ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ RLG နံပါတ်ပြားအဝါတပ်ထာတဲ့ Nissan မော်တော်ယာဉ်တစီး တံတားနံရံကို ဝင်တိုက်မိရာက ၄ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်က နေပြည်တော်ကနေ မန္တလေးကို မောင်းလာတဲ့ RLG နံပါတ်ပြားအဝါတပ်ဆင်ထားတဲ့ ကားတစီးဟာ မိုင်တိုင် ၂၆၇/၅ နဲ့ ၂၆၇/၆ အကြားမှာရှိတဲ့ ရခိုင်တပ်တံတားအနီးက လမ်းလယ်ကျွန်းကွန်ကရစ်တိုင်တွေကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
"ကျနော်တို့ဖြတ်လာတော့ ကားအနောက်က အမျိုးသမီး ၂ ယောက်က အပြင်ကိုလွင့်ထွက်သွားပြီး တခါထဲ နေရာမှာပဲ အသက်ဆုံးသွားတာ၊ ကားရှေ့မှာ ဒရိုက်ဘာလားမသိဘူး၊ တယောက်ညပ်နေတာတွေ့တယ်" လို့ ဖြစ်စဥ်ဖြစ်ပွားချိန် အနီးရှိသူတဦးထံက သိရပါတယ်။
Nissan ယာဥ်ပေါ်မှာ လိုက်ပါလာသူ ၇ ဦးထဲက ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၄ ဦးဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့ပြီး ကျန်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…
ပြည်တွင်းသတင်း
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ