မြို့နယ်ဆေးရုံ၊ အခြားဆေးရုံတခုနဲ့ သုတေသနဌာနတွေမှာ အသွားအလာ ကန့်သတ်ပြီး သီးသန့်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကြောင့် အီရ်ကွတ်စ်ခ်ဒေသခံတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေပြီး ဆေးဆိုင်တွေမှာ ပဋိဇီဝဆေးတွေ အလုအယက်ဝယ်ယူမှုတွေကြောင့် ဆေးဝါးပြတ်လပ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို၊ အီရ်ကွတ်စ်ခ်ဒေသအုပ်ချုပ်ရေးမှူး အီဂေါ ကော့ဘ်ဇက်ဗ်ကလည်း လူစုလူဝေးပွဲတွေကို ဖျက်သိမ်းထားတယ်လို့ ဆိုပါတယ်။

ပူတင်ရဲ့ ထိပ်တန်း ကူးစက်ရောဂါ အထူးကုဆရာဝန်ကြီး အန်နာ ပိုပိုဗာ ကိုယ်တိုင် မော်စကိုကနေ မိုင်ပေါင်း ၂,၆၀၀ ကျော်ဝေးတဲ့ ဆိုက်ဘေးရီးယားဒေသဆီ အပြေးအလွှား ရောက်ရှိလာပေမဲ့ ရုရှားအစိုးရဘက်ကတော့ ရောဂါအမျိုးအစားနဲ့ ဖြစ်စဉ်အသေးစိတ်တွေကို နှုတ်ဆိတ် ဖုံးကွယ်ထားဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် သေဆုံးသူ ဒါရီယာကို အစပိုင်းမှာ ကိုဗစ်ရောဂါလို့ မှားယွင်းသတ်မှတ်ကာ အသက်ရှူစက် တပ်ဆင်ကုသပေးခဲ့တာကြောင့် တခြားသူတွေဆီ ပလိပ်ရောဂါပိုး ကူးစက်ပျံ့နှံ့နိုင်ခြေရှိခဲ့သလို ရုရှားအာဏာပိုင်တွေအနေနဲ့ အမှန်တရားကို ချပြမှာမဟုတ်ဘဲ သတင်းအမှောင်ချဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်တယ်။

Ref & Photo: The Sun


မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး နိုင်ငံတကာသတင်း

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး

အိန္ဒိယနိုင်ငံမှာ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီတစ်ဦးရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တဦးဟာ ဆယ်လီရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဖတ်ရန်
ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း နိုင်ငံတကာသတင်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေ စားပွဲအဝိုင်းကြီးတခုမှာ အတူထိုင်နေတဲ့ မြင်ကွင်းဟာ ၂၁ ရာစု သံတမန်ရေးရာ သမိုင်းမှာ မှတ်တမ်းဝင်ကျန်ရစ်မယ့်…

ဖတ်ရန်
ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး ပြည်တွင်းသတင်း

ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းတပ်သားသစ်ကို အလုပ်ကြမ်းခိုင်းစေရာက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ နိုင်ငံတကာသတင်း

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ

မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံသို့ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်နှင့် ကျေးလက်ဒေသနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး…

ဖတ်ရန်