အရေးပေါ်
ပြည်တွင်းသတင်း

“ဝ”ဥ ဝင်ရှာနေရင်း ပျားကြီးတုပ်ခံရလို့ အသက်ကြီးပိုင်း အမျိုးသားတဦး သေဆုံး

၂၀၂၆ အောက်တိုဘာ ၈ Myo Taw
“ဝ”ဥ ဝင်ရှာနေရင်း ပျားကြီးတုပ်ခံရလို့ အသက်ကြီးပိုင်း အမျိုးသားတဦး သေဆုံး

“ဝ”ဥ ဝင်ရှာနေရင်း ပျားကြီးတုပ်ခံရလို့ အသက်ကြီးပိုင်း အမျိုးသားတဦး သေဆုံး

အောက်တိုဘာ ၈

ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်မှာ ပျားကြီးတုပ်လို့ အမျိုးသားတဦး အဆိပ်တက်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်ခန့်က မန်းတုံမြို့နယ်၊ ပန်ခါးလေးကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၄ နှစ် အရွယ် ဦးခမ်းလွန် ဆိုသူဟာ ပန်ခါးလေးကျေးရွာကနေ ပန်ခါးကြီးကျေးရွာကိုသွားတဲ့ လမ်းဘေးတောစပ်မှာ “ဝ”ဥ ဝင်ရှာနေရင်း ပျားကြီးတုပ်ခံရပြီး နေရာမှာတင် သေဆုံးခဲ့တာလို့ သိရပါတယ်။

“မိုးအကုန် ဆောင်းအကူဆိုရင် ပျားကြီးတွေ၊ ပိတုန်းတွေ အသိုက်ပြောင်းကြတယ်။ အဲကာလ အရမ်းဂရုစိုက်ရတာ၊ နှစ်တိုင်း ပျားတုပ်လို့ သေတဲ့သူများတယ်။ အကိုက်ခံရတဲ့သူက အောက်ဆီဂျင်ပြတ်ပြီး သွေးပေါင်ကျတာ။ အချိန်မှီ ဆေးရုံပို့နိုင်မှ ဒါတောင် အသက်အန္တရာယ်က စိုးရိမ်ရတယ်” လို့ ပန်ခါးလေးကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

အောက်တိုဘာ ၆ ရက်နေ့မှာ ပျားကြီးတုပ်ခံရလို့ သေဆုံးနေတဲ့ ရုပ်အလောင်းကို မိုင်းညီဆန်း ဆိုသူက စတင်တွေ့ရှိခဲ့တာလို့ သိရပြီး နီးစပ်ရာဒေသခံတွေရဲ့ အကူအညီ နဲ့ သင်္ဂြိုဟ်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်အုပ်စု၊ မန်စုံကျေးရွာမှာ လက်ဖက်ခူးနေတဲ့ အမျိုးသမီး ၂ ဦး ပျားပိတုန်း တုပ်ခံရလို့ ၂ ဦးစလုံး တရက်ခြားစီ သေဆုံးခဲ့ပါသေးတယ်။

တအောင်းတပ် TNLA က တောတောင်တွေထဲ “ဝ”ဥ နဲ့ သစ်တောထွက်ပစ္စည်း ရှာဖွေသူတွေအနေနဲ့ ပျားအုံတွေနဲ့ တခြားအင်းဆက်ပိုးမွှာတွေ ရှိနိုင်တဲ့နေရာတွေကို သတိထားရှောင်ရှား သွားလာဖို့ သတိပေးထားထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

မင်းအောင်လှိုင်ကို ကော်ဇောနီနဲ့ ကြိုတာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို ရုပ်သံ Latest NEWS

မင်းအောင်လှိုင်ကို ကော်ဇောနီနဲ့ ကြိုတာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို

မင်းအောင်လှိုင်ကို မလေးရှား ဝန်ကြီးချုပ်က ကော်ဇောနီခင်း ကြိုဆိုလိုက်တာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားလွှတ်တော်အမတ်ဟောင်း ပြောဆို အောက်တိုဘာ ၈ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်…

ကြည့်ရန်
မင်္ဂလာဒုံမှာ လူငယ်တဦးကို စစ်မှုထမ်းဖို့ နေအိမ်ထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုက ပြန်ရွေးထုတ်ခွင့်မရ ပြည်တွင်းသတင်း

မင်္ဂလာဒုံမှာ လူငယ်တဦးကို စစ်မှုထမ်းဖို့ နေအိမ်ထိ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုက ပြန်ရွေးထုတ်ခွင့်မရ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ထဲမှာ စစ်မှုထမ်းအတွက် လူငယ်တဦးကို နေအိမ်ထိ လာရောက်ဖမ်းဆီးသွားပြီး မိသားစုဝင်တွေက ပြန်ရွေးထုတ်ဖို့ ကြိုးစားပေမဲ့ ပြန်ရွေးခွင့်မရတော့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ Rangoon Scout…

ဖတ်ရန်
နေပူထဲ ဆိုင်ကယ်စီးနေရင်း ဆယ်ကျော်သက်အရွယ် အမျိုးသမီးတဦး ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် သေဆုံး ပြည်တွင်းသတင်း

နေပူထဲ ဆိုင်ကယ်စီးနေရင်း ဆယ်ကျော်သက်အရွယ် အမျိုးသမီးတဦး ဦးနှောက်သွေးကြောပြတ်ကာ ရုတ်တရက် သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့မှာ နေပူထဲ ဆိုင်ကယ်နဲ့ သွားနေချိန် သတိမေ့လဲကျရာက ဆယ်ကျော်သက်အရွယ် အမျိုးသမီးတဦး ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
လှေနဲ့ ငါးရှာနေချိန် အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်က ဖမ်းဆီးရိုက်နှက်ပြီး ရေထဲပစ်ချခဲ့လို့ ဒေသခံငါးရှာသူ ၂ ဦး ပျောက်ဆုံးနေ ပြည်တွင်းသတင်း

လှေနဲ့ ငါးရှာနေချိန် အာဏာသိမ်းစစ်တပ်ရဲ့ ရေတပ်က ဖမ်းဆီးရိုက်နှက်ပြီး ရေထဲပစ်ချခဲ့လို့ ဒေသခံငါးရှာသူ ၂ ဦး ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ လှေနဲ့ ငါးဖမ်းထွက်တဲ့ ဒေသခံ ၃ ဦးကို အဏာသိမ်းစစ်တပ်ရဲ့ ရေတပ်က ဖမ်းဆီးရိုက်နှက်ပြီး ရေထဲပစ်ချခဲ့လို့ ဒေသခံ ၂ ဦး…

ဖတ်ရန်