အရေးပေါ်
ပြည်တွင်းသတင်း

ရဲဘော်အချင်းချင်း စကားများပြီး သေနတ်လုကြရာက ကျည်ထွက်ကာ တိုက်နယ် ပကဖ တာဝန်ခံ အမျိုးသမီး အမရာမောင် ကျဆုံး

၂၀၂၆ ဇူလိုင် ၃၀ Myo Taw
ရဲဘော်အချင်းချင်း စကားများပြီး သေနတ်လုကြရာက ကျည်ထွက်ကာ တိုက်နယ် ပကဖ တာဝန်ခံ အမျိုးသမီး အမရာမောင် ကျဆုံး

ရဲဘော်အချင်းချင်း စကားများပြီး သေနတ်လုကြရာက ကျည်ထွက်ကာ တိုက်နယ် ပကဖ တာဝန်ခံ အမျိုးသမီး အမရာမောင် ကျဆုံး

ဇူလိုင် ၃၀

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ PDF ရဲဘော်အချင်းချင်း သေနတ် လုကြရာက သေနတ်ကျည်ထွက်ပြီး ပကဖ တာဝန်ခံ အမျိုးသမီး လက်မောင်းမှတဆင့် ခန္ဓာကိုယ်ထဲသို့ ကျည်ဖောက်ဝင်ကာ တိုက်နယ်ပကဖ တာဝန်ခံအမျိုးသမီးဖြစ်သူ အမရာမောင် ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့ ည ၁၀ နာရီခန့်က တောင်သာမြို့နယ် တနေရာမှာ ရုံးစည်ကြီး တိုက်နယ် ပကဖ လက်အောက်က PDF ရဲဘော်တွေဟာ စစ်ဆေးရေးဂိတ်တစ်ခုအနီးက ဇရပ်မှာ ထမင်းစားနေချိန် အချင်းချင်း စကားများရာက သေနတ်နဲ့ ထိုးချိန်ကြပြီးနောက် ကျန်တဦးက သေနတ်ကို ဆွဲလုရာက သေနတ်ကျည်ထွက်ပြီး နံဘေးမှာရှိတဲ့ တိုက်နယ် ပကဖ တာဝန်ခံ အမရာမောင်ကို ကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

"ရဲဘော်သိန်းဌက်နဲ့ ရဲဘော် ရဲထက် တို့ စကားကြတာ၊ သိန်းဌက်က ရဲထက်ကို သေနတ်ကျည်ထိုးပြီး ပစ်ခတ်ဖို့ ဟန်ပြင်တာ၊ အဲ့တာနဲ့ ရဲဘော် ရဲထက်က သေနတ်ကို လုတာ၊ နှစ်ယောက်သား သေနတ်လုကြရင်းနဲ့ ကျည်ထွက်သွားတာ၊ ကျည်က ထမင်းခူးကျွေးနေတဲ့ အမရာမောင်ရဲ့ ဘယ်ဘက်လက်မောင်းကို ဖောက်ဝင်ပြီး ကျည်က ခန္ဓာကိုယ်ထဲထိ တိုးဝင်သွားတာ၊ ဆေးခန်းပို့ကြပေမယ့် သွေးထွက်လွန်ပြီး ကျဆုံးသွားတာ" လို့ အဆိုပါဖြစ်စဉ်ကိုသိတဲ့ နယ်မြေခံတဦးက မြို့တော်ကို ပြောပါတယ်။

ကျည်ထိမှန်ခဲ့တာကြောင့် ရုံးစည်ကြီးတိုက်နယ် ပကဖ တာဝန်ခံ အမရာမောင်(ခ) စွန်ရဲမမှာ လက်ပြင်ဖောက်ဝင်ဒဏ်ရာနဲ့ ဆေးကုဖို့ခေါ်ဆောင်ရာလမ်းမှာပဲ ကျဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

သေနတ်နဲ့ ထိုးချိန်တဲ့ ရဲဘော် သိန်းဌက်နဲ့ စကားများ ရန်ဖြစ်သူ ရဲဘော် ရဲထက်တို့ကို တာဝန်ရှိသူတွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကနဦး သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ကလေးငယ်တွေကို စိတ်ငြိမ်ဆေးနဲ့ ဆန်အရက်တိုက်ကာ လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကာ Telegram မှာ ရောင်းစားခဲ့သူ ထောင်အနှစ် ၄၀ ချမှတ်ခံရ ပြည်တွင်းသတင်း

ကလေးငယ်တွေကို စိတ်ငြိမ်ဆေးနဲ့ ဆန်အရက်တိုက်ကာ လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကာ Telegram မှာ ရောင်းစားခဲ့သူ ထောင်အနှစ် ၄၀ ချမှတ်ခံရ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ကလေးငယ်တွေကို ဆေးတိုက်ပြီး လိင်တူဆက်ဆံခိုင်းကာ ဗွီဒီယိုရိုက်ကူးပြီး Telegram Channel မှာ ရောင်းစားခဲ့တဲ့ တရားခံကို ထောင်အနှစ် ၄၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဖတ်ရန်
ထိုင်းရောက် ရွှေ့ပြောင်း မြန်မာတွေကို ကူညီပေးတဲ့ ထိုင်းရဲ အွန်လိုင်းမှာ နာမည်ကြီးနေ နိုင်ငံတကာသတင်း

ထိုင်းရောက် ရွှေ့ပြောင်း မြန်မာတွေကို ကူညီပေးတဲ့ ထိုင်းရဲ အွန်လိုင်းမှာ နာမည်ကြီးနေ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လူမျိုးမခွဲခြားဘဲ ခင်ခင်မင်မင် ကူညီပေးလေ့ရှိတဲ့ ထိုင်းရဲအရာရှိ Manot Saensila ဟာ မြန်မာပြည်သူတွေကြားမှာ အတော်လေး ချီးမွမ်းခံနေရပါတယ်။

ဖတ်ရန်
အာကာသ မသွားခင် ရေနုတ်မြောင်း အရင်ရှင်းပါလို့ ရေဘေးသင့် ပြည်သူတွေ မင်းအောင်လှိုင်ကို ပြောဆို ပြည်တွင်းသတင်း

အာကာသ မသွားခင် ရေနုတ်မြောင်း အရင်ရှင်းပါလို့ ရေဘေးသင့် ပြည်သူတွေ မင်းအောင်လှိုင်ကို ပြောဆို

အာကာသထဲကို မြန်မာက ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ဖို့အထိ လုပ်ဆောင်နေတယ်လို့ အာဏသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောနေချိန် မိုးကြီးလို့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကတော့ ရေဘေးကိစ္စကို အရင်ရှင်းပေးသင့်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ဖတ်ရန်
အဆိုတော် ဆက်နိုင် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေ ပြည်တွင်းသတင်း

အဆိုတော် ဆက်နိုင် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အမှတ်(၂)၊ ဆုံကုန်း ရပ်ကွက်နေ အဘ ဦးတာတာထွန်း ရဲ့ သားဖြစ်သူ အဆိုတော် ဆက်နိုင် (ခ) ဆက်နိုင်ထွန်း ဟာ စစ်မှုထမ်းဖို့…

ဖတ်ရန်