ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ကျုံပျော်မြို့နယ်ထဲက ရေဘေးသင့်ကျေးရွာ ငှက်ပျောသီးနဲ့ ဆန်ကွဲတွေသာ စားနေရပြီး အလှုရှင်တွေ အရေးပေါ်လိုအပ်နေ
စက်တင်ဘာ ၇
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်ထဲက ရေဘေးသင့်ကျေးရွာတွေမှာ အလှူရှင်နဲ့ အကူအညီတွေ ရောက်ရှိမှု နည်းပါးတာကြောင့် ရေဘေးသင့် ဒေသခံတွေဟာ ငှက်ပျောသီးနဲ့ ဆန်ကွဲ အပါအဝင် ကြုံသလို စားသောက်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်နေ့က ငဝန်မြစ်တာ ကျိုးပေါက်ပြီးနောက် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းက ကျေးရွာ ၃၀ ဝန်းကျင်ဟာ ရေကြီးနစ်မြုပ်မှုဒဏ်ကို တလနီးပါး ခံစားနေကြရတာကြောင့် အခြေခံစားသောက်ကုန်နဲ့ သောက်သုံးရေတွေအတွက် အလှူရှင်တွေရဲ့ အကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
"စားသောက်ကုန်တွေ လိုတာ၊ ဆန်တောင် မရှိတော့ဘူး။ ကြုံသလို ငှက်ပျောသီးတွေ ခူးစားရ၊ သခွားသီး ခူးစားရနဲ့ နေနေကြရတာ။ တချို့က ဆန်ကို ဆန်ကွဲတွေနဲ့ ရောစား ချက်စားနေကြရတယ်။ တနေ့ကို ထမင်းတနပ်တောင် မစားရတဲ့သူတွေ အများကြီးပဲ။ ဖြစ်နိုင်ရင် အလှုရှင်တွေ လာစေချင်တယ်။ သောက်သုံးရေလည်း မိုးရေခံသောက်နေရတယ်။ မြစ်ရေက မစီးပဲ အိုင်နေပြီး ရေတွေက သောက်လို့မရ ဖြစ်နေတာ" လို့ ရေဘေးသင့်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။
ရေဘေးသင့်ပြီး စားသောက်ကုန်တွေ ရှားပါးတာကြောင့် ကျုံးပျော်မြို့နယ်က ကံစုကျေးရွာ၊ ထော်တိကျေးရွာ၊ ရေတိမ်ကျေးရွာ၊ ကွမ်းဘောဇရပ်ဆိပ်ရွာ၊ မအူချောင်းကျေးရွာ၊ အုန်းပင်စု၊ ရွှေကြိုကုန်း၊ အင်းရဲကြီးရွာ၊ သဘော့ရိုးရွာ၊ ညောင်ကုန်းရွာ၊ သုံးအိမ်တန်းရွာ၊ ပက်ပက်အင်းရွာ၊ ဆင်ကူးရွာနဲ့ ဆားကျက်ကုန်းရွာ အပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင်က ဒေသခံတွေ သောင်းနဲ့ချီ ရေဘေးသင့်ကာ ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…
ပြည်တွင်းသတင်း
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ