အရေးပေါ်
ပြည်တွင်းသတင်း

စက်သုံးဆီပြတ်လပ်မှုကြောင့် ပဲခူးတိုင်းရှိ တောင်သူတွေ မိုးစပါးရိတ်သိမ်းရေးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး အခက်ကြုံနေ

၂၀၂၆ နိုဝင်ဘာ ၈ Myo Taw
စက်သုံးဆီပြတ်လပ်မှုကြောင့် ပဲခူးတိုင်းရှိ တောင်သူတွေ မိုးစပါးရိတ်သိမ်းရေးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး အခက်ကြုံနေ

စက်သုံးဆီပြတ်လပ်မှုကြောင့် ပဲခူးတိုင်းရှိ တောင်သူတွေ မိုးစပါးရိတ်သိမ်းရေးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး အခက်ကြုံနေ

နိုဝင်ဘာ ၈

ပဲခူးတိုင်းအတွင်းရှိ လယ်ယာလုပ်ကိုင်သူတွေအနေနဲ့ မိုးစပါးရိတ်သိမ်းချိန်မှာ စက်သုံးဆီပြတ်လပ်မှုအပြင် ဈေးနှုန်းအဆမတန် မြင့်တက်မှုတွေကြောင့် ရိတ်သိမ်းရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်နေသလို ဆောင်းသီးနှံစိုက်ပျိုးရန် ပြင်ဆင်မှုတွေလည်း ရပ်တန့်နေရတယ်လို့ ဒေသခံတောင်သူတွေထံမှ သိရပါတယ်။

လက်ရှိမှာ စက်သုံးဆီအရောင်းဆိုင်အချို့ ရောင်းချဖို့ ဆီမရှိတော့ကြောင့် အရောင်းပိတ်ထားကြပြီး ပြင်ပဈေးကွက်မှာလည်း လိုအပ်တဲ့ ပမာဏအတိုင်း ဝယ်ယူလို့ မရဘဲ ဈေးနှုန်းအဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

“အခု ဆီဆိုင်တွေမှာလည်း ဆီမရှိဘူးဆိုပြီး ပိတ်ထားကြတယ်။ အပြင်မှာ ဝယ်မယ်ဆိုရင်လည်း တလီတာကို ၁၀,၀၀၀ နီးပါးလောက် ပေးရတယ်။ ဈေးကြီးပေးဝယ်ချင်ရင်တောင် လိုသလောက် ဝယ်လို့မရဘူး။ တလီတာရဖို့တောင် မလွယ်တဲ့အခြေအနေဖြစ်နေတယ်” လို့ ပဲခူးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် မိုးစပါးရိတ်သိမ်းပြီးနောက် ဆက်လက်စိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့ ဆောင်းသီးနှံတွေအတွက် မြေပြုပြင်တာ၊ ထွန်ယက်တာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း စက်သုံးဆီ မရရှိတာကြောင့် ဆက်လက်လုပ်ကိုင်နိုင်တဲ့ အခြေအနေမရှိဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

လူလုပ်အားနဲ့ ရိတ်သိမ်းမယ်ဆိုပါက အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာတဲ့ ပြည်တွင်းစစ်နဲ့ စစ်မှုထမ်းဥပဒေကြောင့် အလုပ်လုပ်နိုင်တဲ့ လူငယ်တွေ ပြည်ပထွက်ခွာမှု များလာတဲ့အတွက် လုပ်သားရှားပါးတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

စက်သုံးဆီပြတ်လပ်မှုကြောင့် လယ်ယာလုပ်ငန်းသုံး စက်ယန္တရားများ လည်ပတ်ဖို့ အခက်အခဲဖြစ်နေပြီး မိုးစပါးရိတ်သိမ်းရေးလုပ်ငန်းတွေ နောက်ကျနိုင်တဲ့အပြင် ဆောင်းသီးနှံစိုက်ပျိုးချိန်ကိုပါ ထိခိုက်လာမှာကိုလည်း တောင်သူတွေ စိုးရိမ်နေကြပါတယ်။

“မိုးစပါးရိတ်ရမယ့်အချိန်မှာ ဆီက မရတော့ အလုပ်တွေက ရှေ့ဆက်လို့မရဘူး။ လုပ်ငန်းခွင်မှာ အဓိကက ဒီဇယ်လေ၊ ရိတ်သိမ်းစက်တွေကလည်း ဆီမရှိရင် လည်ပတ်လို့မရဘူး။ ဆီရတဲ့နေရာကနေ ဝယ်မယ်ဆိုရင်လည်း ဈေးက အရမ်းကြီးနေတော့ တောင်သူတွေအတွက် မနိုင်တော့ဘူး” လို့ ပဲခူးတိုင်းအရှေ့ခြမ်းအတွင်း လယ်ယာလုပ်ကိုင်သူတဦးက ပြောပါတယ်။

လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေလည်း ဈေးကြီးလာသလို ဓာတ်မြေဩဇာ ဈေးတွေပါ ကြီးမြင့်လာခဲ့တယ်လို့ အဆိုပါလယ်ယာလုပ်ကိုင်သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လယ်ဧက ၁၆ သန်းနီးပါး၊ ယာဧက ၁၀ သန်းနီးပါး အပါအဝင် စိုက်ပျိုးမြေဧကပေါင်း ၃၁ သန်းရှိပြီး အဲဒီအထဲမှာ မိုးစပါး စိုက်ပျိုးတာက ၁၅ သန်း၊ နွေစပါး စိုက်ပျိုးတာက ၃ သန်း ရှိတယ်လို့ အာဏာသိမ်းအစိုးရက ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ပုသိမ်ကြီးမြို့နယ်မှာ 'ငါပျူစောထီးကွ' ဆိုပြီး သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်သွားလို့ တူဝရီး ၃ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

ပုသိမ်ကြီးမြို့နယ်မှာ 'ငါပျူစောထီးကွ' ဆိုပြီး သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်သွားလို့ တူဝရီး ၃ ဦးစလုံး သေဆုံး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ (မြောက်ပိုင်း) ကားလမ်းဘေးက 'ထာဝရ' ဖုန်းဆိုင်ကို အမျိုးသားတဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်ပစ်ခတ် ဓားပြတိုက်ရာက ၃ ဦး…

ဖတ်ရန်
ဖုန်းအားလာသွင်းတဲ့ KIA တပ်သားက အိမ်ရှင်ကို ဖုန်းခိုးတယ်လို့ စွပ်စွဲပြီး တုတ်နဲ့ရိုက်လို့ ဒဏ်ရာပြင်းထန်ရကာ ဆေးရုံတင်ထားရ ပြည်တွင်းသတင်း

ဖုန်းအားလာသွင်းတဲ့ KIA တပ်သားက အိမ်ရှင်ကို ဖုန်းခိုးတယ်လို့ စွပ်စွဲပြီး တုတ်နဲ့ရိုက်လို့ ဒဏ်ရာပြင်းထန်ရကာ ဆေးရုံတင်ထားရ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အနောက်မြောက်ဘက်က မန်နိမ်းရွာမှာ ဖုန်းခိုးတယ်လို့ စွပ်စွဲချက်နဲ့ KIA နဲ့ MNDAA က တပ်သား ၂…

ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်မှာ မသန်စွမ်းအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ရေပိုက်လုံးထဲမှာ ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့ ပြည်တွင်းသတင်း

ဗိုလ်တထောင်မြို့နယ်မှာ မသန်စွမ်းအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ရေပိုက်လုံးထဲမှာ ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၁ ရပ်ကွက်၊ လင်းဇဒေါင်းအနီးက ရေပိုက်လုံးထဲမှာ အိမ်ရာမဲ့ မသန်စွမ်း အမျိုးသားတဦး ပုပ်ပွသေဆုံးနေခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
အသက် ၈ နှစ်အရွယ် ကျောင်းသူလေး အသတ်ခံရမှု တရားမျှတမှုရရှိဖို့နဲ့ တရားခံ ဖမ်းဆီးရမိဖို့ ဒေသခံတွေ တောင်းဆို ပြည်တွင်းသတင်း

အသက် ၈ နှစ်အရွယ် ကျောင်းသူလေး အသတ်ခံရမှု တရားမျှတမှုရရှိဖို့နဲ့ တရားခံ ဖမ်းဆီးရမိဖို့ ဒေသခံတွေ တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကျောင်းသူ ကလေးငယ်တဦး စာသင်ကျောင်းကနေ ပြန်လာစဉ် ပျောက်ဆုံးသွားခဲ့ပြီး နောက်ရက်မှာ သေဆုံးလျက် တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ရန်