ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာက အသက် ၇၆ နှစ်အရွယ် အဖိုးအဖွား လင်မယား ၂ ဦး နေအိမ်မှာ အသတ်ခံရတဲ့အမှုက ကျုးလွန်သူ တရားခံကို ဖမ်းဆီးရမိပြီလို့ သိရပြီး ကျူးလွန်သူဟာ သားမက်ဖြစ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၈ နာရီခွဲခန့်က ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာ၊ ရပ်ကွက်(၇)က နေအိမ်တခုမှာ အသက် ၇၆ နှစ်အရွယ် ဦးမောင်တင်နဲ့ ဇနီးဖြစ်သူ ဒေါ်ယဥ်မေတို့ဟာ နေအိမ်မှာ ထိုးသွင်းရိုက်နှက်ဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။
"လင်မယားနှစ်ယောက်လုံးက အသက် ၇၆ နှစ်တွေပါ။ အဖိုးအလောင်းကို အိမ်နောက်ဖေးမှာ တွေ့တာ။ ခေါင်းမှာ ၃ လက်မလောက် အက်ကွဲကြောင်း ၁ ချက်၊ လည်ပင်းမှာ ဓားထိုးသွင်းရာ ၂ ချက်၊ မေးရိုးပြတ်ရှဒဏ်ရာ ၁ ချက်နဲ့ သေနေတယ်။ အဖွားကတော့ အိမ်ရှေ့အခန်းမှာ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်နဲ့ သေနေတာတွေ့တယ်။ သူတို့မြေး ၁၀ နှစ်အရွယ် ကလေးတယောက်ပဲ အသတ်မခံခဲ့ရတာ" လို့ ဒေသခံတဦးက ဖြစ်စဥ်ကို ပြောပါတယ်။
သေဆုံးသူ အဖိုးအဖွားလင်မယား ၂ ဦးကို သတ်ခဲ့သူဟာ ယခင်က သားမက်တော်စပ်ခဲ့ဖူးသူ ကိုအောင်အောင် ဆိုသူဖြစ်နိုင်တယ်လို့ သံသယနဲ့ ဩဂုတ်လ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်၊ မော်လမြိုင်-ကျိုက္ခမီ ကားလမ်း "နီလာရွှေစင်" ဆီဆိုင်အနီးမှာ ရဲက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
"ကြားတာတော့ အဲ့လူက အရက်သမား ဆေးသမား။ မိန်းမဖြစ်သူက သူ့ဒဏ်မခံနိုင်လို့ ကလေးကို မိဘတွေဆီ ထားခဲ့ပြီး သီလရှင်ဝတ်သွားတာ။ ယောကျာ်းက သူ့မိန်းမ သီလရှင်ဝတ်သွားတော့ သူမိန်းမရဲ့ ရွှေတွေ ယောက္ခမတွေဆီကို လာတောင်းတာ။ အဖိုးနဲ့ အဖွားက သူ့မြေးနောင်ရေးရှိသေးတယ် မပေးနိုင်ဘူးပြောလို့ စကားများပြီး သတ်ပစ်လိုက်တာ။ သေသွားတဲ့အဖွားရဲ့ နားကပ်တွေကိုပါ ချွတ်ယူသွားသေးတယ်။ အတွင်းပစ္စည်း ရွှေတွေကိုတော့ ဖွက်ထားလို့ ရမသွားခဲ့တာ" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
ပြစ်မှုကျူးလွန်သူ ကိုအောင်အောင် ဆိုသူကို စစ်ဆေးရာက သေဆုံးသူ အဖိုးအဖွားလင်မယားထံမှ ယူဆောင်သွားခဲ့တဲ့ အလေးချိန် ၂ ရွေး ၃ စိပ်ရှိ နားကပ်တရံကို သက်သေခံပစ္စည်းအဖြစ် ပြန်လည်ရရှိခဲ့ပြီး နယ်မြေခံရဲစခန်းက (ပ)၄၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…
ပြည်တွင်းသတင်း
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ