အရေးပေါ်
နိုင်ငံတကာသတင်း

ဘဏ်စာရင်းတွေ အပိတ်ခံရပြီးနောက် ဆန္ဒပြအုံကြွမှုတွေ ပြင်းထန်လာတာကြောင့် ပါရာဂွေးသမ္မတ ကို ရာထူးကနေ ဖယ်ရှား

၂၀၂၆ နိုဝင်ဘာ ၈ Myo Taw
ဘဏ်စာရင်းတွေ အပိတ်ခံရပြီးနောက် ဆန္ဒပြအုံကြွမှုတွေ ပြင်းထန်လာတာကြောင့် ပါရာဂွေးသမ္မတ ကို ရာထူးကနေ ဖယ်ရှား

ဘဏ်စာရင်းတွေ အပိတ်ခံရပြီးနောက် ဆန္ဒပြအုံကြွမှုတွေ ပြင်းထန်လာတာကြောင့် ပါရာဂွေးသမ္မတ ကို ရာထူးကနေ ဖယ်ရှား

နိုဝင်ဘာ ၈

ပါရာဂွေးနိုင်ငံမှာ ဘဏ်ပြိုလဲမှုကြောင့် ဘဏ်ငွေစာရင်းတွေ ရုတ်တရက် အပိတ်ခံလိုက်ရတဲ့အတွက် ပြည်သူတွေ အုံကြွဆန္ဒပြခဲ့ကြပြီးနောက် ပါရာဂွေးသမ္မတ ဆန်တီယာဂို ပီညာကို လွှတ်တော်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

အစိုးရနဲ့ ဆက်နွှယ်နေတဲ့ Ueno ဘဏ် ပြိုလဲမှုကြောင့် နိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ပြည်သူ ၆ သန်းနီးပါးဟာ ဘဏ်စာရင်းထဲက စုဆောင်းငွေတွေ ထုတ်ယူခွင့်မရတော့ အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ။

နိုဝင်ဘာ ၅ ရက်ကစတင်ကာ ဆန္ဒပြမှုတွေ နိုင်ငံတဝန်း ပျံ့နှံ့လာခဲ့ပြီး စုဆောင်းငွေတွေ ပြန်လည်ထုတ်ယူခွင့်ပေးဖို့နဲ့ သမ္မတကိုလည်း ထောင်ချဖို့ ကြွေးကြော်တောင်းဆိုခဲ့တာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲခဲ့ရပါတယ်။

အကျပ်အတည်းကြောင့် ယာဉ်မောင်း ၃,၀၀၀ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး အများပြည်သူဆိုင်ရာ လုပ်ငန်းတွေအတွက် အမေရိကန်-တိုက်ကြီးများ ဖွံ့ဖြိုးရေးဘဏ် (Inter-American Development Bank) နဲ့ ထိုင်ဝမ် (Taiwan) တို့ကနေ ချေးယူထားတဲ့ ဒေါ်လာ ၂၁ သန်းဟာလည်း ဘဏ်ထဲမှာ ပိတ်မိနေတယ်လို့ နိုင်ငံပိုင်လျှပ်စစ်စွမ်းအင်ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေမှာ သမ္မတ ဆန်တီယာဂို ပီညာ က ရာထူးကနေ နုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ လွှတ်တော်က ရာထူးကနေ ဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပြီး သမ္မတရဲ့ပါတီက အထက်လွှတ်တော်အမတ်တွေပါ ရာထူးကနေ ဖယ်ရှားရေးကို ထောက်ခံခဲ့ကြပါတယ်။

လက်ရှိမှာ သမ္မတ ပီညာဟာ ပင်စင်ရန်ပုံငွေ အလွဲသုံးစားလုပ်မှု၊ အကျိုးစီးပွားပဋိပက္ခနဲ့ ဘဏ်အရှုပ်တော်ပုံကို ဖုံးကွယ်ဖို့ ကြိုးပမ်းမှုတွေနဲ့ စွပ်စွဲခံထားရပြီး နေအိမ်အကျယ်ချုပ် ချထားခံရကာ အပြင်းထန်ဆုံးစွဲချက်တွေအတွက် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ဖွယ် ရှိနေပါတယ်။

သမ္မတ ပီညာ ဘက်က စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပေမယ့် အထက်လွှတ်တော် ဥက္ကဋ္ဌ ဘာဆီလီယို နူးညက်စ် ကတော့ သမ္မတဟာ တာဝန်ပျက်ကွက်မှုနဲ့ အပြစ်ရှိကြောင်း ကြေညာခဲ့ပါတယ်။

ဆီနိတ်အမတ် ရာဖေးလ် ဖီလီဇိုလာ ကလည်း “ဒါဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီသမိုင်းမှာ အကြီးမားဆုံး အဂတိလိုက်စားမှုဖြစ်ပြီး နိုင်ငံရဲ့ ပုံရိပ်၊ နိုင်ငံသားတွေနဲ့ နိုင်ငံတော်အပေါ် အကြီးအကျယ် ထိုးနှက်လိုက်တာပါပဲ” လို့ မှတ်ချက်ပြု ပြောဆိုထားပါတယ်။

ပါရာဂွေးနိုင်ငံရဲ့ ဒီမိုကရေစီသမိုင်းမှာ သမ္မတတဦးကို စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ဖယ်ရှားတာဟာ အခုအကြိမ်က ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ သမ္မတရာထူးအတွက် ဒုတိယသမ္မတ ပက်ဒရို အယ်လီယာနာ က နိုဝင်ဘာ ၆ ရက်နေ့မှာပဲ သမ္မတအသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ၂၀၂၈ ခုနှစ် ဩဂုတ်လအထိ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

Ref & Photo: The Sun

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုကြောင့် မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲပြန်စဖို့ ထရမ့် ကြိုးပမ်းလာနိုင် နိုင်ငံတကာသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုကြောင့် မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲပြန်စဖို့ ထရမ့် ကြိုးပမ်းလာနိုင်

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ ထိုးနှက်ချက်ခံခဲ့ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ လက်ကျန်သမ္မတသက်တမ်း ၂ နှစ်အတွင်း နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုရဖို့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်စဖို့ ကြိုးပမ်းလာနိုင်တယ်လို့…

ဖတ်ရန်
ရာထူးကနေ ဖယ်ရှားခံရဖို့ ဖိအားများလာပေမဲ့ အီရန်စစ်ပွဲကို ဆက်လက်ကာကွယ်သွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော နိုင်ငံတကာသတင်း

ရာထူးကနေ ဖယ်ရှားခံရဖို့ ဖိအားများလာပေမဲ့ အီရန်စစ်ပွဲကို ဆက်လက်ကာကွယ်သွားမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော

အီရန်စစ်ပွဲကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတ် ဟက်ဂ်ဆက်သ်ကို ရာထူးကနေ ဖယ်ရှားဖို့ ဖိအားတွေ မြင့်တက်လာပေမဲ့ ဟက်ဂ်ဆက်သ်က သူ့အနေနဲ့ နောက်ဆုတ်မှာမဟုတ်ဘဲ…

ဖတ်ရန်
ဝက်မွေးမြူရေးခြံက မစင်ကျင်းထဲ ပြုတ်ကျသူကို ကယ်ဖို့ကြိုးစားရင်း ဦးလေးနဲ့ တူဖြစ်သူ အပါအဝင် ၃ ဦးစလုံး သေဆုံး နိုင်ငံတကာသတင်း

ဝက်မွေးမြူရေးခြံက မစင်ကျင်းထဲ ပြုတ်ကျသူကို ကယ်ဖို့ကြိုးစားရင်း ဦးလေးနဲ့ တူဖြစ်သူ အပါအဝင် ၃ ဦးစလုံး သေဆုံး

စပိန်နိုင်ငံက ဝက်မွေးမြူရေးခြံတခုရဲ့ တိရစ္ဆာန်မစင်စွန့်ပစ်တဲ့ ကျင်းထဲ လူတဦး ပြုတ်ကျခဲ့ရာကနေ ကယ်ဆယ်ဖို့ ကြိုးစားခဲ့သူ ၃ ဦး အဆိပ်ငွေ့ရှူမိပြီး အသက်ရှူကျပ်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ထရမ့်ရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ တရုတ်အတွက် ရေတိုအကျိုးအမြတ် ဖြစ်လာနိုင်ပေမယ့် ရေရှည်မှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေ နိုင်ငံတကာသတင်း

ထရမ့်ရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ တရုတ်အတွက် ရေတိုအကျိုးအမြတ် ဖြစ်လာနိုင်ပေမယ့် ရေရှည်မှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေ

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီ အရေးနိမ့်သွားခဲ့တာဟာ တရုတ်နိုင်ငံအတွက် ရေတိုအကျိုးအမြတ်တွေ ရလာနိုင်ပေမယ့်၊ ရေရှည်မှာတော့ ခန့်မှန်းရခက်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ လေ့လာသူတွေက…

ဖတ်ရန်