ရုပ်သံ
Daily NEWS
အောက်တိုဘာ ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး
အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်က ကမ်းသာယာရေကန်မှာ ရေဆင်းဆော့ကစားကြတဲ့ ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက မြို့တော်ကို ပြောပါတယ်။
အောက်တိုဘာ ၂၈ ရက်၊ မနေ့က ညနေ ၃ နာရီဝန်းကျင်က ဂွမြို့နယ်၊ ကမ်းသာယာကျေးရွာအနီး ကမ်းသာယာရေကန်မှာ ဒေသခံလူငယ် ၃ ဦးနဲ့ ဧရာဝတီတိုင်းဘက်က စစ်ဘေးလာရှောင်တဲ့ လူငယ် ၁ ဦး ရေဆင်းဆော့ကြရာက ရေနစ်ခဲ့တာလို့ ဆိုပါတယ်။
“ဇနီးမောင်နှံ ၂ ယောက်ရယ်၊ စစ်ရှောင်တယောက်ရယ်၊ ကလေးမလေးတယောက်ရယ် အတူရေဆင်းချိုးရင်း ရေနစ်တာ။ မိန်းကလေး ၂ ယောက်၊ ယောက်ျားလေး ၂ ယောက်။ နစ်နစ်ချင်း ဆယ်ကြတော့ ရုပ်အလောင်းတွေ အကုန်ပြန်ရပါတယ်၊ ခုနတင် သင်္ဂြိုဟ်ပြီးပါပြီ” လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ရေနစ်သေဆုံးသူတွေဟာ ကမ်းသာယာကျေးရွာက အသက် ၂၄ နှစ်အရွယ် ကိုထွန်းလင်းအောင်၊ အသက် ၂၀ နှစ်အရွယ် မသက်နှင်းဝေ၊ အသက် ၁၇ နှစ်အရွယ် မမေပိုးအိမ်နဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ကနေ ဂွမြို့နယ်ဘက်ကို စစ်ဘေးလာရှောင်နေတဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဇွဲနေသွေးတို့ ဖြစ်ကြခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေကို ဒီကနေ့ မနက်ပိုင်းမှာပဲ ကျေးရွာသုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်ကနေ တောင်ကုတ်မြို့နယ်ကို စစ်ဘေးလာရှောင်တဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်အေးအေးမြင့်ဆိုသူဟာ ကျေးရွာရေကန်တခုမှာ ရေနစ်ပြီး သေဆုံးခဲ့ပါသေးတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…
ပြည်တွင်းသတင်း
အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပြင်ဦးလွင်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ 'နယူးမန္တလာထွန်း' ခရီးသည်တင်ယာဉ်ဟာ ၁၉ မိုင်အရောက် မီးသတ်ကွေ့အနီးမှာ ဘရိတ်ပေါက်ပြီးနောက်…
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာ၊ ဖရဲသီးဆိုင်တန်းရှေ့က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ်မှာ ခရီးသည်တင် Express နဲ့ ဆိုင်ကယ်တို့တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။