အရေးပေါ်
ပြည်တွင်းသတင်း

Online မှာ အလှကုန်ပစ္စည်းတွေရောင်းချပြီး NUG, PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ ပြည်သူ ၄ ဦးကို ဖမ်းဆီးအမှုဖွင့်

၂၀၂၆ အောက်တိုဘာ ၁ Myo Taw
Online မှာ အလှကုန်ပစ္စည်းတွေရောင်းချပြီး NUG, PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ ပြည်သူ ၄ ဦးကို ဖမ်းဆီးအမှုဖွင့်

Online မှာ အလှကုန်ပစ္စည်းတွေရောင်းချပြီး NUG, PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ ပြည်သူ ၄ ဦးကို ဖမ်းဆီးအမှုဖွင့်

အောက်တိုဘာ ၁

လူမှုကွန်ရက်မှတစ်ဆင့် တရားမဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ဝင်ငွေရှာဖွေကာ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ NUG ၊ PDF တွေကို အားပေးကူညီ ထောက်ပံ့ပေးတယ်လို့ စွပ်စွဲချက်နဲ့ ပြည်သူ ၄ ဦးကို အာဏာသိမ်း အစိုးရက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လူမှုကွန်ရက်မှတစ်ဆင့် တော်လှန်ရေးအင်အားစုတွေကို အားပေးထောက်ခံတဲ့ Post တွေ ရေးသားခဲ့ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သင်းသင်းနွယ် ဟာ လူမှုကွန်ရက်အသုံးပြုပြီး ရွှေနဒီ & Inca Pure အမှတ်တံဆိပ် အလှကုန်ပစ္စည်းတွေနှင့် Shwe Nadi Jewelry အမှတ်တံဆိပ် ကျောက်မျက်ရတနာတွေ ရောင်းချခြင်းမှာ သူမနှင့်အကျိုးတူ ပူးပေါင်းလုပ်ကိုင်တဲ့ ပြည်တွင်းမှ ပြည်သူ ၄ ဦးကို ဖမ်းဆီးအမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

လင်းမင်းအောင်၊ နေလင်းဦးနှင့် ဆိုဖီသင်းတို့ဟာ ရွှေနဒီ & Inca Pure အလှကုန်နှင့် ကျောက်မျက်ရတနာ ရောင်းချခြင်းလုပ်ငန်းကို သင်းသင်းနွယ်နှင့် အကျိုးတူ ပူးပေါင်းပြီး လူမှုကွန်ရက်မှတစ်ဆင့် လုပ်ကိုင်ခဲ့ပြီး အိအိသူဟာ အဆိုပါ ကျောက်မျက်ရတနာ ရောင်းချခြင်းလုပ်ငန်းမှာ သူမရဲ့နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ Mobile Payments အကောင့်တွေနဲ့ အခကြေးငွေရယူပြီး ငွေလွှဲလက်ခံ ရယူတာနှင့် အခြားအကောင့်တွေဆီသို့ ပြန်လည်လွှဲပြောင်းပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာ လင်းမင်းအောင် ကို ပြည်မြို့ရှိ သူရဲ့နေအိမ်မှာလည်းကောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ နေလင်းဦးနှင့် သင်းသင်းနွယ်ရဲ့ ညီမဖြစ်သူ ဆိုဖီသင်းတို့ (၂) ဦးကို သင်္ဃန်းကျွန်းမြို့နယ်ရှိ သူတို့ရဲ့နေအိမ်မှာ လည်းကောင်း၊ ငွေကြေးလွှဲပြောင်းရာမှာ ကူညီဆောင်ရွက်ပေးတဲ့ အိအိသူကို ဒေါပုံမြို့နယ်ရှိ သူမရဲ့နေအိမ်မှာလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ၄ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး ပြည်တွင်းသတင်း

တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ဘို့ကြီးကျေးရွာကို စစ်ကြောင်းထိုးကာ တပ်ဆွဲထားတဲ့ အာဏာသိမ်းစစ်တပ်က ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
မန္တလေးတိုင်းမှာ ၂ ရက်အတွင်း ယာဉ်တိုက်မှုတွေ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရကာ ၁ ဦး စိုးရိမ်ရ ပြည်တွင်းသတင်း

မန္တလေးတိုင်းမှာ ၂ ရက်အတွင်း ယာဉ်တိုက်မှုတွေ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရကာ ၁ ဦး စိုးရိမ်ရ

မန္တလေးတိုင်းထဲက ပုသိမ်ကြီး၊ ဝမ်းတွင်းနဲ့ ရမည်းသင်းမြို့နယ်တွေမှာ စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေအတွင်း ယာဉ်မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး…

ဖတ်ရန်
မိုးမိတ်မြို့အထွက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းကုန်းလည်း အသိမ်းခံထားရ ပြည်တွင်းသတင်း

မိုးမိတ်မြို့အထွက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းကုန်းလည်း အသိမ်းခံထားရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဖတ်ရန်