အရေးပေါ်
ပြည်တွင်းသတင်း

အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို ခိုးယူပေါင်းသင်းခဲ့တဲ့ လူငယ်အမျိုးသားကို ဖခင်ဖြစ်သူက ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်

၂၀၂၆ စက်တင်ဘာ ၃၀ Myo Taw
အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို ခိုးယူပေါင်းသင်းခဲ့တဲ့ လူငယ်အမျိုးသားကို ဖခင်ဖြစ်သူက ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်

အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို ခိုးယူပေါင်းသင်းခဲ့တဲ့ လူငယ်အမျိုးသားကို ဖခင်ဖြစ်သူက ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်

စက်တင်ဘာ ၃၀

တာချီလိတ်မြို့မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးကို အသက် ၁၆ နှစ်အရွယ် အမျိုးသားတဦးက နေအိမ်ကနေခေါ်ဆောင်ပြီး ၄ ရက်ကြာခန့် ပေါင်းသင်းနေထိုင်ခဲ့တာကြောင့် မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူက ရဲစခန်းမှာ တိုင်ကြားခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်ထံက သိရပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးဟာ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ပြီး မိသားစုက လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ရှိဘူးလို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းကျမှ တိုင်ကြားခံရသူ မောင်အောင်ထက်သာ အသက် ၁၆ နှစ်က ဆိုင်ကယ်နဲ့ မိန်းကလေးကို ၎င်းရဲ့ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

“ကောင်လေးက လာခေါ်တော့ လိုက်သွားပြီး သမီးရည်းစားအတူ နေကြတာ။ ကောင်မလေးရဲ့ မိသားစုက တိုင်မယ်တော့မယ် အသံကြားတော့ ပြန့်ပိုတာ။ ပြန်ပို့ပေမယ့် ကောင်လေးက ကျပန်းလုပ်တဲ့သူ ဖြစ်နေပြီးတော့ အသက်မပြည့်သေးတဲ့ သူ့သမီးကို ခုလိုလုပ်တာမလို့ အဖေတယောက်အနေနဲ့ သည်းမခံနိုင်ပဲ ရဲတိုင်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

မိန်းကလေးကို မိသားစုကမေးမြန်းရာ မောင်အောင်ထက်သာ အသက် ၁၆ နှစ်နဲ့အတူ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်ရှိ ဆောက်လုပ်ဆဲ အဆောက်အဦအနီးနဲ့ ဆေးခမ်းရပ်ကွက်က အိမ်ခန်းတခုမှာ ရက်အနည်းငယ်စီ အတူတကွ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မိန်းကလေးရဲ့ ဖခင်ဖြစ်သူက စက်တင်ဘာ ၃၀ ရက် ဒီကနေ့မှာ အသက်မပြည့်သေးသူကို သွေးဆောင်ခေါ်ယူပြီး အတူနေထိုင်ခဲ့မှုနဲ့ မောင်အောင်ထက်သာကို တာချီလိတ်မြို့ ဟောင်လိတ်နယ်မြေရဲစခန်းမှာ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ တိုင်းကြားခံရသူ တာချီလိတ်မြို့၊ ပါလျှံ(၂)၊ ရန်အောင်မြေရပ်ကွက်နေသူ မောင်အောင်ထက်သာ အသက် ၁၆ နှစ်ကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားပြီး ရဲစခန်းမှာ ထိန်းသိမ်းထားကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး ပြည်တွင်းသတင်း

တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ဘို့ကြီးကျေးရွာကို စစ်ကြောင်းထိုးကာ တပ်ဆွဲထားတဲ့ အာဏာသိမ်းစစ်တပ်က ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
မန္တလေးတိုင်းမှာ ၂ ရက်အတွင်း ယာဉ်တိုက်မှုတွေ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရကာ ၁ ဦး စိုးရိမ်ရ ပြည်တွင်းသတင်း

မန္တလေးတိုင်းမှာ ၂ ရက်အတွင်း ယာဉ်တိုက်မှုတွေ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရကာ ၁ ဦး စိုးရိမ်ရ

မန္တလေးတိုင်းထဲက ပုသိမ်ကြီး၊ ဝမ်းတွင်းနဲ့ ရမည်းသင်းမြို့နယ်တွေမှာ စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေအတွင်း ယာဉ်မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး…

ဖတ်ရန်
မိုးမိတ်မြို့အထွက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းကုန်းလည်း အသိမ်းခံထားရ ပြည်တွင်းသတင်း

မိုးမိတ်မြို့အထွက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းကုန်းလည်း အသိမ်းခံထားရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဖတ်ရန်
မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးနောက် နိုင်ငံတဝန်း မိုးရွာသွန်းမှု သိသိသာသာ လျော့ကျသွားမယ်လို့ဆို ပြည်တွင်းသတင်း

မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးနောက် နိုင်ငံတဝန်း မိုးရွာသွန်းမှု သိသိသာသာ လျော့ကျသွားမယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ စက်တင်ဘာလ ၃၀ ရက် ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းမှ ရွေ့လျားလာတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်သို့ ဆက်လက်တိုးဝင်ခဲ့ပြီး…

ဖတ်ရန်