အရေးပေါ်
ပြည်တွင်းသတင်း

ပုသိမ်ကြီးမြို့နယ်မှာ 'ငါပျူစောထီးကွ' ဆိုပြီး သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်သွားလို့ တူဝရီး ၃ ဦးစလုံး သေဆုံး

၂၀၂၆ နိုဝင်ဘာ ၈ Myo Taw
ပုသိမ်ကြီးမြို့နယ်မှာ 'ငါပျူစောထီးကွ' ဆိုပြီး သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်သွားလို့ တူဝရီး ၃ ဦးစလုံး သေဆုံး

ပုသိမ်ကြီးမြို့နယ်မှာ 'ငါပျူစောထီးကွ' ဆိုပြီး သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်သွားလို့ တူဝရီး ၃ ဦးစလုံး သေဆုံး

နိုဝင်ဘာ ၈

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ (မြောက်ပိုင်း) ကားလမ်းဘေးက 'ထာဝရ' ဖုန်းဆိုင်ကို အမျိုးသားတဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်ပစ်ခတ် ဓားပြတိုက်ရာက ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီခန့်မှာ ရန်ကင်းတောင်ကျေးရွာ (မြောက်ပိုင်း) ကားလမ်းဘေးက 'ထာဝရ' ဖုန်းဆိုင်ကို ဆိုင်ကယ်တစီးနဲ့ အမျိုးသားတဦးရောက်လာပြီး 'ငါပျူစောထီးကွ' လို့ဆိုကာ ခြိမ်းခြောက်ငွေတောင်းခဲ့ရာက ဆိုင်ရှင်ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

“ဆိုင်ရှင်အမျိုးသမီး မဖြူစင်ကို ငါပျူစောထီးကွ ဆိုပြီး သေနတ်ပြ ငွေတောင်းတာ။ မဖြူစင်က ကြောက်ပြီး အထဲဝင်တော့ ဆိုင်ရှင်အမျိုးသား ကိုအောင်မျိုးသန့်က ခင်ဗျားက ဘယ်အဖွဲ့ကလဲ ဘာလဲမေးတာမှာ ဟိုလူက ဆိုင်ရှင် ကိုအောင်မျိုးသန့်ရဲ့ ခေါင်းကို သေနတ်နဲ့ ပစ်သတ်လိုက်တာ။ သေနတ်နဲ့ ပစ်ပြီးတော့ သူ့မှာပါလာတဲ့ ဆိုင်ကယ်နဲ့ အတင်းထွက်ပြေးသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဆိုင်ရှင် ကိုအောင်မျိုးသန့် ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ပြီးနောက် ဦးလေးဖြစ်သူ ကိုမောင်နဲ့ ဦးပေလုံးတို့က ကားနဲ့ လိုက်ဖမ်းကြရာက တရားခံဖြစ်သူရဲ့ ဆိုင်ကယ်ကို ကားနဲ့ တိုက်မိခဲ့ပြီး ဆိုင်ကယ်လဲသွားချိန် ကားရှေ့မှန်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး အသင့်ပါလာတဲ့ လက်ပစ်ဗုံးနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“သေနတ်နဲ့ကော လက်ပစ်ဗုံးနဲ့ပါ ပစ်ပြီး ပြေးတာ။ ကားထဲမှာ ၃ ယောက်ပါတာ၊ အရှေ့က ဦးလေး ၂ ယောက် ကျည်ထိသွားတယ်။ နောက်ခန်းက လူကို လက်ပစ်ဗုံးနဲ့ ပစ်တာ ဗုံးမပေါက်လို့ နောက်ခန်းက လူမသေဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီနောက် သေနတ်သမားဟာ လိန်ပင်ကျေးရွာ၊ ရွာလယ်လမ်းအနီးက မထက်ယုအောင်ရဲ့ နေအိမ်ကို ဝင်ရောက်ပြီး သေနတ်နဲ့ ချိန်ရွယ်ကာ မထက်ယုအောင် ပိုင်ဆိုင်တဲ့ ၄၅ယ/၇၇၂၄၉ DAYAN အမျိုးအစား ဆိုင်ကယ်ကို လုယက်ခဲ့ပြီး ရွာလယ်လမ်းကနေ ရေကြည်ကျေးရွာဘက်ကို မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဓားပြတိုက်ကျူးလွန်သူရဲ့ ပစ်ခတ်ခြင်းကြောင့် ဆိုင်ရှင် ကိုအောင်မျိုးသန့်နဲ့အတူ ဦးလေးတွေဖြစ်တဲ့ ကိုမောင်နဲ့ ဦးပေလုံးတို့ ၃ ဦးစလုံး သေဆုံးခဲ့ရတယ်လို့ သိရပြီး နိုဝင်ဘာလ ၆ ရက်နေ့ နေ့လယ် ၂ နာရီမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ဖုန်းအားလာသွင်းတဲ့ KIA တပ်သားက အိမ်ရှင်ကို ဖုန်းခိုးတယ်လို့ စွပ်စွဲပြီး တုတ်နဲ့ရိုက်လို့ ဒဏ်ရာပြင်းထန်ရကာ ဆေးရုံတင်ထားရ ပြည်တွင်းသတင်း

ဖုန်းအားလာသွင်းတဲ့ KIA တပ်သားက အိမ်ရှင်ကို ဖုန်းခိုးတယ်လို့ စွပ်စွဲပြီး တုတ်နဲ့ရိုက်လို့ ဒဏ်ရာပြင်းထန်ရကာ ဆေးရုံတင်ထားရ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အနောက်မြောက်ဘက်က မန်နိမ်းရွာမှာ ဖုန်းခိုးတယ်လို့ စွပ်စွဲချက်နဲ့ KIA နဲ့ MNDAA က တပ်သား ၂…

ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်မှာ မသန်စွမ်းအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ရေပိုက်လုံးထဲမှာ ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့ ပြည်တွင်းသတင်း

ဗိုလ်တထောင်မြို့နယ်မှာ မသန်စွမ်းအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ရေပိုက်လုံးထဲမှာ ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၁ ရပ်ကွက်၊ လင်းဇဒေါင်းအနီးက ရေပိုက်လုံးထဲမှာ အိမ်ရာမဲ့ မသန်စွမ်း အမျိုးသားတဦး ပုပ်ပွသေဆုံးနေခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
အသက် ၈ နှစ်အရွယ် ကျောင်းသူလေး အသတ်ခံရမှု တရားမျှတမှုရရှိဖို့နဲ့ တရားခံ ဖမ်းဆီးရမိဖို့ ဒေသခံတွေ တောင်းဆို ပြည်တွင်းသတင်း

အသက် ၈ နှစ်အရွယ် ကျောင်းသူလေး အသတ်ခံရမှု တရားမျှတမှုရရှိဖို့နဲ့ တရားခံ ဖမ်းဆီးရမိဖို့ ဒေသခံတွေ တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကျောင်းသူ ကလေးငယ်တဦး စာသင်ကျောင်းကနေ ပြန်လာစဉ် ပျောက်ဆုံးသွားခဲ့ပြီး နောက်ရက်မှာ သေဆုံးလျက် တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ရန်
စက်သုံးဆီပြတ်လပ်မှုကြောင့် ပဲခူးတိုင်းရှိ တောင်သူတွေ မိုးစပါးရိတ်သိမ်းရေးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး အခက်ကြုံနေ ပြည်တွင်းသတင်း

စက်သုံးဆီပြတ်လပ်မှုကြောင့် ပဲခူးတိုင်းရှိ တောင်သူတွေ မိုးစပါးရိတ်သိမ်းရေးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး အခက်ကြုံနေ

ပဲခူးတိုင်းအတွင်းရှိ လယ်ယာလုပ်ကိုင်သူတွေအနေနဲ့ မိုးစပါးရိတ်သိမ်းချိန်မှာ စက်သုံးဆီပြတ်လပ်မှုအပြင် ဈေးနှုန်းအဆမတန် မြင့်တက်မှုတွေကြောင့် ရိတ်သိမ်းရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်နေသလို ဆောင်းသီးနှံစိုက်ပျိုးရန် ပြင်ဆင်မှုတွေလည်း ရပ်တန့်နေရတယ်လို့ ဒေသခံတောင်သူတွေထံမှ သိရပါတယ်။

ဖတ်ရန်