ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၃၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ RLG နံပါတ်ပြားအဝါတပ်ထာတဲ့ Nissan မော်တော်ယာဉ်တစီး တံတားနံရံကို ဝင်တိုက်မိရာက ၄ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်က နေပြည်တော်ကနေ မန္တလေးကို မောင်းလာတဲ့ RLG နံပါတ်ပြားအဝါတပ်ဆင်ထားတဲ့ ကားတစီးဟာ မိုင်တိုင် ၂၆၇/၅ နဲ့ ၂၆၇/၆ အကြားမှာရှိတဲ့ ရခိုင်တပ်တံတားအနီးက လမ်းလယ်ကျွန်းကွန်ကရစ်တိုင်တွေကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
"ကျနော်တို့ဖြတ်လာတော့ ကားအနောက်က အမျိုးသမီး ၂ ယောက်က အပြင်ကိုလွင့်ထွက်သွားပြီး တခါထဲ နေရာမှာပဲ အသက်ဆုံးသွားတာ၊ ကားရှေ့မှာ ဒရိုက်ဘာလားမသိဘူး၊ တယောက်ညပ်နေတာတွေ့တယ်" လို့ ဖြစ်စဥ်ဖြစ်ပွားချိန် အနီးရှိသူတဦးထံက သိရပါတယ်။
Nissan ယာဥ်ပေါ်မှာ လိုက်ပါလာသူ ၇ ဦးထဲက ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၄ ဦးဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့ပြီး ကျန်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု…
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ