အရေးပေါ်
ပြည်တွင်းသတင်း

ပေါင်မြို့မှာ ရထားလမ်းကူးကို အတင်းဖြတ်မောင်းတဲ့ ကြက်တင်ကုန်ကား လမ်းပြင်ရထားနဲ့ တိုက်မိ

၂၀၂၆ နိုဝင်ဘာ ၁၉ Myo Taw
ပေါင်မြို့မှာ ရထားလမ်းကူးကို အတင်းဖြတ်မောင်းတဲ့ ကြက်တင်ကုန်ကား လမ်းပြင်ရထားနဲ့ တိုက်မိ

ပေါင်မြို့မှာ ရထားလမ်းကူးကို အတင်းဖြတ်မောင်းတဲ့ ကြက်တင်ကုန်ကား လမ်းပြင်ရထားနဲ့ တိုက်မိ

နိုဝင်ဘာလ ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့မှာ လမ်းပြင်ရထားနဲ့ ကြက်တင်ကားတို့ တိုက်မိပြီး ယာဥ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာ ပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်က ပေါင်မြို့၊ ကဒါရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရုံးအနီး ဘုရားလမ်းက ရထားလမ်းကူးနေရာမှာ ရထားလာနေချိန် အတင်းဖြတ်မောင်းတဲ့ ကြက်တင်ကုန်ကား ရထားတိုက်ခံခဲ့တာလို့ သိရပါတယ်။

“ကျောင်းဆင်းချိန်မို့လို့ ရထားလမ်းကူးမောင်းတံကို ဖွင့်ထားတာ၊ အဲ့ဂိတ်မှာက ရထားလမ်းအစောင့် မရှိဘူး။ အဲ့အချိန် ရထားလမ်းကို အတင်းဖြတ်တာမှာ ရထားလာတာနဲ့ တိုးတာ။ ကားက ရထားအောက် ရောက်သွားတယ်၊ လူတော့ မသေဘူး” လို ဒေသခံတဦးက ပြောပါတယ်။

ပေါင်ဘူတာဘက်ကနေ သဲဖြူကုန်းဘူတာဘက်ကို ခုတ်မောင်းလာတဲ့ ရထားလမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်တဲ့ရထားက ကြက်တွေတင်လာတဲ့ FUSO အမျိုးအစား ကုန်တင်ကားကို တိုက်မိခဲ့တာဖြစ်ပြီး ကြက်တင်ကားမောင်းတဲ့ ယာဥ်မောင်းဖြစ်သူ ဦးစိုးမိုးနိုင် ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဦးစိုးမိုးနိုင်ကို “ဘစိုး” လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပြီး ရထားလမ်းအဖွဲ့က ကားသမားကို တရားစွဲဆိုဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (6)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ Daily NEWS

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်